နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၆ ပါ ပြဋ္ဌာန်းချက်များနှင့် ညီညွတ်ခြင်းမရှိသဖြင့်ပြည်ထောင်စုတိုးတက်ဖွံ့ဖြိုးရေးပါတီ၏ ပါတီမှတ်ပုံတင်ခွင့်လျှောက်ထားချက်ကို UEC ငြင်းပယ်

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၆ ပါ ပြဋ္ဌာန်းချက်များနှင့် ညီညွတ်ခြင်းမရှိသဖြင့်ပြည်ထောင်စုတိုးတက်ဖွံ့ဖြိုးရေးပါတီ၏ ပါတီမှတ်ပုံတင်ခွင့်လျှောက်ထားချက်ကို UEC ငြင်းပယ်
Published 22 May 2024

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပ ဒေ ပုဒ်မ ၆ ပါ ပြဋ္ဌာန်းချက်များနှင့် ညီညွတ် ခြင်းမရှိသဖြင့် ပြည်ထောင်စုတိုးတက်ဖွံ့ဖြိုးရေးပါတီ၏ ပါတီမှတ်ပုံတင်ခွင့်လျှောက်ထား ချက်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ငြင်းပယ်လိုက်ကြောင်း မေ ၂၁ ရက်တွင် ထုတ်ပြန်သည်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပ ဒေ ပုဒ်မ ၅ အရ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံ တင်ပေးပါရန် ပြည်ထောင်စုတိုးတက်ဖွံ့ဖြိုးရေးပါတီ၏ လျှောက်ထားချက်အပေါ် သက် ဆိုင်ရာဝန်ကြီးဌာန၏ စိစစ်ပြန်ကြားချက် များအရ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၆ ပါ ပြဋ္ဌာန်းချက်များနှင့် ညီညွတ် ခြင်းမရှိသည်ကို တွေ့ရှိရကြောင်း ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင် (UEC) ၏ ထုတ် ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုသို့တွေ့ရှိရသဖြင့် ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင် စုံညီအစည်းအဝေး အ မှတ်စဉ် (၂/၂၀၂၄) ဆုံးဖြတ်ချက်အရ ပြည် ထောင်စုတိုးတက်ဖွံ့ဖြိုးရေးပါတီ၏ ပါတီ မှတ်ပုံတင်ခွင့်လျှောက်ထားချက်ကို နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်းနည်းဥပဒေပါ ပုံစံ (ဆ) ဖြင့် ငြင်းပယ်လိုက်ကြောင်းနှင့် ပါတီဆက် လက်တည်ထောင်မှတ်ပုံတင်ခွင့် လျှောက် ထားသည့် ကျန်အဖွဲ့များကိုလည်း စိစစ်ဆောင် ရွက်လျက်ရှိကြောင်း ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင် (UEC) က ထုတ်ပြန်ခဲ့သည်။

ထို့ပြင် လက်ရှိတွင် နိုင်ငံရေးပါတီတည် ထောင်လိုသူများအနေဖြင့် ၎င်းင်းတို့ တည် ထောင်လိုသော ပါတီအမည်ကိုဖော်ပြ၍ ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ လျှောက် ထားလျက်ရှိကြရာ မေ ၁၄ ရက်အထိ ပါတီ တည်ထောင်ခွင့် လျှောက်ထားလာသည့် အ ဖွဲ့ ၁၅ ဖွဲ့ရှိပြီး ယင်းသို့လျှောက်ထားသည့် အဖွဲ့များအနက် နိုင်ငံရေးပါတီ ၁၂ ပါတီကို တည်ထောင်ခွင့်ပြုခဲ့ကာ သုံးပါတီကို တည် ထောင်ခွင့်ငြင်းပယ်ခဲ့ကြောင်း ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင် (UEC) က ထုတ် ပြန်ထားသည်။

Most Read

Most Recent