စပိန်အသင်းကို ကလေးအသင်းဟု လေမန်း မှတ်ချက်ပြု

စပိန်အသင်းကို ကလေးအသင်းဟု လေမန်း မှတ်ချက်ပြု
Photo: Eurofoot
Photo: Eurofoot
Published 4 July 2024

ဂျာမနီဂိုးသမားဟောင်း လေမန်းက စပိန်အသင်းမှာ အတွေ့အကြုံ နည်းပါးသည့် ကလေးအသင်းသာဖြစ်သည်ဟု မှတ်ချက်ပြုပြောကြားခဲ့သည်။

စပိန်နှင့် ဂျာမနီအသင်းတို့သည် ယူရို ၂၀၂၄ ကွာတားဖိုင်နယ်တွင် ထိပ်တိုက်တွေ့ဆုံနေပြီး ယနေ့(သောကြာနေ့) ညတွင် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

စပိန်အသင်းသည် လူငယ်ကစားသမားများဖြင့် ဖွဲ့စည်းထားသော်လည်း ခြေစွမ်းပြနေပြီး ဂိုးပြတ်နိုင်ပွဲများ ရရှိနေသည်။

သို့သော် လေမန်းက ''စပိန်အသင်း ရလဒ်တွေကောင်းတွေ ရရှိနေတာကို ကျွန်တော်တို့ တွေ့ရတယ်။ အထူးသဖြင့် အုပ်စုအဆင့်မှာပေါ့။ သူတို့အသင်းရဲ့စုဖွဲ့မှုက ကောင်းတယ်။ နည်းစနစ်အရဆိုရင် စပိန်က ဂျာမနီထက် သာနိုင်တယ်။ ဒါပေမဲ့ စပိန်အသင်းဟာ ဂျာမနီကို အရပ်အမောင်း မယှဉ်နိုင်သလို၊ အတွေ့အကြုံလည်း မယှဉ်နိုင်ပါဘူး။ သူတို့အသင်းက ကလေးအသင်းပါ။ သူတို့မှာ လက်ရွေးစင်အသင်းအတွေ့အကြုံအများကြီး မရှိပါဘူး''ဟု ပြောကြားခဲ့သည်။  

Most Read

Most Recent