■ ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲ (တောင်အမေရိကဇုန်) ပွဲကြိုသုံးသပ်ချက်

■ ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲ (တောင်အမေရိကဇုန်) ပွဲကြိုသုံးသပ်ချက်
Photo: Getty Images
Photo: Getty Images
Published 15 November 2024

ဥရုဂွေး - ကိုလံဘီယာ (မြန်မာစံတော်ချိန် နိုဝင်ဘာလ ၁၆ ရက် နံနက် ၆:၃၀ နာရီ)

အာဂျင်တီးနားနာမည်ကျော်နည်းပြ ဘီယဲလ်ဆာ ကိုင်တွယ်နေတဲ့ ဥရုဂွေးအသင်းက ရလဒ်ပိုင်းတွေ ထိုးကျသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်လအတွင်း ကစားခဲ့တဲ့ ခြေစစ်ပွဲ(၄)ပွဲစလုံးမှာ သွင်းဂိုးလုံးဝမရှိတော့တဲ့အထိ အခြေအနေဆိုးသွားခဲ့ရတာပါ။  ဆွာရက်ဇ် အနားယူသွားပြီးနောက် အောက်တိုဘာလပွဲတွေမှာ နူးနက်ဇ် ပြန်ကစားခဲ့ပေမဲ့ လိုအပ်နေတဲ့ဂိုးတွေကိုတော့ မရှာဖွေနိုင်ခဲ့ဘူး။ ကိုလံဘီယာအသင်းကလည်း အဝေးကွင်းဆိုရင် အားနည်းချက်တွေ ရှိတတ်တဲ့အသင်းပါ။ သရေရလဒ်နဲ့ပဲ အဆုံးသတ်ဖို့ များပါတယ်။

 

ပီရူး - ချီလီ (မြန်မာစံတော်ချိန် နိုဝင်ဘာလ ၁၆ ရက် နံနက် ၈:၀၀ နာရီ)

အမှတ်ပေးဇယားအောက်ဆုံး(၂)သင်း ထိပ်တိုက်တွေ့ဆုံမှုက တစ်မျိုးစိတ်ဝင်စားစရာကောင်းနေတယ်။ ချီလီအသင်းအနေနဲ့ နောက်ဆုံး(၄)ပွဲဆက်တိုက် အရေးနိမ့်ခဲ့ပေမဲ့ ဇယားထိပ်ဆုံး(၄)သင်းထဲက (၃)သင်းနဲ့ ကစားခဲ့ရတာကို ထည့်တွက်ရမယ်။ ပီရူး အသင်းကလည်း ချီလီနဲ့နှိုင်းယှဉ်ရင် သိပ်မထူးခြားနား အနေအထားပါပဲ။ ဒါပေမဲ့ အိမ်ကွင်းနောက်ဆုံး(၂)ပွဲမှာ ကိုလံဘီယာကို သရေ၊ ဥရုဂွေးကို အနိုင်ကစားခဲ့တာက ပီရူးအနေနဲ့ အိမ်ကွင်းစွမ်းဆောင်ရည်တက်လာတယ်လို့ ပြောနိုင်တယ်။ ပီရူး အနိမ့်ဆုံးသရေကစားမယ်။

Most Read

Most Recent