အယ်လ်ဗာရက်ဇ်အတွက် ကမ်းလှမ်းမှုများကို မန်စီးတီးအသင်း လက်ခံစဉ်းစားမည်

အယ်လ်ဗာရက်ဇ်အတွက် ကမ်းလှမ်းမှုများကို မန်စီးတီးအသင်း လက်ခံစဉ်းစားမည်
Photo: Getty Images
Photo: Getty Images
Published 16 July 2024

မန်စီးတီးအသင်းသည် ၎င်းတို့အသင်း၏ အာဂျင်တီးနားကြယ်ပွင့်တိုက်စစ်မှူး ဟူလီယန်အယ်လ်ဗာရက်ဇ်အတွက် ကမ်းလှမ်းမှုများကို လက်ခံစဉ်းစားသွားမည်ဖြစ်ကြောင်း သိရှိရသည်။

အယ်လ်ဗာရက်ဇ်သည် ပြီးခဲ့သည့်ရာသီက မန်စီးတီးအသင်းအတွက် အဓိက ကစားသမားတစ်ဦးအဖြစ်ရှိခဲ့သော်လည်း အသင်းအတွက် အရေးပါမှုမှာမူ ယမန်နှစ်ရာသီကထက် လျော့ကျခဲ့သည်။

ဒိုကူရောက်ရှိလာပြီးနောက် ကစားသည့်နေရာ မတူသော်လည်း ကစားဟန်အပြောင်းအလဲကြောင့် ပွဲထွက်ကစားခွင့်လည်း နည်းခဲ့သည်။

ယင်းအတွက်ကြောင့် အယ်လ်ဗာရက်ဇ်သည် အသင်းမှထွက်ခွာရန် ဆန္ဒရှိနေသလို၊ ပွဲထွက်ခွင့် မိနစ်ပိုရရန် တောင်းဆိုမှုများလည်း ရှိခဲ့သည်ဟု သိရှိရသည်။

ယခုအချိန်တွင် မန်စီးတီးအသင်းက ယင်းအတွက် အာမခံချက်မပေးနိုင်သဖြင့် ရောင်းထုတ်ရန် စီစဉ်နေခြင်းဖြစ်ပြီး PSG အသင်းက အယ်လ်ဗာရက်ဇ်ကို ခေါ်ယူရန် ကြိုးပမ်းနေသည်ဟုလည်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။ 

Most Read

Most Recent