အသင်း၌ တန်ဟက်ဂ် ဆက်ရှိရန် မျှော်လင့်သည်ဟု အီဗန်စ် ဆို

အသင်း၌ တန်ဟက်ဂ် ဆက်ရှိရန် မျှော်လင့်သည်ဟု အီဗန်စ် ဆို
Photo : Getty Images
Photo : Getty Images
Published 27 May 2024

မန်ယူအသင်း၏ ဝါရင့်နောက်ခံလူ ဂျွန်နီအီဗန်စ်က နည်းပြတန်ဟက်ဂ်ကို အသင်း၌ ဆက်ရှိရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

နည်းပြ တန်ဟက်ဂ်အသင်း မှ ထွက်ခွာသွားပါက မည်သို့ ခံစားရမည်နည်းဟု မေးမြန်းခဲ့ရာ အီဗန်စ်က "ကျွန်တော် မသိပါဘူး။ ပုဂ္ဂိုလ်ရေးအရတော့ သူက ကျွန်တော့်အတွက် အံ့အားသင့်စရာကောင်းတဲ့သူပါ။ ကျွန်တော် သူ့ကို ကျေးဇူးတင်ကြောင်းပဲ ပြောနိုင်မှာပါ။ ကျွန်တော်တို့ကြားမှာ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိပါတယ်။ ဒါကြောင့် သူ့ကို အသင်းမှာ ဆက်ရှိဖို့ မျှော်လင့်ပါတယ်။ နွေရာသီမှာ အသင်းကို ကျွန်တော် ပြန်ရောက်လာကတည်းက သူနဲ့ ဘာပြဿနာမှ မရှိခဲ့ပါဘူး။ သူက ကျွန်တော့်ကို ယုံကြည်ပေးခဲ့ပါတယ်။ ကျွန်တော် ပွဲ(၃၀) ကစားခဲ့ရပါတယ်။ ဒါကြောင့် ကျွန်တော် ပျော်ရွှင်ပါတယ်"ဟု ပြောကြားခဲ့သည်။

အီဗန်စ်သည် ဖာဂူဆန်လက်ထက် ကစားသမားဟောင်း ဖြစ်ပြီး ပြီးခဲ့သည့်နွေရာသီတွင် အသင်းသို့ တစ်ကျော့ပြန်ရောက်ရှိလာခြင်းဖြစ်သည်။

Most Read

Most Recent