ဂါဇာစစ်ပွဲ၌  အစ္စရေး ကျူးလွန်ခဲ့သော အမှားများ

ဂါဇာစစ်ပွဲ၌  အစ္စရေး ကျူးလွန်ခဲ့သော အမှားများ
Photo: AP
Photo: AP
Published 5 June 2024
​​​​​​​မေသုတ

အစ္စရေးကဟားမာ့စ်အဖွဲ့နှင့်ရှစ်လနီးပါး  ပြင်းထန်သည့်စစ်ပွဲတစ်လျှောက် ၎င်း၏စစ်တပ်က အမှားအယွင်းကျူးလွန်ခဲ့သည် ဆိုသောလူသေဆုံးမှုများရှိခဲ့သည့် ဖြစ်စဉ်အများအပြားကို စုံစမ်းစစ်ဆေးသွားမည်ဟု ကတိပြုပြောကြားခဲ့သည်။

ဟားမာ့စ်တို့ အုပ်ချုပ်နေသည့် ဂါဇာ ကမ်းမြောင်ဒေသတွင် အစ္စရေးနိုင်ငံ၏ခေါင်း ဆောင်များသည် စစ်ရာဇဝတ်မှုများ ကျူးလွန် နေသည်ဟု လူ့အခွင့်အရေးအဖွဲ့များနှင့် နိုင်ငံတကာရာဇဝတ်မှုခုံရုံးမှ ထုတ်ပြန်ချက်များ ထွက်ပေါ်လာခဲ့ပြီးနောက် အစ္စရေးက ယခုကဲ့ သို့ ကတိပြုပြောကြားခဲ့ခြင်းဖြစ်သည်။

အထင်ကရဖြစ်စဉ်များမှ တစ်ခုမှာ  World Central Kitchen မော်တော်ယာဉ် တန်း တိုက်ခိုက်ခံရခြင်းဖြစ်ပြီး ပြည်ပနိုင်ငံ သားအကူအညီပေးရေးလုပ်သားငါးဦး သေ ဆုံးခဲ့သည်။ အစ္စရေးစစ်တပ်က ၎င်းတပ်ဖွဲ့ဝင်များ၏ ပေါ့ဆမှုဟု ဝန်ခံပြောကြားခဲ့ကာ စစ်သားနှစ်ဦးကို ရာထူးမှ ထုတ်ပယ်ခဲ့သည်။ သို့သော် အခြားစုံစမ်းစစ်ဆေးမှုများကို ဆက်လက်လုပ်ဆောင်လျက်ရှိပြီး အပြစ်ဝန်ခံမှု သည် ကြုံတောင့်ကြုံခဲဖြစ်စဉ်ဖြစ်သည်။

အစ္စရေးစစ်တပ်၏ ရှေ့နေချုပ်ဗိုလ်ချုပ်  ရီဖတ်တိုမာရီရူရှယ်မာက ယခုသီတင်းပတ်အ တွင်းပြောကြားချက်အရ စစ်တပ်အနေဖြင့် အမှားကျူးလွန်မှု သံသယဖြစ်ဖွယ်ဖြစ်စဉ် ၇၀ ခန့် စုံစမ်းစစ်ဆေးလျက်ရှိသည်ဟု ဆိုသည်။  စစ်တပ်က စုံစမ်းစစ်ဆေးမှုအသေးစိတ်စာ ရင်းကို ထုတ်ဖော်ပြောဆိုရန် ငြင်းဆန်ခဲ့သော် လည်း စုံစမ်းစစ်ဆေးမှုအချို့ကိုမူ လူသိရှင် ကြား ထုတ်ပြန်ပြောကြားခဲ့သည်။

ဒုက္ခသည်စခန်း တိုက်ခိုက်ခံရခြင်း

ဂါဇာကမ်းမြောင်တောင်ပိုင်း ရာဖာမြို့ ရှိ ရွှေ့ပြောင်းနေထိုင်သူများ ယာယီခိုလှုံနေ ထိုင်ရာ ဒုက္ခသည်စခန်းတစ်ခုကို လေကြောင်း တိုက်ခိုက်မှုဖြစ်စဉ်တစ်ခုနှင့်ပတ်သက်၍ စုံ စမ်းစစ်ဆေးမှု၏ အကြိုရလဒ်များကို အစ္စရေး က မေ ၂၈ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။

မေ ၂၆ ရက် ညအချိန်က လေကြောင်း တိုက်ခိုက်မှုကြောင့် လူ ၄၅ ဦးထက်မနည်း သေဆုံးခဲ့ပြီး အပျက်အစီးအများအပြားဖြစ် ပေါ်ခဲ့သည်။ သေဆုံးသူအများစုသည် အမျိုး သမီးများနှင့် ကလေးများဖြစ်သည်ဟု ဂါဇာ၏ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထား သည်။ သို့သော် အရပ်သားများနှင့် ဟားမာ့စ် လက်နက်ကိုင် မည်မျှသေဆုံးကြောင်း ကွဲကွဲ ပြားပြား ထုတ်ပြန်ထားခြင်းမရှိပေ။

ကနဦး စုံစမ်းစစ်ဆေးမှုတစ်ခုတွင် တွေ့ ရှိချက်အရ ဟားမာ့စ်လက်နက်ကိုင်နှစ်ဦးကို ချေမှုန်းရန် ထိုနေ့တွင်အသုံးပြုခဲ့သော အစ္စ ရေး၏ ခဲယမ်းလက်နက်များသည် မီးလောင် မှု၏ အရင်းအမြစ်ဖြစ်ရန် သေးငယ်လွန်းသည် ဟု အစ္စရေးစစ်တပ်၏ ပြောရေးဆိုခွင့်ရှိသူ ရေတပ်ဗိုလ်ချုပ် ဒန်နီယယ်ဟာဂါရီက ပြော ကြားခဲ့သည်။

အပျက်အစီးများသည် ဒုတိယအကြိမ် ပေါက်ကွဲမှုများကြောင့် ဖြစ်ပေါ်နိုင်ဖွယ်ရှိပြီး ယင်းပေါက်ကွဲမှုများသည် ထိုနေရာရှိ ပါလက် စတိုင်းလက်နက်ကိုင်များ၏ လက်နက်များ ကြောင့် ဖြစ်နိုင်ဖွယ်ရှိသည်ဟု ဟာဂါရီက ဆို သည်။ ဟားမာ့စ်အဖွဲ့ကမူ ယင်းဖြေရှင်းချက် အပေါ် တုံ့ပြန်ခဲ့ခြင်းမရှိပေ။

သို့သော် ဟားမာ့စ်အဖွဲ့၏ နိုင်ငံရေးဆိုင် ရာဗျူရိုအဖွဲ့ဝင်တစ်ဦးကမူ အစ္စရေးသည် အမျိုးသမီးများနှင့် ကလေးများကို မီးရှို့သတ် ဖြတ်ရန် မရည်ရွယ်ကြောင်း အလိမ်အညာ ပြောကြားချက်များနှင့် ၎င်းင်း၏ရာဇဝတ်မှုများ ကို စုံစမ်းစစ်ဆေးသွားမည် ပြောဆိုနေခြင်း တို့သည် ကမ္ဘာကြီးကို လှည့်ဖြားနေသည်ဟု မေ ၂၈ ရက်တွင်မှတ်ချက်ပြုပြောကြားခဲ့ သည်။

 အစ္စရေးစစ်တပ်က ယင်းစုံစမ်းစစ်ဆေး မှုကို စစ်တပ်ပြင်ပရှိ သီးခြားလုပ်ဆောင်နေ သည့် အချက်အလက်ရှာဖွေရေးအဖွဲ့တစ်ဖွဲ့ ထံ လွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်သည်ဟုဆို သည်။ထို့နောက် ယင်းတွေ့ရှိချက်များကိုစည်း မျဉ်းစည်းကမ်းအရ အရေးယူသင့်၊ မသင့် ဆုံး ဖြတ်သည့် စစ်တပ်၏ရှေ့နေချုပ်ထံပြန်လည် လွှဲပြောင်းခဲ့ခြင်းဖြစ်သည်။ ယင်းစုံစမ်းစစ် ဆေးမှုကို အချိန်မည်မျှကြာ လုပ်ဆောင်ခဲ့ရ ကြောင်း ရှင်းလင်းစွာ မသိရှိပေ။

အကူအညီပေးရေးယာဉ်တန်းကို ပစ်ခတ်ခြင်း

မတ်လက အစ္စရေးစစ်တပ်သည် ဂါဇာ စီးတီးမြို့တွင် အကူအညီစောင့်ဆိုင်းနေကြ သော ပါလက်စတိုင်းဒေသခံလူအုပ်ကြီးတစ် အုပ်ကို ပစ်ခတ်ခဲ့သည်ဟု မျက်မြင်တွေ့ရှိသူ များကပြောသည်။ လူ ၁၀၄ ဦးထက်မနည်း သေဆုံးခဲ့ပြီး ၇၆၀ ခန့် ဒဏ်ရာရရှိခဲ့သည်ဟု ဂါဇာကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ ကာ လူအစုလိုက်သတ်ဖြတ်မှုဖြစ်သည်ဟု ဖော်ပြခဲ့သည်။

အစ္စရေးစစ်တပ်က အကြိုစုံစမ်းစစ်ဆေး မှုရလဒ်များကို ချက်ချင်းထုတ်ပြန်ခဲ့သည်။ တွေ့ရှိချက်ရလဒ်အရ အရုဏ်မတက်မီအချိန် တွင် ဂါဇာမြောက်ဘက်ပိုင်းသို့ ဂျုံများ သယ် ဆောင်လာသော စစ်တပ်ကုန်တင်ယာဉ်အစီး ၃၀ မှ ထောက်ပံ့ပစ္စည်းများကို လူအုပ်ကြီး သည် ရယူရန် ကြိုးပမ်းခဲ့ကြခြင်းဖြစ်သည်ဟု ဆိုသည်။ ယင်းကဲ့သို့ ရယူရန် ကြိုးပမ်းမှုကြောင့် လူအုပ်ကသောင်းကနင်းဖြစ်ပြီး ဒါဇင်နှင့် ချီသည့် ပါလက်စတိုင်းဒေသခံများ သေဆုံးခဲ့ ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ယာဉ် မောင်းများသည် ယာဉ်များကိုထွက်ခွာရန် ကြိုးပမ်းချိန်တွင် အချို့သည် မော်တော်ယာဉ် များနောက်သို့ ပြေးလိုက်ခဲ့သောကြောင့် အစ္စ ရေးစစ်တပ်က လူအုပ်ကြီးကြောင့် အန္တရာယ် ရှိမည်ဟုထင်မြင်ကာပစ်ခတ်ခဲ့ခြင်းဖြစ် သည် ဟု ပြောကြားခဲ့သည်။

ယင်းဖြစ်စဉ်ကိုလည်း အချက်အလက် ရှာဖွေရေးအဖွဲ့က စုံစမ်းစစ်ဆေးလျက်ရှိသည် ဟု အစ္စရေးစစ်တပ်က ပြောကြားခဲ့သည်။

အယ်အာလီဆေးရုံ ပေါက်ကွဲခြင်း

ထောင်နှင့်ချီသည့် ပါလက်စတိုင်းဒေသ ခံများ ယာယီခိုလှုံနေသည့် အယ်အာလီဆေး ရုံဝန်းအတွင်း အောက်တိုဘာလကဖြစ်ပွား သည့် ပေါက်ကွဲမှုဖြစ်စဉ်ကြောင့် အမျိုးသမီး များနှင့် ကလေးများအပါအဝင် လူအများအ ပြားသည် အရှင်လတ်လတ်မီးရှို့ခံရသည့်ဝေ ဒနာကို ခံစားခဲ့ရသည်။ ယင်းဖြစ်စဉ်နှင့်ပတ် သက်၍ မည်သည့်အကြောင်းအရင်းကြောင့် ဖြစ်ရကြောင်း သဘောထားကွဲလွဲမှုများရှိနေ ဆဲဖြစ်သည်။

ဂါဇာတာဝန်ရှိသူများကမူ ဆေးရုံကို အစ္စရေးက လေကြောင်းတိုက်ခိုက်ခဲ့ခြင်းဖြစ် ကာ လူ ၅၀၀ ထက်မနည်း သေဆုံးခဲ့သည်ဟု ထုတ်ပြန်ခဲ့သည်။ နောက်ဆက်တွဲထွက်ပေါ် လာသည့် ဓာတ်ပုံများသည် ဒေသတစ်ဝန်း ဆန္ဒပြမှုများကို ဖြစ်ပေါ်စေခဲ့သည်။

နာရီပိုင်းအကြာ၌ အစ္စရေးတာဝန်ရှိသူ များက ၎င်းင်းတို့သည် စုံစမ်းစစ်ဆေးမှုလုပ် ဆောင်ခဲ့ပြီး ယင်းဖြစ်စဉ်တွင် ၎င်းင်းတို့ပါဝင် ပတ်သက်ခြင်းမရှိကြောင်း တွေ့ရှိခဲ့သည်ဟု ပြောကြားခဲ့သည်။ အစ္စရေးက တိုက်ရိုက်ရိုက် ကူးထားသည့် ဗီဒီယို၊ အသံဖိုင်နဲ့ အခြားအ ထောက်အထားများကို ထုတ်ပြန်ခဲ့ကာ ယင်း သက်သေများအရ ထိုပေါက်ကွဲမှုသည်နောက် ထပ်ပါလက်စတိုင်း စစ်သွေးကြွ အဖွဲ့ဖြစ်သည့် အစ္စလာမ်မစ်ဂျီဟတ်အဖွဲ့က ပစ်လွှတ်သော ရော့ကတ်တစ်စင်းကြောင့်ဖြစ်ကြောင်း ပြော ကြားခဲ့သည်။ အစ္စလာမ်မစ်ဂျီဟတ်အဖွဲ့ကမူ ၎င်းင်းတို့၏လက်ချက်မဟုတ်ကြောင်း ငြင်းဆို ခဲ့သည်။

အမေရိကန်နှင့် ပြင်သစ်ထောက်လှမ်း ရေးအကဲဖြတ်မှုများနှင့်အတူ အေပီသတင်း ဌာန၏ စုံစမ်းစစ်ဆေးမှုတွင် မှားယွင်းပစ်ခတ် မိသော ဒုံးကျည်တစ်စင်းကြောင့် ပေါက်ကွဲ မှုဖြစ်နိုင်ဖွယ်ရှိသည်ဟု ကောက်ချက်ချခဲ့ သည်။

လမ်းလျှောက်နေသော ပါလက်စတိုင်းတစ်ဦး ပစ်ခတ်ခံရခြင်း

အခြားပါလက်စတိုင်းဒေသခံ လေးဦး နှင့်အတူ လမ်းလျှောက်နေချိန်တွင် ပစ်ခတ် ခံခဲ့ရသည့် ပါလက်စတိုင်းအမျိုးသားတစ်ဦး ၏ သေဆုံးမှုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေး ခဲ့ကြောင်း အစ္စရေးအစိုးရက ဇန်နဝါရီလတွင် ထုတ်ပြန်ခဲ့သည်။

ထွက်ပေါ်လာသော ဗီဒီယိုဖိုင်မှတ်တမ်း အရ လက်နက်ချသည့် နိုင်ငံတကာသင်္ကေတ တစ်ရပ်ဖြစ်သော အဖြူရောင်အလံကိုကိုင် ထားသည့် အမျိုးသားတစ်ဦးနှင့် ၎င်းင်း၏အ နောက်ဘက်တွင် လက်များကို မြှောက်ထား သော အမျိုးသားများကို တွေ့ရသည်။ ယင်း နောက် ၎င်းင်းတို့သည် ပစ်ခတ်မှုများကြောင့် ရုန်းရင်းဆန်ခတ် ထွက်ပြေးခဲ့ရသည်။

ဒုတိယဗီဒီယိုမှတ်တမ်း၌ ၎င်းတို့ထဲမှအ မျိုးသားတစ်ဦး လဲကျခဲ့ပြီး ပစ်ခတ်သူကိုဗီဒီယို မှတ်တမ်းတွင် မမြင်တွေ့ရပေ။ သို့သော် ပစ် ခတ်မှုများမဖြစ်ပွားမီ ကင်မရာမှတ်တမ်းအ တွင်း၌ အနီးအနားတွင် အစ္စရေးတင့်ကားများ ကို တွေ့ရသည်။ ယင်းအဖြစ်အပျက်ကို ရိုက် ကူးခဲ့သော သတင်းဖြစ်ရပ်ကိုမှတ်တမ်းတင် သည့်အရပ်သားအာမက်ဟီဂျာဇီက အစ္စ ရေးတင့်ကားသည် ယင်းလူအုပ်ကို ပစ်ခတ် ခဲ့ခြင်းဖြစ်ကြောင်း အေပီကို ပြောသည်။

အစ္စရေးစစ်တပ်ကမူ နက်နက်နဲနဲ စုံစမ်း စစ်ဆေးရာတွင် တင့်ကားသည်ယင်းအမျိုး သားများကို ပစ်ခတ်ခဲ့ခြင်းမရှိကြောင်း ထုတ် ပြန်ခဲ့သည်။ အစ္စရေး၏ ပစ်ခတ်မှုကြောင့် ထိုအမျိုးသား သေဆုံးခဲ့ခြင်း ရှိ၊ မရှိ တိကျစွာ အကဲဖြတ်နိုင်ရန်မဖြစ်နိုင်ကြောင်း အစ္စရေး စစ်တပ်က ထုတ်ပြန်ထားသည်။

ပါလက်စတိုင်းလေးဦး ပစ်သတ်ခံရခြင်း

ဂါဇာတောင်ပိုင်း ခန်းယူနစ်မြို့အနီးတွင် ပါလက်စတိုင်းငါးဦးကို ဗုံးကြဲတိုက်ခိုက်ခံခဲ့ရ ကြောင်း ဖော်ပြထားသည့် ဗီဒီယိုဖိုင်ထွက်ပေါ် ခဲ့ပြီးနောက် အစ္စရေးစစ်တပ်က စုံစမ်းစစ်ဆေး မှုလုပ်ဆောင်ခဲ့သည်။

ဗီဒီယိုဖိုင်၌ ညစ်ပတ်နေသော လမ်းတစ် နေရာတွင် အမျိုးသားလေးဦး လမ်းလျှောက် လာပြီး လေကြောင်းတိုက်ခိုက်မှုတွင် ထိမှန် သေဆုံးခဲ့သည်။ ယင်းလမ်းပေါ်ရှိ အခြားတစ်  ဦးသည် အဝေးသို့ ထွက်ပြေးတိမ်းရှောင်နိုင် ခဲ့ကာ ယင်းဖြစ်စဉ်ကို အချက်အလက်ရှာဖွေ ရေးအဖွဲ့ထံ လွှဲပြောင်းခဲ့သည်ဟု အစ္စရေးစစ် တပ်ကဆိုသည်။

အစ္စရေးအကျဉ်းထောင်အတွင်း ဂါဇာခွဲစိတ်ဆရာဝန်တစ်ဦး သေဆုံးခြင်း

ဧပြီလလယ်ပိုင်းက အယ်အော်ဒါဆေး ရုံဝင်ရောက်စီးနင်းမှုတွင် ဖမ်းဆီးခံခဲ့ရသော နာမည်ကျော်ပါလက်စတိုင်းခွဲစိတ်ဆရာဝန် အက်နန်အယ်ဘာ့ရှ်သည် အစ္စရေးအကျဉ်း ထောင်တွင် ကွယ်လွန်ခဲ့သည်ဟု ကုလသမဂ္ဂ က ထုတ်ပြန်ခဲ့သည်။

အစ္စရေးရဲတပ်ဖွဲ့က လူ့အခွင့်အရေး ဆိုင်ရာဆရာဝန်များအဖွဲ့မှ ဆရာဝန်တစ်ဦး နှင့် ဘာ့ရှ်၏အလောင်းကို ခွဲစိတ်အဖြေရှာ သွားမည်ဟု ထုတ်ပြန်ထားသော်လည်း မည် သည့်အချိန်တွင် အလောင်းကိုခွဲစိတ်မည်ကို ရှင်းလင်းစွာမသိရသေးသည့်အပြင် သေဆုံး ရသည့်အကြောင်းအရင်းကိုလည်း အစ္စရေး အာဏာပိုင်များက ထုတ်ပြန်ထားခြင်းမရှိပေ။

 

■ Ref: AP

 

Most Read

Most Recent