မြောက်ကိုရီးယားက ဒဏ်ခတ်အရေးယူမှုများကို ချိုးဖောက်၍ ရုရှားအား စစ်လက်နက်များရောင်းချမှုကို အမေရိကန်နှင့် မဟာမိတ်များ ရှုတ်ချ

မြောက်ကိုရီးယားက ဒဏ်ခတ်အရေးယူမှုများကို ချိုးဖောက်၍ ရုရှားအား စစ်လက်နက်များရောင်းချမှုကို အမေရိကန်နှင့် မဟာမိတ်များ ရှုတ်ချ
ဇွန် ၂၈ ရက်က ကိုရီးယားအလုပ်သမားပါတီ ရှစ်ကြိမ်မြောက် ဗဟိုကော်မတီ၏ ၁၀ ကြိမ်မြောက် မျက်နှာစုံညီအစည်းအဝေး ကျင်းပနေစဉ်  - Photo: AP
ဇွန် ၂၈ ရက်က ကိုရီးယားအလုပ်သမားပါတီ ရှစ်ကြိမ်မြောက် ဗဟိုကော်မတီ၏ ၁၀ ကြိမ်မြောက် မျက်နှာစုံညီအစည်းအဝေး ကျင်းပနေစဉ်  - Photo: AP
Published 29 June 2024

မြောက်ကိုရီးယားက ယူကရိန်းစစ်ပွဲတွင် အသုံးပြုနိုင်ရန် ရုရှားအား စစ်လက်နက်များ ပေးပို့နေသည်ဟူသော အခိုင်အမာပြောဆို မှုများနှင့်ပတ်သက်၍ ဇွန် ၂၈ ရက်က ကုလသ မဂ္ဂတွင် အမေရိကန်နှင့် ၎င်းင်း၏မဟာမိတ်များ က မြောက်ကိုရီးယားကို ရှုတ်ချခဲ့သည်။

နှစ်နိုင်ငံဆက်ဆံရေး ပိုမိုနီးကပ်မှုရှိစေ ရန် အခိုင်အမာ ကြိုးပမ်းနေစဉ် မြောက်ကိုရီး ယားက ရုရှားအား စစ်လက်နက်များ တရားမ ဝင် လွှဲပြောင်းပေးပို့နေသည်ဆိုသော လုပ်ရပ် အပေါ် ကုလသမဂ္ဂဆိုင်ရာ အမေရိကန် လက် ထောက်သံအမတ် ရောဘတ်ဝုဒ်က ဝေဖန် ပြစ်တင်ခဲ့သည်။

“ယူကရိန်းအပေါ် ရုရှားရဲ့စစ်ပွဲဆင်နွှဲ နိုင်စွမ်းကို သိသိသာသာ အထောက်အကူပြု နေတဲ့ တရားမဝင် လက်နက်လွှဲပြောင်းမှုတွေ ကို တတ်နိုင်သမျှ အပြင်းထန်ဆုံးပုံစံနဲ့ ရှုတ်ချ တယ်” ဟု ထိုကိစ္စရပ်နှင့်ပတ်သက်၍ ကုလ သမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေးမပြု လုပ်မီ ၎င်းင်းက ပြောကြားခဲ့သည်။

          မြောက်ကိုရီးယားက စစ်လက်နက်ခဲ ယမ်းများ ပေးပို့နေခြင်းသည် ၂၀၀၆၊ ၂၀၀၉ နှင့် ၂၀၁၆ ခုနှစ်တို့တွင် ချမှတ်ခဲ့သော ကုလ သမဂ္ဂ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်များ ကို ချိုးဖောက်ခြင်းဖြစ်သည်ဟု ၎င်းင်းက ထပ်မံ ပြောကြားသည်။

          စစ်ပွဲအတွင်း အသုံးပြုသော စစ်လက် နက်ပစ္စည်းများကို ခြေရာခံစောင့်ကြည့်သည့် Conflict Armament Research  အဖွဲ့၏ အမှုဆောင်ဒါရိုက်တာ ဂျိုနာလက်ဖ်က ၎င်းင်း ၏အဖွဲ့သည် ယူကရိန်းစစ်မြေပြင်$ မြောက် ကိုရီးယား၏ ပဲ့ထိန်းဒုံးကျည်များ အသုံးပြုနေ သော အထောက်အထားကို တွေ့ရှိထား ကြောင်း ပြောကြားခဲ့သည်။

“ CAR ရဲ့ လက်တွေ့စုံစမ်းစစ်ဆေးရေး အဖွဲ့တစ်ဖွဲ့ဟာ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၂ ရက် က ခါကိဗ်မြို့ကို တိုက်ခိုက်ခဲ့တဲ့ ပဲ့ထိန်းဒုံး ကျည် အကြွင်းအကျန်တွေကို အခိုင်အမာ မှတ်တမ်းတင်ထားခဲ့တယ်”ဟု ၎င်းက ပြော ကြားခဲ့သည်။ ယင်းဒုံးကျည်အကြွင်းအကျန် များ၏ တစ်မူထူးခြားသော အင်္ဂါရပ်များအ ပေါ် အခြေခံ၍ မြောက်ကိုရီးယားထုတ် ဒုံး ကျည်ဖြစ်ကြောင်း စုံစမ်းစစ်ဆေးသူများက ကောက်ချက်ချခဲ့သည်ဟု ၎င်းင်းက ဆိုသည်။

ယခုနှစ်အစောပိုင်းက ယင်းနှင့် တထေ ရာတည်းတူသော ဒုံးကျည်များဖြင့် ယူကရိန်း ၏မြို့တော် ကိယက်ဗ်နှင့် ဇာပိုရီရှားမြို့တို့ကို တိုက်ခိုက်ခဲ့သည်ဟု ၎င်းက ထပ်မံပြောကြား သည်။

ကုလသမဂ္ဂဆိုင်ရာ ရုရှားသံအမတ် ဗက်ဆီလီ နီဘန်ဇ်ယာက ရုရှားအနေဖြင့် ကု လသမဂ္ဂ၏ ဒဏ်ခတ်အရေးယူမှုများကို ချေ ဖျက်ရန် ကြိုးပမ်းနေသည်ဆိုခြင်းကို ငြင်းပယ် ခဲ့ပြီး ၎င်းအစည်းအဝေး၌ ယူကရိန်းနှင့် ဥရော ပသမဂ္ဂတို့မှ ကိုယ်စားလှယ်များတက်ရောက် ခြင်းကိုလည်း ၎င်းကကန့်ကွက်ခဲ့သည်။

မကြာသေးမီနှစ်များအတွင်း မြောက်ကို ရီးယားနှင့် ရုရှားနိုင်ငံအကြား ဆက်ဆံရေး လျင်လျင်မြန်မြန် တိုးတက်လာခဲ့ပြီး ယခုလ အစောပိုင်းကလည်း မြောက်ကိုရီးယားခေါင်း ဆောင် ကင်ဂျုံအွန်က ပြုံယမ်းသို့ရောက်ရှိ လာသည့် ရုရှားသမ္မတ ဗလာဒီမာပူတင်ကို တခမ်းတနားကြိုဆိုခဲ့ပြီး  နှစ်နိုင်ငံ အပြန်အ လှန်ကာကွယ်ရေး သဘောတူညီမှုတစ်ရပ် တွင် လက်မှတ်ရေးထိုးခဲ့သည်။         

ဇွန် ၂၅ ရက်က မြောက်ကိုရီးယား၏ ပဲ့ ထိန်းဒုံးကျည်စမ်းသပ်မှုသည် ကုလသမဂ္ဂလုံ ခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်များကို မထီမဲ့ မြင်ပြုခြင်းဖြစ်ကြောင်း ရောဘတ်ဝုဒ်က ပြော ကြားခဲ့သည်။ Ref: AFP

Most Read

Most Recent