ရာသီသစ်တွင် စွန့်စားမှုများပိုမိုပြုလုပ်သွားမည်ဖြစ်ကြောင်း မန်ယူပရိသတ်များကို အသင်းဂိုးသမား အိုနာနာ အသိပေး

ရာသီသစ်တွင် စွန့်စားမှုများပိုမိုပြုလုပ်သွားမည်ဖြစ်ကြောင်း မန်ယူပရိသတ်များကို အသင်းဂိုးသမား အိုနာနာ အသိပေး
Photo : Getty Images
Photo : Getty Images
Published 8 August 2024

မန်ယူအသင်းဂိုးသမား အိုနာနာက လာမည့်ရာသီသစ်တွင် ဘောလုံးပွဲစဉ်များအတွင်း စွန့်စားမှုများပိုမို ပြုလုပ်သွားမည်ဖြစ်ကြောင်း အသင်းပရိသတ်များကို အသိပေးပြောကြားခဲ့သည်။

မန်ယူအသင်းသည် ကစားသမားများနှင့် ချိတ်ဆက်ကစားနိုင်ရန်အတွက် Sweeper-Keeper အဖြစ် နာမည်ကြီးသည့် ကင်မရွန်းဂိုးသမား အိုနာနာကို ပြီးခဲ့သည့် ၂၀၂၃ နွေက အင်တာမီလန်အသင်းထံမှ ဝယ်ယူခဲ့ သည်။

အိုနာနာသည် ပြီးခဲ့သည့်ရာသီက အသင်းကစားသမားများနှင့်ချိတ်ဆက်ကစားနိုင်ခဲ့သော်လည်း အမှားများခဲ့ပြီး ဂိုးများအလွယ်တကူခွင့်ပြုခဲ့ရသည်။

သို့သော် အိုနာနာက ရာသီသစ်တွင် ပြီးခဲ့သည့်ရာသီကထက် ပရိသတ်များ အသည်းတယားယားဖြစ်စေမည့် စွန့်စားမှုများ ပိုလုပ်သွားမည်ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။

အိုနာနာက "ရာသီသစ်မှာကျွန်တော့်ရဲ့စွန့်စွန့်စားစားလုပ်ရပ်တွေကို ပိုမြင်ရမှာပါ။ အဲဒီအတွက် ပရိသတ်တွေကို ကြိုအသိပေးတာပါ။ စွန့်စားမှုတွေလုပ်ဖို့အတွက်လည်း ကျွန်တော် ကြိုပြီး ပြင်ဆင်ထားပါတယ်။ ဒါပေမဲ့ ကျွန်တော် ယုံကြည်လို့ရပါတယ်။ ရာသီသစ်စတာနဲ့ ကျွန်တော် စွန့်စားမှုတွေ လုပ်သွားမှာပါ။ ကမ္ဘာ့အကောင်းဆုံးအသင်းတွေက စွန့်စားမှုတွေလုပ်လေ့ရှိပြီး ကစားကွက်ကိုလည်း ခံစစ်ကနေ စတင်တည်ဆောက်လေ့ရှိပါတယ်"ဟု ပြောကြားခဲ့သည်။ 

Most Read

Most Recent