မိမိတို့အား အောက်အသင်းအဖြစ် သတ်မှတ်ခြင်းမှာ အရေးမကြီးဟု အကီ ဆို

မိမိတို့အား အောက်အသင်းအဖြစ် သတ်မှတ်ခြင်းမှာ အရေးမကြီးဟု အကီ ဆို
Photo: Nathan Ake
Photo: Nathan Ake
Published 8 July 2024

နယ်သာလန်အသင်း၏ နောက်ခံလူ အကီက အင်္ဂလန်နှင့် ရင်ဆိုင်ရမည့် ဆီမီးဖိုင်နယ်ပွဲတွင် မိမိတို့အား အောက်အသင်းအဖြစ် သတ်မှတ်ခြင်းမှာ အရေးမကြီးကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် အင်္ဂလန်အသင်းတွင် တစ်ဦးချင်းအရည်အသွေး ကောင်းမွန်သူများဖြင့် ဖွဲ့စည်းထားသော်လည်း ယခုပြိုင်ပွဲ၌ အကောင်းဆုံးပုံစံ မရရှိသည့်အတွက် မိမိိတို့အနေဖြင့် စမ်းသပ်ခံရန် အသင့်ရှိနေကြောင်းလည်း ဆိုခဲ့သည်။

ယခုပြိုင်ပွဲ၌ (၃)ဂိုးသွင်းယူကာ ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ဦးဆောင်နေသည့် ဂက်ပိုကလည်း ယူရို-၂၀၂၄ ပြိုင်ပွဲ၌ အသင်းကြီးများတွင် အားသာချက်အနည်းငယ်သာ ရှိကြောင်း သုံးသပ်ခဲ့သည်။

Most Read

Most Recent