အီဘရာဟီမိုဗစ်လား၊ ရော်နယ်လ်ဒင်ဟိုလား ... ဂျိုရှုအာဇက်ဇီ

အီဘရာဟီမိုဗစ်လား၊ ရော်နယ်လ်ဒင်ဟိုလား ... ဂျိုရှုအာဇက်ဇီ
Photo : X
Photo : X
Published 15 July 2024
AK

ဇက်ဇီက တမူထူးခြားပါတယ်။ သူ့အရပ်က ၆ ပေ ၄ လက်မဖြစ်လို့ Tagaet ပုံစံထင်ရတယ်။ တကယ်ဆိုရင် သူက Playmaker လိုလည်းကစားနိုင်တယ်။ အမြန်နှုန်းတင်ပြီးလမ်းကြောင်းတွေအတိုင်း လှုပ်ရှားနိုင်တယ်။ သူ့ကို မန်ယူနိုက်တက်အပါအဝင် ထိပ်တန်းအသင်းတွေစိတ်ဝင်စားနေပါတယ်။ သူ့ဆီမှာရှိနေတဲ့ ကိုယ်ရည်ကိုယ်သွေးဟာ ထိပ်တန်းအသင်းတွေရဲ့ဆာလောင်မှု ဖြစ်နေတာပါ။ အသက် ၂၃ နှစ်အရွယ်၊ ဇက်ဇီက ဘိုလော့ဂ်နာနဲ့အတူ လင်းပလာပါတယ်။ ဘိုလော့ဂ်နာက နှစ်ပေါင်း ၆၀အတွင်း ချန်ပီယံလိဂ်ဝင်ခွင့်ရတယ်။ အဲဒီအောင်ပွဲမှာ ဇက်ဇီက မရှိမဖြစ် အသက်သွေးကြောပါ။ ယူရို ၂၀၂၄ မှာ ရော်နယ်လ်ကိုးမန်းက ဇက်ဇီကို နောက်ကျချစ်ခြင်းနဲ့ ကြင်နာခဲ့ပါတယ်။ အသက် ၂၃ နှစ်အရွယ်လူငယ်လေးအတွက် ယူရို ၂၀၂၄ ဟာ စွန့်စားခန်းပဲ။

 

Most Read

Most Recent