အမေရိကန်၏ အရှေ့အလယ်ပိုင်းမူဝါဒ

အမေရိကန်၏ အရှေ့အလယ်ပိုင်းမူဝါဒ
Published 13 June 2024
မင်းထက်

 

 

 

ဟားမာ့စ်က အစ္စရေးကိုဝင်တိုက်သည့် အောက်တိုဘာ ၇ ရက်မတိုင်မီ အရှေ့အ လယ်ပိုင်းသည် ဆယ်စုနှစ်များစွာ ဆိတ်ငြိမ် သည်ထက် ပိုမိုဆိတ်ငြိမ်ခဲ့သည်ဟု အမေရိ ကန်အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ဆူ လီဗန်က ယူဆထားခဲ့သည်။

အရှေ့အလယ်ပိုင်းအရေးက ပြဿနာ မဟုတ်တော့သည်မှာ ထင်ရှားသည်။ အမှန် မှာ အရှေ့အလယ်ပိုင်းသည် ပိုမိုဆိတ်ငြိမ် သွားသည်ဆိုခြင်းနှင့် တခြားစီဖြစ်နေသည်။ ဒေသ၏ စိတ်နှလုံးထိခိုက်စရာကောင်းသော အခြေအနေသည် တင်းမာမှုများကို လှု့ံဆော် ပေးခဲ့ပြီး မျိုးဆက်တစ်ခုတွင်မွေးသောသူ များ၏ဆန္ဒပြပွဲများကို ကမ္ဘာတစ်ဝန်းတွင် ပေါ်ပေါက်စေခဲ့သည်။

ဤဆူပူအုံကြွမှုများကြောင့် ဘိုင်ဒင်အ စိုးရအဖွဲ့၏ အရှေ့အလယ်ပိုင်းမူဝါဒများက နိုဝင်ဘာတွင် သမ္မတဟောင်းဒေါ်နယ်ထရန့် နှင့်ယှဉ်ပြိုင်ပြီး ဘိုင်ဒင် သမ္မတအဖြစ် ပြန် လည်ရွေးကောက်ခံရေး ရည်မှန်းချက်ကို နောက်ဆုံးတွင် အားနည်းသွားစေမလားဆို သည်ကို အများက သိချင်နေကြသည်။

          ဘိုင်ဒင်အစိုးရအဖွဲ့၏ အရှေ့အလယ် ပိုင်းမူဝါဒများက ဘိုင်ဒင် ပြန်လည်ရွေး ကောက်ခံရနိုင်သည့်အနေအထားကို နောက် ဆုံးတွင် အားနည်းသွားစေနိုင်သည်ဆိုသော် လည်း အိမ်ဖြူတော်ကို မည်သူရောက်လာ သည်ဖြစ်စေ အမေရိကန်အစိုးရ၏အရှေ့အ လယ်ပိုင်းမူဝါဒသည် ပြောင်းလဲသွားလိမ့် မည်မဟုတ်။ ဘိုင်ဒင်နှင့် ထရန့်တို့သည် ဆူလီဗန် မျှော်လင့်ထားသည့်အရာဖြစ်သည့် ပိုမိုဆိတ်ငြိမ်သွားသော အရှေ့အလယ်ပိုင်း ဒေသဖြစ်လာရေးအတွက် တတ်နိုင်သမျှ အရာရာကို လုပ်ဆောင်မည်ဖြစ်သောကြောင့် ဖြစ်သည်။

          ဒေသဆိုင်ရာ မိတ်ဖက်နိုင်ငံအချင်း     ချင်း ဆက်ဆံရေးများမြှင့်တင်ခြင်းဆိုသည် ထက် ပိုမိုတိတ်ဆိတ်သော အရှေ့အလယ် ပိုင်းဖြစ်စေရေးအတွက် အမေရိကန်ပမာဏ ခြေလှမ်း တစ်ခုတစ်လေမျှပင် ပိုမိုအရေးပါ လိမ့်မည်မဟုတ်ပေ။ ထရန့်အစိုးရလက် ထက်ကဆောင်ရွက်ခဲ့သော အာရပ်-အစ္စ ရေး ပုံမှန်ဆက်ဆံရေး သဘောတူညီချက် ဖြစ်သည့် အက်ဘရာဟမ်သဘောတူညီချက် မှတစ်ဆင့် အုတ်မြစ်ချထားခဲ့ပြီး ဘိုင်ဒင် အစိုးရလက်ထက်တွင်လည်း ထိုကိစ္စကို ဆက်လက်ဆောင်ရွက်ခဲ့သည်။

          ဧပြီ ၁၃ ရက်တွင် အစ္စရေးဘက်ကိုပစ် လွှတ်သော အီရန်ဒုံးကျည်အစင်း ၃၀၀ ကို  မတူကွဲပြားသော ညွန့်ပေါင်းက ပစ်ချသည့် အခါ ဒေသဆိုင်ရာမိတ်ဖက်နိုင်ငံများ၏ ဆက်ဆံရေးဟူသော အသီးအပွင့်များသည် သိသာထင်ရှားလာခဲ့သည်။ အဆိုပါညွန့် ပေါင်းတွင် အမေရိကန်၊ ပြင်သစ်၊ ဗြိတိန်၊ ယူအေအီး၊ ဆော်ဒီအာရေဗျ၊ ဂျော်ဒန်၊ အစ္စ ရေးတို့ပါဝင်သည်။

          ညွန့်ပေါင်း၏ ပူးပေါင်းတုံ့ပြန်မှုက အ ရှေ့အလယ်ပိုင်းအတွက် ကာရှည်ရည်မှန်း ချက်နှင့် ပါတီကြီးနှစ်ခု၏ အမေရိကန်ရည် မှန်းချက်တို့အတွက် ကောင်းမွန်သော တိုး တက်မှုကို ညွှန်ပြလျက်ရှိပြီး ဒေသဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနှင့် တည်ငြိမ်မှုအ ဆင့်တို့ကို ဖော်ညွှန်းနေသည်။ နောက်ဆုံး တွင် အရှေ့အလယ်ပိုင်း$ အမေရိကန်ခြေ ရာတို့သည် လျော့နည်းလာမည့် အနေအ ထားပင်ဖြစ်သည်။

          ထရန့်သည် အမေရိကန်မဟာမိတ် များကို ယခင်သမ္မတများလောက် များများ စားစား လိုလားပုံမပြသော်လည်း ၂၀၂၅ ခု နှစ်တွင် အိမ်ဖြူတော်ကို သမ္မတအဖြစ် ထရန့် သို့မဟုတ် ဘိုင်ဒင် ရောက်လာမည် ဆိုပါက ထိုသမ္မတသည် အဆိုပါဒေသဆိုင် ရာ မဟာမိတ်အဖွဲ့များ ဖွဲ့စည်းရန် ကြိုးပမ်း ဖွယ်ရှိနေသည်။ ယင်းသို့ မဟာမိတ်များဖွဲ့ ရေးအတွက် အကြောင်းပြချက်အများအ ပြားရှိနေသည်။

          ပထမအချက်မှာ အရှေ့အလယ်ပိုင်း ဒေသတွင် အီရန်၏ လုပ်ရပ်များသည် ပြောင်းလဲသွားခြင်းမရှိပေ။ ဒေသတွင်းမ တည်မငြိမ်ဖြစ်အောင် အီရန်၏လုပ်ဆောင် မှုအတိုင်းအတာနှင့် ပြင်းထန်မှုတို့သည် တိုး လာနေသည်။

          အီရတ်၊ ဆီးရီးယား၊ လက်ဘနွန်၊ ယီမင်၊ ဂါဇာတို့ရှိ အီရန်လက်ဝေခံ စစ်သွေး ကြွ အုပ်စုများသည် လွန်ခဲ့သောနှစ်များတွင် မကြုံစဖူး ကျူးကျော်ရန်စမှုများကို ထုတ် ဖော်ပြသခဲ့ကြသည်။ အောက်တိုဘာ ၇ ရက် တွင် အစ္စရေးကို ဟားမာ့စ် ဝင်တိုက်သည့် ကိစ္စကို အီရန်က သိထားခြင်းရှိ မရှိဆိုသည် မှာ အငြင်းပွားစရာဖြစ်နေသည်ဆိုသော် လည်း အီရန်က ဟားမာ့စ်အုပ်စုကို ငွေရေး ကြေးရေးအားဖြင့် ဆက်လက်ထောက်ပံ့နေ သည့်အချက်မှာ မငြင်းနိုင်သောအချက်ဖြစ် သည်။

          အီရန်သည် ၎င်းင်းဘာသာလုပ်ဆောင် သော လုပ်ရပ်များ$ပင် ကျူးကျော်ရန်စမှု လျော့ပါးသည့်အနေအထားမျိုး မရှိသည် ကိုတွေ့ရသည်။

          အီရန်သည် ဧပြီ ၁၃ ရက်တွင် အစ္စရေး ကို တိုက်ခိုက်ခဲ့သည်။ ထို့အပြင် အကြီးတန်း အမေရိကန်အစိုးရတာဝန်ရှိသူဟောင်းများ ကို လုပ်ကြံရန် ကြံစည်မှုများ၊ သန့်စင်ယူရေ နီယံ သိုလှောင်မှုပမာဏကို နျူကလီးယား  လက်နက်ထုတ်လုပ်နိုင်သည့်အဆင့်အထိ တိုးမြှင့်ခဲ့သည်။ နိုင်ငံတကာ ဓားစာခံဖမ်းဆီး မှုများကို ပိုမိုလုပ်ဆောင်လာခဲ့သည်။ ရုရှား၊ မြောက်ကိုရီးယား၊ တရုတ်တို့နှင့်ဆက်ဆံရေး   များ ပိုမိုနီးကပ်လာအောင် ဆောင်ရွက်လာ ခဲ့သည်။

          ဒုတိယအချက်မှာ အီရန်၏လုပ်ရပ် များကြောင့် အစ္စရေးနှင့်အာရပ်ကမ္ဘာသည် ပိုမိုခိုင်မာသောဆက်ဆံရေးများရှိလာသည် မှာ မငြင်းနိုင်သောအချက်ဖြစ်သည်။ ဂါဇာ စစ်ပွဲစတင်ကတည်းက ပိုမို အသံတိတ်သွား လင့်ကစား အစ္စရေးနှင့်အာရပ်ကမ္ဘာတို့၏ ဆက်ဆံမှုများသည် ရှိနေခဲ့သည်။

          အများအားဖြင့် ပါလက်စတိုင်းပြည်သူ များကို အုပ်ချုပ်နေသော ဂျော်ဒန်ဘုရင် ဟူဆိန်သည် ဂါဇာ$ အစ္စရေး အပြုအမူတို့ကို ကျယ်ကျယ်လောင်လောင် ဝေဖန်သူဖြစ် ဖွယ်ရှိသည်ဆိုသော်လည်း စွမ်းအင် ချို့တဲ့ ပြီး ရေရှားပါးသော ဂျော်ဒန်ကို အစ္စရေး သဘာဝဓာတ်ငွေ့များ စံချိန်တင်ရောက်လာ ခြင်းနှင့် ပင်လယ်ရေကို ရေချိုဖြစ်အောင်လုပ် ထားသောရေများ စံချိန်တင်အများအပြား ရောက်လာခြင်းတို့မှ အကျိုးအမြတ်များရနေ သည်။

           အီဂျစ် စီးပွားရေးသည် အစ္စရေးစွမ်း အင်ကို အများအပြား မှီခိုနေရသည်။ ထို့ ကြောင့် ဂါဇာစစ်ပွဲအစပိုင်းတွင် အစ္စရေးက အီဂျစ်သို့ သဘာဝဓာတ်ငွေ့တင်ပို့မှုများကို  ခဏ ရပ်လိုက်သောကြောင့် အီဂျစ်ပြည်သူ များသည် အလှည့်ကျ ဓာတ်အား ဖြတ် တောက်မှုကို ကြုံခဲ့ကြရသည်။

          ယူအေအီးနှင့်အစ္စရေးတို့၏ပြည့်စုံ  ကျယ်ပြန့်သော စီးပွားရေးဆိုင်ရာ မိတ်ဖက် သဘောတူညီချက်အသစ်သည် လွန်ခဲ့သော နှစ်တွင် အကျိုးသက်ရောက်ခဲ့ပြီးနောက် နှစ် နိုင်ငံ ကူးသန်းရောင်းဝယ်ရေး၊ နိုင်ငံရေး၊ စစ် ရေးပူးပေါင်းဆောင်ရွက်မှုများကို နက်နက် နဲနဲ ဆောင်ရွက်ခဲ့ကြသည်။

          ဂါဇာ$ အစ္စရေး၏လုပ်ရပ်များအတွက် ယူအေအီးက အစ္စရေးကို ထပ်တလဲလဲ ပြစ် တင်ရှုတ်ချနေသည်ဆိုသော်လည်း ၂၀၂၄ ခု နှစ် ပထမ သုံးလပတ်တွင် နှစ်နိုင်ငံအပြန် အလှန်ကုန်သွယ်မှုသည် ၇ ရာခိုင်နှုန်း အမှန် တကယ် တက်လာခဲ့သည်။

          နောက်ဆုံးအချက်မှာ အမေရိကန်အာ ရုံစိုက်မှုနှင့် အရင်းအမြစ်များကို အင်ဒို-ပစိ ဖိတ်ဒေသသို့ ပြောင်းရန် လိုအပ်သည်ဟူ သောအချက်ကို ရီပတ်ဘလီကင်အမတ်များ နှင့် ဒီမိုကရက် အမတ်များက သဘောတူညီ ရေးသည် အရေးအကြီးဆုံး ဖြစ်ဖွယ်ရှိသည်။ ယင်းသို့ အင်ဒို-ပစိဖိတ်သို့ အာရုံပြောင်း လိုက်မည်ဆိုလျှင်လည်း အရှေ့အလယ်ပိုင်း ဒေသတွင် အမေရိကန် မိတ်ဖက်များကို ဆုံး ရှုံးစရာမရှိပါ။

          ထို့ကြောင့်လည်း ဘိုင်ဒင်အစိုးရသည်  ထရန့်အစိုးရလက်ထက်က အရှေ့အလယ် ပိုင်းဒေသတွင် ဆောင်ရွက်ခဲ့သော သံတမန် ဆိုင်ရာ ဆောင်ရွက်ချက်နှစ်ခုကို ထောက်ခံ ပြီး အဆိုပါ နှစ်ချက်ကို ဆက်လက်အကောင် အထည်ဖော်နေခြင်းဖြစ်သည်။ ထရန့်လက် ထက်တွင် အရှေ့အလယ်ပိုင်းအတွက် အဓိ က ဆောင်ရွက်ခဲ့သော အစီအမံနှစ်ခုမှာ အက်ဘရာဟမ် သဘောတူညီချက်နှင့် အမေရိကန်စစ်သားများကို အာဖဂန်နစ္စ တန်မှ ရုပ်သိမ်းခြင်းတို့ဖြစ်သည်။

          ယင်းသို့ဆောင်ရွက်ရသည့်အကြောင်း ပြချက်မှာ ကာလရှည် ပါတီနှစ်ရပ်၏ သ ဘောထားခံယူချက်ကြောင့်ဖြစ်ပြီး အမေရိ ကန်အနေဖြင့် အရှေ့အလယ်ပိုင်းတွင် နောက်ထပ်အရင်းအမြစ်များကို ထပ်မသုံံး တော့ခြင်းနှင့် အဆိုးဆုံး အနေဖြင့် အမေ ရိကန်နိုင်ငံသားတို့၏အသက်များ ထပ်မံမ ဆုံးရှုံးစေရေးဆိုသည့် အကြောင်းပြချက်ဖြစ် သည်။

          ဂါဇာပဋိပက္ခနှင့်ပတ်သက်၍ ထရန့်က အစ္စရေး၏စစ်ဆင်ရေးများကို အပြီးသတ် ရန် တိုက်တွန်းပြောကြားထားသည်။

          “အစ္စရေးဟာ သတိကြီးကြီးထားပြီး လုပ်ရမှာပါ။ အကြောင်းကတော့ အစ္စရေး ဟာ ကမ္ဘာ့နိုင်ငံအများအပြားကို ဆုံးရှုံးနေ တာရယ်၊ အထောက်အပံ့အများအပြားကို ဆုံးရှုံးနေတာရယ်ကြောင့်ဖြစ်ပါတယ်”ဟု ထရန့်က ပြောကြားခဲ့သည်။

          ဂါဇာ ၌ ထိန်းထိန်းသိမ်းသိမ်းလုပ်ရန် ဘိုင်ဒင်အစိုးရက အစ္စရေးကို လူသိရှင် ကြားတိုက်တွန်းခြင်းနှင့် သီးသန့်တိုက်တွန်း ပြောကြားခြင်းတို့လုပ်ဆောင်နေခြင်းမှာ အမေရိကန်အနေဖြင့် အရှေ့အလယ်ပိုင်း $ ၎င်းင်း၏အကျိုးစီးပွားများ ရုန်းမထွက်နိုင် အောင်ပိတ်မိသည့် အနေအထားတွင် အ  ကျိုးစီးပွားအနည်းငယ်သာရှိနေသည်ကို ပေါ်လွင်စေခဲ့သည်။        

          ၂၀၂၄ နိုဝင်ဘာ ရွေးကောက်ပွဲတွင် မည်သူနိုင်နိုင် အစ္စရေးနှင့်ဟားမာ့စ်တို့ဖြစ် ပွားနေသော စစ်ပွဲသည် ၂၀၂၅ ခုနှစ် ဇန်န ၀ါရီအထိ ဆက်လက်ဖြစ်ပွားနေမည်ဆိုပါ ထရန့်ဖြစ်ဖြစ်၊ ဘိုင်ဒင် ဖြစ်ဖြစ် စိတ်ဆိုးပါ လိမ့်မည်။ ဟားမာ့စ်က အစ္စရေးကို တိုက် ခိုက်မှုများ ပြန်လည်လုပ်ဆောင်လာမည်ကို ၎င်းင်းတို့နှစ်ဦးစလုံး စိုးရိမ်ကြသည်။ ယင်းအ ခြေအနေကို ဖြေရှင်းရန် နှစ်ဦးစလုံးသည် နိုင်ငံရေးအရ ယုံကြည်မှုကို မဖြစ်စလောက် ဆိုသည်ထက် ပိုသုံးကြမည်မဟုတ်ပါ။             အမေရိကန်က မိမိ၏ကိုယ်ပိုင်စွမ်းအင် ကို ပိုမိုထုတ်လုပ်နေရပြီး အကြမ်းဖက်ဝါဒနှင့် သက်ဆိုင်သော ကြောက်လန့်မှုများ လျော့ ကျလာနေသော ခေတ်တွင် အမေရိကန်ပြည် သူများနှင့်အမေရိကန်နိုင်ငံရေးသမားများ သည် အရှေ့အလယ်ပိုင်းရှိ ၎င်းင်းတို့၏မဟာ မိတ်များ ကိုယ့်လုံခြုံရေးကို ကိုယ့်ဘာသာ လုပ်ရန် ပိုမို လိုလားနေကြပါလိမ့်မည်။

          အမေရိကန်သည် အရှေ့အလယ်ပိုင်း  ဒေသမှ ဆုတ်ခွာရန် ဆန္ဒရှိနေသည့်တိုင် နောက်တက်လာမည့် အမေရိကန်သမ္မတ သည် အရှေ့အလယ်ပိုင်းကိစ္စကို အရေးပါ သောကဏ္ဍမှ ကိုယ်တွယ်ရမည့် အနေအ ထားတွင်ရှိနေဆဲဖြစ်သည်။

          အရှေ့အလယ်ပိုင်းဒေသတွင် အမေ ရိကန်စစ်တပ်ရှိနေခြင်းကလည်း အီရန်၏တိုးလာသောသြဇာကိုတန်ပြန်ရန် နိုင်ငံအ မျိုးမျိုးပါဝင်နေသော ညွန့်ပေါင်းကို စည်းလုံး ညီညွတ်အောင်လုပ်ရာတွင် အရေးပါနေ ဆဲပင်ဖြစ်သည်။

Ref: Asia Times

Most Read

Most Recent