UEFA Nations League ပွဲကြိုသုံးသပ်ချက်

UEFA Nations League ပွဲကြိုသုံးသပ်ချက်
Photo: AFP
Photo: AFP
Published 14 October 2024

ဘယ်လ်ဂျီယံ နှင့် ပြင်သစ် (မြန်မာစံတော်ချိန် အင်္ဂါနံနက် ၁း၁၅ နာရီ)

ပြင်သစ်နဲ့ ဂျာမနီတို့က အုပ်စုပွဲစဉ်မှာ ရင်ဆိုင်တွေ့ခဲ့ဖူးပြီး ပြင်သစ်က ဘယ်လ်ဂျီယံကို ၂ ဂိုးပြတ်နိုင်ထားတယ်။ ပြင်သစ်အတွက် ဂိုးတွေကို ကိုလိုမူအာနီ၊ အော့စမန်ဒမ်ဘီလီတို့ သွင်းခဲ့ကြတယ်။ ဒီပွဲမှာ ကစားခဲ့တုန်းက ဘယ်လ်ဂျီယံအ သင်းရဲ့ တိုက်စစ်မှာ လူကာကူ မပါဝင်ခဲ့တာကလွဲရင် ဒီဘရိုင်းနား၊ တီလေမန်းစ်၊ အိုနာနာ၊ လူကီဘာကီယို၊ အိုပန်ဒါ၊ ဒိုကူတို့ လိုကစားသမားတွေ ကစားခဲ့တဲ့ကြားက ပြင်သစ်အသင်းကို ရှုံးနိမ့်ခဲ့ခြင်းဖြစ်တယ်။ ဒေးရွှမ့်စ်ရဲ့ ပြင်သစ်အသင်းက ကီလီယန်အမ်ဘာပေမပါဝင်နိုင်ခဲ့ပဲ  အနိုင်ရခဲ့ခြင်းဖြစ်တယ်။ ဒီပွဲကလည်း ပြင်သစ်မြေမှာ ကစားရမှာဖြစ်လို့ ပြင်သစ်အခြေအနေကောင်းနေတယ်လို့ ပြောနိုင်တယ်။ ဒါပေမဲ့ ပြင်သစ်အသင်းရဲ့အဓိက ပြဿနာက ကွင်းလယ်ဖန်တီးနိုင်စွမ်းကျဆင်းနေတာဖြစ်ပြီး ဘယ်လ်ဂျီယံကို ပိုကြိုက်နေတယ်။ 

အီတလီ နှင့် အစ္စရေး (မြန်မာစံတော်ချိန် အင်္ဂါနံနက် ၁း၁၅ နာရီ)

အီတလီအသင်းက ယူရို-၂၀၂၄ မှာ အခြေအနေမကောင်းခဲ့ဘဲ စပိန်ကို ဘယ်လိုမှ ယှဉ်မကစားနိုင်ခဲ့ဘူး။ ဒါပေမဲ့ ယူရိုအပြီးမှာတော့ အီတလီကို တိုးတက်မှုတွေ မြင်လာရတယ်။ ပြင်သစ်အသင်းကို ကစားခဲ့တဲ့ ခြေစွမ်းအတိုင်းဆိုရင် အီတလီက အများကြီး မျှော်လင့်လို့ရတဲ့အသင်းလည်းဖြစ်တယ်။ အစ္စရေးကတော့ အီတလီ၊ ပြင်သစ်၊ ဘယ်လ်ဂျီယံတို့ ပါဝင်တဲ့အုပ်စုမှာ အိမ်ဖြည့်အသင်းပါ။ အီတလီပဲ နိုင်မယ်။ 

ဘော့စနီးယား နှင့် ဟန်ဂေရီ (မြန်မာစံတော်ချိန် အင်္ဂါနံနက် ၁း၁၅ နာရီ)

ဘော့စနီးယားအသင်းနဲ့ ဟန်ဂေရီအသင်းတို့က ဒီအုပ်စုမှာ အုပ်စုနောက်ဆုံးအသင်းအဖြစ် တန်းမဆင်းသွားရအောင် အပြိုင်ကြိုးစားရမယ့် အသင်းတွေဖြစ်တယ်။ ဟန်ဂေရီမြေမှာ ကစားခဲ့တဲ့ပွဲတုန်းက အကြိတ်အနယ်ရှိခဲ့ပေမယ့် ဂိုးမရှိသရေရလဒ်နဲ့ပြီးဆုံးခဲ့တယ်။ အခုလည်း ဘော့စနီးယားကွင်းမှာ ကစားရမှာဆိုပေမယ့် သရေပဲ ဖြစ်သွားလိမ့်မယ်။ 

ဂျာမနီ နှင့် နယ်သာလန် (မြန်မာစံတော်ချိန် အင်္ဂါနံနက် ၁း၁၅ နာရီ)

ဂျာမနီနဲ့ နယ်သာလန်တို့က Group A ရဲ့ အုပ်စုပွဲစဉ် ၄ အဖြစ် ယှဉ်ပြိုင်ကစားသွားကြမယ်။ ပွဲစဉ် ၂ တုန်းက နယ်သာလန်ကွင်းမှာ ကစားခဲ့တုန်းက ၂-၂ ဂိုးနဲ့ သရေကျခဲ့တယ်။ နယ်သာလန်အသင်းက ဦးဆောင်ဂိုး ၂ ကြိမ်ရခဲ့ပေမယ့် နှစ်ကြိမ်စလုံးမှာ ဂျာမနီက ချေပဂိုးတွေ ပြန်သွင်းယူနိုင်ခဲ့တယ်။ ဒီပွဲမတိုင်ခင်က ပွဲတွေမှာ ဂျာမနီအသင်းက နယ်သာလန်ကို အသာစီးက တောက်လျှောက်ကစားခဲ့ပြီးမှ နယ်သာလန်က အခုအုပ်စုပွဲမှာ သရေရလဒ်ကို စတင်ယူနိုင်ခဲ့တာဖြစ်တယ်။ လက်ရှိအချိန်မှာ နယ်သာလန်ရော၊ ဂျာမနီပါ အုပ်စု ပွဲစဉ် ၃ ပွဲကစားပြီးကြပြီဖြစ်ပြီး ၂ ပွဲပြီးဆုံးချိန်အထိကတော့ အမှတ်တူအနေအထားမှာ ရှိနေတယ်။ နှစ်သင်းစလုံးမှာ ကြယ်ပွင့်ကစားသမားတွေ ပါဝင်နေကြပြီး အရည်အသွေးမြင့် ကစားပုံတွေကိုလည်း ပိုင်ဆိုင်ထားကြတယ်။ ဂျာမနီမြေမှာ ကစားမှာဖြစ်လို့ ဂျာမနီအသာစီးယူနိုင်တယ်။ 

ဂျော်ဂျီယာ နှင့် အယ်လ်ဘေးနီးယား (မြန်မာစံတော်ချိန် တနင်္လာည ၁ဝး၃၀ နာရီ)

နှစ်သင်းစလုံးက ပြီးခဲ့တဲ့ ယူရိုပြိုင်ပွဲမှာ ပရိသတ်တွေကို ဖျော်ဖြေမှုပေးနိုင်တဲ့အသင်းတွေဖြစ်ခဲ့တယ်။ နှစ်သင်းစလုံးက အားလည်းကောင်းကြတယ်။ အိမ်ကွင်းမှာတော့ ဂျော်ဂျီယာအသင်းကို ပိုကြိုက်တယ်။ 

ယူကရိန်း နှင့် ချက် (မြန်မာစံတော်ချိန် အင်္ဂါနံနက် ၁း၁၅ နာရီ)

ယူကရိန်းနဲ့ ချက်က ခြေအဆင့်အတန်းသိပ်မကွာကြဘူး။ မာကျောတဲ့အသင်းတွေလည်းဖြစ်တယ်။ နှစ်သင်းစလုံး ခြေနည်းနည်းတော့ ကျနေတယ်။ ချက်က ပိုကျသွားတယ်လို့ ပြောလို့ရတယ်။ ယူကရိန်းရဲ့ တစ်ဦးချင်းအရည်အသွေးကြောင့် ယူကရိန်းကို ပိုကြိုက်တယ်။ 

အိုက်စလန် နှင့် တူရကီ (မြန်မာစံတော်ချိန် အင်္ဂါနံနက် ၁း၁၅ နာရီ)

တူရကီအသင်းက လက်ရှိအချိန်မှာ ဥရောပရဲ့အားအကောင်းဆုံးအသင်းတွေထဲက တစ်သင်းအခြေအနေမှာ ရှိနေတယ်။ အိုက်စလန်အတွက် တူရကီက ယှဉ်ကစားနိုင်တဲ့အဆင့် မဟုတ်ပါဘူး။ အဝေးကွင်းဆိုပေမယ့် တူရကီအသင်းပဲ နိုင်ပွဲ ယူနိုင်လိမ့်မယ်။ 

ဝေးလ်စ် နှင့် မွန်တီနီဂရိုး (မြန်မာစံတော်ချိန် အင်္ဂါနံနက် ၁း၁၅ နာရီ)

ဝေးလ်စ်နဲ့ မွန်တီနီဂရိုးကလည်း ဝေးလ်စ် သာတယ်ဆိုပေမယ့် အများကြီး မကွာဘူး။ ဝေးလ်စ်က နည်းနည်းလေး ပြန်ကျသွားတယ်။ ကြယ်ပွင့် ပါဝင်မှုလည်း ကျသွားတယ်။ သရေကျသွားနိုင်တဲ့ပွဲပါ။ 

Most Read

Most Recent