ပြည်တွင်း၌ ဆန်စပါးစျေး အဆမတန်မြင့်တက်နေမှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူများအား ခေါ်ယူမေးမြန်း

ပြည်တွင်း၌ ဆန်စပါးစျေး အဆမတန်မြင့်တက်နေမှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူများအား ခေါ်ယူမေးမြန်း
ရန်ကုန်မြို့ရှိ ၀ါးတန်းဆိပ်ကမ်း၌ ဆန်အတင်အကျပြုလုပ်နေမှုကို တွေ့ရစဉ်(ဓာတ်ပုံ-ကြည်နိုင်)
ရန်ကုန်မြို့ရှိ ၀ါးတန်းဆိပ်ကမ်း၌ ဆန်အတင်အကျပြုလုပ်နေမှုကို တွေ့ရစဉ်(ဓာတ်ပုံ-ကြည်နိုင်)
Published 22 June 2024

မြန်မာနိုင်ငံစားသုံးသူစျေးကွက်အတွင်း ပြည်တွင်း၌ ဆန်စပါးစျေးနှုန်းများ အဆမတန် မြင့်တက်လျက်ရှိသည်။ ထိုသို့ ပြည်တွင်း၌ ဆန်စပါးစျေးနှုန်းများ အဆမတန် မြင့်တက်မှုနှင့်ပတ်သက်၍ သက်ဆိုင်ရာ တာဝန်ရှိသူများက မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူများအား ခေါ်ယူ၍ လိုအပ်သည်များ မေးမြန်းဆွေးနွေးဆောင် ရွက်လျက်ရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီက သတင်းထုတ်ပြန်ထား သည်။

အထက်ပါဖြစ်စဉ်နှင့်ပတ်သက်ပြီး ဆန်ကုန်သည်တစ်ဦးကလည်း “ကျွန်တော် တို့လည်း သတင်းကြားပါတယ်။ အခုတော့ ဘာမှပြောပြလို့မရသေးပါဘူး” ဟု Eleven Media Group သို့ ဖြေကြားခဲ့သည်။

မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်တွင် ဥက္ကဋ္ဌ အဖြစ် ဦးရဲမင်းအောင်၊ ဒုတိယ ဥက္ကဋ္ဌ အဖြစ် ဦးအောင်ဇော်ဦး၊ အတွင်းရေးမှူးအဖြစ် ဦးလူမော်မြင့်မောင် နှင့် အဖွဲ့ဝင်များအဖြစ် ပြည်နယ်နှင့် တိုင်း ဒေသကြီး အသီးသီးမှ ဆန်စပါး လုပ်ငန်းရှင်များ ပါဝင်ဖွဲ့စည်းထားပြီး ယခု ခေါ်ယူမေးမြန်းမှုတွင် မည်သူမည်ဝါများ ပါဝင်ကြောင်းကို သတင်းထုတ်ပြန်မှုတွင် ဖော်ပြထားခြင်း မရှိပေ။

ပြည်တွင်းရှိ ဆန်စပါးကုန်စည်ဒိုင်များ တွင် ဇွန် ၂၁ ရက်တွင် ရောင်းချနေသည့် လက်ကားဆန်စျေးနှုန်းများအနေဖြင့် ရွှေဘို ပေါ်ဆန်းတစ်အိတ် လျှင် ကျပ်၁၄၆၀၀၀ မှ ကျပ်၁၆၃၀၀၀ ကြား၊ ကြား ပျံရှယ်တစ် အိတ် လျှင် ကျပ်၁၃၅၀၀၀ မှ ၁၄၅၀၀၀ ကြား၊ မြောင်းမြ^ပုသိမ်ပေါ် ဆန်းတစ်အိတ် လျှင် ကျပ် ၁၂၅၀၀၀ မှ ၁၄၀၀၀၀ ကြား၊ ရက် ၉၀ (သစ်)တစ်အိတ် လျှင် ကျပ် ၉၅၀၀၀ မှ ၉၇၀၀၀ ကြား၊ သီး ထပ်ရှယ်တစ် အိတ်လျှင် ကျပ် ရရဝဝဝမှ ၇၉ဝဝဝကြား၊ ဧည့်မထ တစ် အိတ်လျှင် ကျပ် ၇၀၅၀၀ မှ ၇၂၀၀၀ ကြား၊ ငစိန်တစ်အိတ် လျှင်  ကျပ် ၇၃ဝဝဝမှ  ၇၅၀၀၀ ကြားရှိကြောင်း၊ အဆိုပါဆန်စျေးနှုန်း များ သည် လက်လီစျေးနှုန်းများနှင့် အနည်းငယ် ကွာ ခြားမှုရှိနိုင်ကြောင်း မြန်မာနိုင်ငံဆန်စ ပါး ကုန်သည်များ အသင်း၊ ၀ါးတန်းဆန်ကုန် စည်ဒိုင်မှ သိရသည်။

ဇွန် ၃ ရက်တွင် ဖြစ်ပေါ်ခဲ့သည့် လက် ကားဆန်စျေးနှုန်းများအနေဖြင့် ရွှေဘိုပေါ် ဆန်းတစ်အိတ်လျှင် ကျပ်၁၄၀၀၀၀ မှ ၁၆၀၀၀၀ ကြား၊ ကြား ပျံရှယ်တစ် အိတ်လျှင် ကျပ်၁၃၅၀၀၀ မှ ၁၄၀၀၀၀ ကြား၊ မြောင်း မြ^ပုသိမ်ပေါ် ဆန်းတစ်အိတ်လျှင် ကျပ် ၁၂၅၀၀၀ မှ ၁၃၅၀၀၀ ကြား၊ ရက် ၉၀(သစ်)တစ်အိတ်လျှင် ကျပ် ၉၄၀၀၀ မှ၉၇၀၀၀ ကြား၊ သီးထပ်ရှယ်တစ် အိတ်လျှင် ကျပ် ရရဝဝဝမှ ၇၉ဝဝဝကြား၊ ဧည့်မထ တစ်အိတ် လျှင် ကျပ် ၇၀၅၀၀ မှ ၇၂၀၀၀ ကြား၊ ငစိန် တစ်အိတ်လျှင်  ကျပ် ရဝဝဝဝမှ  ၇၂၀၀၀ ကြားရှိသည်။

“ဆန်စျေးက ဆန်ကြမ်းတောင် တစ်ပြည်ကို ၃၅၀၀ ကနေ ၄၃၀၀ လောက်အထိ အမျိုးအစားအလိုက် စျေးကွာတယ်။ လက် လီစျေးနော်၊ ရွှေဘိုပေါ်ဆန်း တစ်ပြည် ၈၀၀၀၊ တချို့ဆိုင်တွေ ၈၀၀၀ ကျော် တယ်။ ရွှေဘိုအသန့်ရှယ်တွေဆို ဒီထက်စျေးပို နိုင် တယ်။ အရောပါရင် ပါသလို စျေးကွာတာ ပေါ့”ဟု သင်္ဃန်းကျွန်းမြို့နယ်တွင် ဆန် ဆိုင်ဖွင့်လှစ်ထားသူတစ်ဦးက ပြောကြားခဲ့ သည်။

သက်သာသောစျေးနှုန်းဖြင့်  ဆန်ရော င်းချလျက်ရှိသဖြင့် လိုအပ်ပါက ဆက်သွယ် နိုင်ကြောင်းနှင့် စက်မှုဇုန်များ၊ စက်ရုံအလုပ် ရုံဝန်ထမ်းများ၊ အလုပ်သမားမိသားစု များ၊ ဌာနဆိုင်ရာ ဝန်ထမ်းမိသားစုများသို့ ရန် ကုန်တိုင်းအတွင်း လက်လီဆိုင် ၅၈ ဆိုင်မှ ဧည့်မထဆန် တစ်ပြည် လျှင် ကျပ် ၃၀၀၀ နှုန်းဖြင့် ရောင်းချပေးလျက်ရှိကြောင်း မြန် မာနိုင်ငံဆန်စပါးအသင်း ချုပ်မှ ၂၀၂၄ ခုနှစ် မေ ၃၁ ရက်က ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ မြန် မာနိုင်ငံဆန်စပါးကုန်သည်များအသင်းနှင့် Exporter ကုမ္ပဏီကြီးများ၏ ပူးပေါင်း ဆောင်ရွက်မှုဖြင့် ဆန်စျေးနှုန်း တည်ငြိမ်စေ ရန် ပြည်တွင်းစားသုံးမှုများသည့် ဆန်များကို သြဂုတ် ၇ ရက်မှ စတင်၍ ရန်ကုန်မြို့ ၀ါး တန်းဆိပ်ကမ်းရှိ ဆန်စပါးကုန်စည်ဒိုင်၊ ဘု ရင့်နောင်ရှိ ဆန်စပါးကုန်စည်ဒိုင်များတွင် ရောင်းချပေးခဲ့သည်။

ရန်ကုန်တိုင်းအတွင်းရှိ ဆန်ဆိုင် ၄၂ ဆိုင်တွင် ဧည့်မထဆန် တစ်ပြည် ကျပ် ၂၅၀၀ နှုန်းဖြင့် ၂၀၂၃ ခုနှစ် သြဂုတ် ၂၅ ရက်မှ စတင်ရောင်းချ ခဲ့သည်။

နေ့စဉ်ဆန်ဝယ်ယူသူများအား ကုန်စည် ဒိုင်များတွင် ရောင်းချပေးလျက်ရှိသကဲ့သို့ စက်မှုဇုန်များ၊ စက်ရုံများရှိ ဝန်ထမ်း၊ ကုမ္ပဏီ ဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများအ တွက်လည်း လိုအပ်ချက်အရ တင်ပြလာမှုအ ပေါ် ရောင်းချပေးနေခြင်းဖြစ်သည့်အပြင် လူ နေရပ်ကွက်များအတွင်းသို့ ကားဖြင့် လှည့် လည်၍ ဧည့်မထအမျိုးအစား ဆန် တစ်ပြည်လျှင် ကျပ် ၂၅၀၀ နှုန်းဖြင့်၂၀၂၃ ခုနှစ်အတွင်းက ရောင်း ချ ပေးမှုကိုလည်း ဆောင်ရွက်လျက်ရှိသည်။             

         

 

Most Read

Most Recent