ပရီးမီးယားလိဂ် ငွေဘယ်လောက်သုံးဦးမလဲ

ပရီးမီးယားလိဂ် ငွေဘယ်လောက်သုံးဦးမလဲ
Photo : EPL
Photo : EPL
Published 25 July 2024
Wai Yan Aung

ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူးလို့ သတ်မှတ်ခံထားရတဲ့ ပြင်သစ်တိုက်စစ်မှူး ဘာပေက လာလီဂါထိပ်သီး ရီးယဲလ်မက်ဒရစ်အသင်းဆီ ပြောင်းရွှေ့သွားခဲ့ပေမဲ့ ၂၀၂၄ နွေရာသီအပြောင်း အရွှေ့ဈေးကွက်က ထုံးစံအတိုင်း ပရီးမီးယားလိဂ်ရဲ့ စိုးမိုးခြယ်လှယ်မှုအောက်မှာသာ ရှိနေလိမ့်ဦးမယ်ဆိုတာ ဘောလုံးပရိသတ်တွေ သိနေကြပါပြီ။ ငယ်ဘဝအိပ်မက်တွေအရ ရီးယဲလ်မက်ဒရစ်မှာ ပြောင်းရွှေ့ကစားဖို့၊  ဘာစီလိုနာအသင်းမှာ ပြောင်းရွှေ့ကစားဖို့ ဆုံးဖြတ်ထားပြီးသားဖြစ်တဲ့ ဘာပေတို့၊ ဘယ်လင်ဂမ်တို့လို ကစားသမားတွေကို မခေါ်ယူနိုင်လို့လည်း ပရီးမီးယားလိဂ်က အပြုံးမပျက်ဘူးလို့ ဆိုရမှာပါပဲ။ ပရီးမီးယားလိဂ်ဟာ အမြဲပြောင်းရွှေ့ ကစားချင်တဲ့ အိပ်မက်ထဲက လိဂ်ပြိုင်ပွဲတစ်ခုပါဆိုတဲ့ ကစားသမားတွေလည်းအများကြီးရှိနေလို့ပါ။

 

Most Read

Most Recent