မန္တလေးမြို့ ၊အောင်မြေသာစံမြို့နယ်တွင် လူလေးဦးက ဈေးဝယ်ဟန်ဆောင်ပြီး ဓားပြတိုက်ရာ ဆိုင်ရှင်အမျိုးသမီးသေဆုံး

မန္တလေးမြို့ ၊အောင်မြေသာစံမြို့နယ်တွင် လူလေးဦးက ဈေးဝယ်ဟန်ဆောင်ပြီး ဓားပြတိုက်ရာ ဆိုင်ရှင်အမျိုးသမီးသေဆုံး
Published 21 August 2024

မန္တလေးမြို့ ၊အောင်မြေသာစံမြို့နယ်တွင် ဓါးပြတိုက်မှုဖြစ်ပွားပြီး အိမ်ရှင်အမျိုးသမီးသေဆုံးမှု သြဂုတ်လ ၁၉ရက် ညနေ၅နာရီခန့်ကဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

အောင်မြေသာစံမြို့နယ် ၊၈၆(F)လမ်း၊ ၁၈လမ်းနှင့် ၁၉လမ်းကြား၊ အကွက်(၁၂၇)၊ အောင်မြေသာစံရပ် ကွက်တွင် မောင်နှမနှစ်ဦးနေထိုင်သည့်အိမ်တွင် အမျိုးသမီးများပါဝင်သောလူလေးဦးခန့်က ဈေးဝယ်ဟန်ဆောင်ကာ ဓါးပြတိုက်လုယူမှုများ ကျူးလွန်ခဲ့ကြခြင်းဖြစ်သည်။

အဆိုပါနေအိမ်တွင် မန္တလေး ဗဟို စာတိုက်ကြီး ၌လုပ်ကိုင်သူ  ဦးဇော်လင်း၊( ၅၄ နှစ် )နှင့် အစ်မဖြစ်သူ အမဖြစ်သူ မခင်မာကြည်(၇၂နှစ်)သည်  စာတိုက်ကြီးရုံးရှေ့တွင် စာချုပ်နှင့် အခွန်တံဆိပ်ခေါင်းရောင်းသူ တစ်ဦးဖြစ်ကြောင်းသိရသည်။

 

အခင်းဖြစ်ပွားသည့်နေ့က မောင်နှမနှစ်ဦး နေအိမ်သို့ပြန်ရောက်ပြီးနောက်   အမျိုးသား နှစ်ဦးနှင့် အမျိုးသမီးနှစ်ဦးတို့မှ ရောက်ရှိလာခဲ့ပြီး စာချုပ်ဝယ်ယူမည်ဟုပြော ဆို၍ နေအိမ်အတွင်းသို့ဝင်ရောက်လာသဖြင့် ၎င်းတို့မောင်နှမမှ စာချုပ်နှင့် တံဆိပ်ခေါင်းများအားပြသနေစဉ် အမျိုးသားတစ်ဦးမှ ဦးဇော်လင်းအား လက်သီးနှင့် ထိုးခဲ့ပြီး ကျန်အမျိုးသားတစ်ဦးမှ ကော်ကြိုးဖြင့် လက်နှင့် လည်ပင်းတို့အား ချည်နှောင်ခြင်း၊ တိပ်ဖြင့် မျက်နှာနှင့်ဦးခေါင်းအားစည်းခြင်းများပြုလုပ်ခဲ့ပြီး ထိုသို့ လုပ်ဆောင်နေချိန်တွင် ကျန်အမျိုးသမီးနှစ်ဦးမှလည်း အစ်မအား ကြိုးများဖြင့် ချုပ်နှောင်ပြီး လက်နှင့် လည်ပင်းအား ချည် နှောင်ခြင်း၊ မျက်နှာနှင့် ဦးခေါင်းတို့အား တိပ်ဖြင့်ပတ်၍ စည်းခြင်းများ ပြုလုပ်ခဲ့ပြီးနောက်  အစ်မဝတ်ဆင်ထားသော ရွှေဆွဲကြိုး ၁ ကုံး၊ ရွှေနားကပ် ၁ ရံ၊ ရွှေလက်စွပ် ၁ ကွင်း၊  လက်ကောက် ၁ ကွင်း၊ ဟန်းချိန်း ၁ ခု ကာလတန်ဖိုး(စိစစ်ဆဲ)တို့အား ယူဆောင်ထွက်ပြေးသွား သည်ဟု သိရသည်။ 

ထို့ကြောင့်    ဦးဇော်လင်းတွင်  လက်ကောက်ဝတ်ဖုရောင်ဒဏ်ရာ၊ မျက်နှာဖုရောင်ဒဏ်ရာ၊ လည်ပင်းဝတ်ဖုရောင်ဒဏ်ရာ၊ (မစိုးရိမ်ရ)နှင့် အစ်မဖြစ်သူတွင် လက်မောင်းထိုးသွင်းဒဏ်ရာ၊ လက်ကောက်ဝတ်တွင် ညိုမဲဒဏ်ရာ၊ မျက်နှာဖုရောင်ဒဏ်ရာ၊ ပါးစပ်ပေါက်ပြဲ သွေးထွက်ဒဏ်ရာ နားသွေးထွက်ဒဏ်ရာ (သွေးတိုးရောဂါရှိ)ဖြင့် သေဆုံးသွားခဲ့ကြောင်း စုံစမ်းသိရသည်။

Most Read

Most Recent