ရှာဘီအလွန်ဆို၊ ရှုံးပွဲမရှိရလဒ်နဲ့ ဖလားသုံးလုံး အိပ်မက်

ရှာဘီအလွန်ဆို၊ ရှုံးပွဲမရှိရလဒ်နဲ့ ဖလားသုံးလုံး အိပ်မက်
Photos: X
Photos: X
Published 22 May 2024
Wai Yan Aung

"ကျွန်တော်တို့အသင်းဟာ ဘွန်ဒစ်လီဂါမှာ ကိုယ့်သမိုင်းကိုယ် ရေးခဲ့ပါပြီ။ ဒီနေ့ကို ကျွန်တော်တို့ ဘယ်တော့မှ မေ့မှာမဟုတ်ပါဘူး။ အဆုံးသတ်မှာ ကျွန်တော်တို့ ရှုံးပွဲမရှိခဲ့ပါဘူး။ ဒါဟာ ကျွန်တော်တို့ရဲ့ ရှင်းလင်းတဲ့ ရည်မှန်းချက်ပန်းတိုင်ပါ။ ဘရီမင်နဲ့ ပွဲပြီးကတည်းက ဒီအရာကို ရယူနိုင်လိမ့်မယ်လို့ ကျွန်တော်တို့ သိနေခဲ့ပါတယ်။ ပရိသတ်တွေအနေနဲဲ့ ဒီနေ့ အောင်ပွဲခံနိုင်ပါပြီ။ ကျွန်တော်တို့ကတော့ ဒီနေ့ ပျော်ရွှင်ပြီးရင် မနက်ဖြန်မှာ နောက်ရည်မှန်းချက်အတွက် ပြင်ဆင်ရမှာပါ"။ အော့စ်ဘတ်ကို အနိုင်ရခဲ့တဲ့ ဘွန်ဒစ်လီဂါနောက်ဆုံးပွဲစဉ်အပြီးမှာ လေဗာကူဆင်နည်းပြ ရှာဘီအလွန်ဆို ပြောကြားခဲ့တဲ့စကား ဖြစ်ပါတယ်။ ရှာဘီအလွန်ဆိုရဲ့ လေဗာကူဆင်အသင်းက ၂၀၂၃-၂၄ ရာသီ ဘွန်ဒစ်လီဂါချန်ပီယံဆုကို ရှုံးပွဲမရှိရလဒ်နဲ့ ဆွတ်ခူးရယူနိုင်ခဲ့တာပါ။ ဒါဟာ ဘွန်ဒစ်လီဂါပြိုင်ပွဲရဲ့သမိုင်းမှာ တခြားဘယ်အသင်းမှ ရယူနိုင်ဖူးခြင်းမရှိတဲ့ မှတ်တိုင်သစ်ဖြစ်ပါတယ်။ တကယ်တော့ ဥရောပထိပ်တန်းလိဂ်(၅)ခုထဲမှာလည်း ဒီလိုစွမ်းဆောင်နိုင်တဲ့အသင်းက လေဗာကူဆင်မတိုင်ခင်မှာ (၃)သင်းပဲ ရှိခဲ့ဖူးပါတယ်။ အေစီမီလန်၊ အာဆင်နယ်နဲ့ ဂျူဗင်တပ်စ်တို့ပါ။

 

Most Read

Most Recent