■ ရိုဒရီဂိုကို ရီးယဲလ်တွင် ဆက်နေရန် ဘရာဇီးလ်နည်းပြဟောင်း စကိုလာရီ အကြံပြု     

■ ရိုဒရီဂိုကို ရီးယဲလ်တွင် ဆက်နေရန် ဘရာဇီးလ်နည်းပြဟောင်း စကိုလာရီ အကြံပြု     
Published 14 June 2024

ဘရာဇီးလ်လက်ရွေးစင်အသင်း၏ နည်းပြဟောင်း စကိုလာရီက ရီးယဲလ်အသင်းမှ ဘရာဇီးလ်တိုက်စစ်ကစားသမား ရိုဒရီဂိုကို အသင်းပြောင်းရွှေ့ခြင်းမပြုဘဲ လက်ရှိအသင်းတွင်သာ ဆက်နေရန် အကြံပြုပြောကြားခဲ့ကြောင်း သိရသည်။ 

ရိုဒရီဂို(၂၃ နှစ်)သည် ရီးယဲလ်အသင်း၏ အမာခံကစားသမားတစ်ဦးအဖြစ် ခြေစွမ်းပြနေသော်လည်း ပြင်သစ်တိုက်စစ်မှူး ဘာပေ ရောက်ရှိလာပါက နေရာပျောက်နိုင်ဖွယ်ရှိသည့်အတွက် အသင်းပြောင်းရွှေ့ရန် စဉ်းစားနေကြောင်း သတင်းထွက်နေသည်။ 

ထို့ကြောင့် စကိုလာရီက "ရိုဒရီဂို ထွက်ခွာဖို့ မလိုဘူးလို့ ကျွန်တော် ထင်ပါတယ်။ နည်းပြ အန်ဆယ်လော့တီက အားလုံးအတွက် ပြင်ဆင်ထားပြီးသားဖြစ်မှာပါ"ဟု ပြောကြားခဲ့သည်။ 

ဘရာဇီးလ်တိုက်စစ်ကစားသမား ရိုဒရီဂိုသည် ပြီးခဲ့သည့် ၂၀၂၃-၂၄ ရာသီက ရီးယဲလ်အသင်းတွင် ခြေစွမ်းပြခဲ့ပြီး ပြိုင်ပွဲစုံ (၅၁) ပွဲတွင် (၁၇) ဂိုး သွင်းယူပေးခဲ့သည်။ 

၎င်းကို ခေါ်ယူရန် မန်စီးတီး၊ လီဗာပူးလ်အပါအဝင် ဥရောပထိပ်တန်းအသင်းများစွာက စိတ်ဝင်စားနေကြောင်း သိရှိရသည်။ 

Most Read

Most Recent