ကန်ဆယ်လိုအတွက်  မန်စီးတီးအသင်း စျေးနှုန်းသတ်မှတ်

ကန်ဆယ်လိုအတွက်  မန်စီးတီးအသင်း စျေးနှုန်းသတ်မှတ်
Photo: Fabrizio
Photo: Fabrizio
Published 6 June 2024

မန်စီးတီးအသင်းသည် ပြီးခဲ့သည့်ရာသီက ဘာစီလိုနာအသင်းထံ အငှားချခဲ့သည့် ပေါ်တူဂီနောက်ခံကစားသမား ကန်ဆယ်လိုအတွက် စျေးနှုန်းသတ်မှတ်လိုက်ပြီဖြစ်ကြောင်း သိရှိရသည်။

ကန်ဆယ်လို(၃၀ နှစ်)သည် မန်စီးတီးအသင်းတွင် နည်းပြ ဂွါဒီယိုလာနှင့် အဆင်မပြေမှုကြောင့် နောက်ဆုံး(၂)ရာသီအတွင်း ဘိုင်ယန်မြူးနစ်နှင့် ဘာစီလိုနာအသင်းများထံသို့ အငှားချခံခဲ့ရသည်။

မန်စီးတီးအသင်းသည် အသင်းနှင့် ၂၀၂၇ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေသည့် ကန်ဆယ်လိုအား ယခုနွေတွင် ရောင်းထုတ်လိုနေပြီး ၎င်းအတွက် ပေါင် (၃၅)သန်းဝန်းကျင် အလိုရှိနေကြောင်း သိရှိရသည်။

လက်ရှိတွင် ကန်ဆယ်လိုအား ခေါ်ယူရန် ဘာစီလိုနာအသင်းအပြင် ချယ်လ်ဆီးနှင့် အာဆင်နယ်အသင်းတို့ကလည်း စိတ်ဝင်စားနေကြောင်း သိရသည်။ 

Most Read

Most Recent