နီပေါတွင် ဗုဒ္ဓလုလင်ဟု လူသိများသည့် အမျိုးသားတစ်ဦး လိင်ပိုင်းဆိုင်ရာ စော်ကားမှုဖြင့် စီရင်ချက်ချခံရ

နီပေါတွင် ဗုဒ္ဓလုလင်ဟု လူသိများသည့် အမျိုးသားတစ်ဦး လိင်ပိုင်းဆိုင်ရာ စော်ကားမှုဖြင့် စီရင်ချက်ချခံရ
Published 26 June 2024

နီပေါနိုင်ငံတွင် ဗုဒ္ဓလုလင်ဟု လူသိများသည့် အမျိုးသားတစ်ဦးသည် ကလေးသူငယ် လိင်ပိုင်းဆိုင်ရာစော်ကားမှုဖြင့် အပြစ်ရှိကြောင်း စီရင်ချက်ချခံခဲ့ရသည်ဟု တရားရုံးအရာရှိတစ်ဦးက ဇွန် ၂၅ ရက်တွင် ပြောကြားခဲ့သည်။

ရမ်ဘာဘာဒါဘွမ်ဂန်အမည်ရှိ အမျိုးသားသည် ဗုဒ္ဓဝင်စားသူဖြစ်ပြီး လပေါင်းများစွာကြာ အစာမစား၊ ရေမသောက်ဘဲ အိပ်စက်ချင်လည်းမရှိဘဲ တရားထိုင်သူဖြစ်သည်ဟု ၎င်းအား ကိုးကွယ်သူများက ပြောကြားခဲ့ပြီးနောက် ဆယ်ကျော်သက်အရွယ်ကတည်းက လူသိများထင်ရှားလာခဲ့သူဖြစ်သည်။

သို့သော် ခရိုင်တရားရုံးက ဘွမ်ဂျန်ကို ကလေးသူငယ်လိင်ပိုင်းဆိုင်ရာ စော်ကားမှုဖြင့် ပြစ်မှုထင်ရှားတွေ့ရှိခဲ့သည်ဟု ဆာလာဟီမြို့ရှိ တရားရုံး၏ သတင်းထုတ်ပြန်ရေးအရာရှိတစ်ဦးက ပြောကြားခဲ့သည်။

အသက် ၃၃ နှစ်အရွယ် ဘွမ်ဂျန်သည် လာမည့်လတွင် ပြစ်ဒဏ်ချမှတ်ခံရဖွယ်ရှိသည်။ ဘွမ်ဂျန်သည် ၎င်း၏နောက်လိုက်များအား ရုပ်ပိုင်းဆိုင်ရာနှင့် လိင်ပိုင်းဆိုင်ရာ တိုက်ခိုက်စော်ကားမှုများဖြင့် ကာလကြာရှည်စွပ်စွဲခံခဲ့ရသူဖြစ်ပြီး နှစ်အနည်းငယ်ကြာ ပုန်းအောင်းနေထိုင်ခဲ့သူဖြစ်သည်။ ယခုနှစ်ဇန်နဝါရီလတွင်မူ နီပေါနိုင်ငံ၏ ဗဟိုစုံစမ်းစစ်ဆေးရေးဗျူရိုက သူ့ကို ခတ္တမန္ဒူမြို့တော်ဆင်ခြေဖုန်းရှိ နေအိမ်တစ်လုံထဲတွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။ ဘွမ်ဂျန်နှင့်အတူ အမေရိကန်ဒေါ်လာ ၂၂၅၀၀၀ တန်ကြေးရှိ နီပေါရူပီးသန်း ၃၀ နှင့် အခြားနိုင်ငံခြားငွေကြေးများကိုလည်း သိမ်းဆည်းရမိခဲ့သည်။

Most Read

Most Recent