ကမ္ဘာတစ်ဝန်းတွင် ရေပန်းစားလာသော ဂျပန်နည်းပညာမြင့်အိမ်သာများ

ကမ္ဘာတစ်ဝန်းတွင် ရေပန်းစားလာသော ဂျပန်နည်းပညာမြင့်အိမ်သာများ
Published 9 June 2024

ဂျပန်နိုင်ငံတွင် စံချိန်တင်ကမ္ဘာလှည့်ခရီးသွားအများအပြား ဝင်ရောက်လာချိန်တွင် နိုင်ငံ၏နောက် ထပ်သီးသန့်စွဲဆောင်မှုတစ်ခုဖြစ်သော နည်းပညာမြင့်အိမ်သာများသည် ကမ္ဘာတစ်ဝန်းရှိ ဇိမ်ခံသန့်စင် ခန်းများတွင် မရှိမဖြစ် ဖြစ်လာခဲ့သည်။

၎င်းတို့၏နွေးထွေးသော ထိုင်ခုံများနှင့် အနုစိတ်စီစဉ်ထားသော စပရေးနည်းပညာနှင့်အတူ ဘိုထိုင် အိမ်သာ များသည် ဂျပန်နိုင်ငံတွင်စံသတ်မှတ်ချက်တစ်ခုဖြစ်နေကာနေ အိမ်များ၏ ၈၀ ရာခိုင်နှုန်းကျော်တွင် ဘိုထိုင်အိမ်သာတစ်ခုရှိကြောင်း အစိုးရသုတေသနစစ်တမ်းတွင် ဖော်ပြထားသည်။

လက်ရှိတွင် ပြည်ပနိုင်ငံများအထိ ရောင်းအားပိုမိုမြင့်တက်လာကာ အထူးသဖြင့် အမေရိကန်တွင်အ ရောင်းရဆုံးဖြစ်ပြီး ဒရိတ်၊ကာဒါရှီ ယန်မိသားစုနှင့် အလက်ဇန်း ဒရီးယားအိုကာစီယိုကော်တက်ဇ်အပါအဝင် A-list ကျော်ကြားသူများသည် ဘိုထိုင်အိမ်သာပရိသတ်များ ဖြစ်လာခဲ့သည်။

လျှပ်စစ်ဘိုထိုင်အိမ်သာကို စွန့်ဦးတီထွင်ခဲ့သော ဂျပန်ကုမ္ပဏီ TOTO က ရှင်းလင်းသုတ်သင်ပေးခြင်းနှင့် ဆေးကြောခြင်းမှ ကမ္ဘာလုံးဆိုင်ရာ တော်လှန်ရေးတစ်ရပ်ဟုခေါ်ဆိုခဲ့ကာ အိမ်သာများအတွက် ပြည်ပရောင်းအားအမြတ်ငွေသည် ၂၀၁၂ ခုနှစ်တွင် ယန်း၁၀၀ ဘီလျံ (ဒေါ်လာ ၆၇၃ သန်း)မှ နှစ်ဆနီးပါး မြင့်တက်လာခဲ့သည်ဟု ဆိုသည်။

ကပ်ရောဂါသည် နေအိမ်ပြုပြင်မွမ်းမံမှု အရှိန်အဟုန်ကို ဆောင်ကြဉ်းလာကာ အထိတ်တလန့်ဖြစ်နေသော စျေးဝယ်သူများက အိမ်သာသုံးစက္ကူများကို အလုအယက် ဝယ်ယူခဲ့ကြပြီးနောက် ရောဂါပိုးမွှားသတိရှိ သော စားသုံးသူများသည် အိမ်သာသုံးစက္ကူနေရာတွင် အစားထိုးရန် စိတ်အားထက်သန်လာကြသည်။

နိုင်ငံတကာစီးပွားရေးကိုကြီး ကြပ်ကွပ်ကဲရသောအကြီးတန်း TOTO အမှုဆောင် ရှင်ယာတာမူရာက  ၎င်းအမှတ်တံဆိပ်၏ တိုးတက်မှုသည် တစ်ဆင့်စကားတစ်ဆင့်နားဖြင့် ပိုမိုအောင်မြင်လာခဲ့သည်ဟု ဆိုသည်။

“လူတွေက အိမ်သာတွေရဲ့ရေပန်းဖိအားနဲ့ အပူချိန်ထိန်းချုပ်မှုတွေအကြောင်း ပထမဆုံးလေ့လာတဲ့အခါ ဒါကြီးက အဆင်မပြေနိုင်ဘူးလို့ ထင်ကြပါတယ်။ဒါပေမဲ့ ဒီအိမ်သာတွေက ဘယ်လောက်ထိသုံးလို့ ကောင်းလဲဆိုတာကို ကျွန်တော်တို့ မရှင်းပြနိုင်ဘဲ ကိုယ်တိုင်အသုံးပြုကြည့်ဖို့ တိုက်တွန်းတဲ့အခါ အသုံးပြု သူအများစုက ဒီအိမ်သာတွေမရှိဘဲ မနေနိုင်ကြတော့ပါဘူး” ဟုတာမူရာက ဆိုသည်။

ကုမ္ပဏီ၏ အိမ်သုံးအသုံးအဆောင်ပစ္စည်းအတွက် နိုင်ငံတကာ အသားတင်ရောင်းအားသည် လက်ရှိတွင် ဂျပန်တွင် ၎င်း၏ရောင်းအား၏ သုံးပုံတစ်ပုံအောက်ရှိသည်။

ကုမ္ပဏီအနေဖြင့် အမေရိကန်တွင် ခိုင်မာသောအနေအထား တစ်ခုထူထောင်ရန်နှင့် တရုတ်နိုင်ငံ၏ ပိုမိုနည်းပါးလာသော ဝယ်လိုအားကို ဟန်ချက်ညီစေရန် နှစ်နှစ်ကျော်အတွင်း အမေရိကန်တွင်ရောင်းအား ၁၉ ရာခိုင်နှုန်းအထိ တိုးမြှင့်ရောင်းချနိုင်ရန် ရည်ရွယ်ထားသည်။

သို့သော် လူအများစုသည် ပိုမိုကောင်းမွန်သော တစ်ကိုယ်ရည်သန့်ရှင်းမှုကို လိုလားနေချိန်တွင် အမေ ရိကန်ပြိုင်ဘက်များသည် TOTO နှင့် Panasonic နှင့် LIXIL ကဲ့သို့ ၎င်း၏ ဂျပန်ပြိုင်ဘက်များနှင့်ထိပ် ဆုံးနေရာအတွက် ယှဉ်ပြိုင်လျက်ရှိသည်။ယခုနှစ် လာ့စ်ဗေးဂတ်မြို့တွင် ပြုလုပ်သော နည်းပညာပြပွဲကြီးတစ် ခုတွင် အမေရိကန်အမှတ်တံဆိတ် Kohler ၏ စျေးကွက်မန်နေဂျာက ၎င်း၏ Numi 2.0 ကို မိတ်ဆက်ပြ သခဲ့ကာ ယင်းသည်အမေဇွန် Alexa မှတစ်ဆင့် အသံဖြင့်ညွှန်ကြားနိုင်သည့် အိမ်သာဖြစ်ပြီး ယင်းအိမ်သာ သည်“စမတ်အကျဆုံးအိမ်သာ”ဟု ခေါ်ဆိုခဲ့သည်။

ဂျပန်နိုင်ငံ၏ ထိပ်ဆုံးအမျိုးအစားများကဲ့သို့ Numi 2.0 သည် အလိုအလျောက် အနံ့ပျောက်ဆေးအ သုံးပြုပေးသည့်အပြင် အသုံးပြုသူက သန့်စင်ခန်းအတွင်းသို့ ဝင်ရောက်လာသည်နှင့် အိမ်သာအဖုံးအလိုအ လျောက်ပွင့်ပြီး ပြန်ထွက်သွားချိန်တွင် အိမ်သာအဖုံးအလိုအလျောက် ပြန်ပိတ်သည့်စနစ်ထည့်သွင်းပါဝင် သည်။၎င်း၏ အိမ်သာရေဖြန်းပိုက်တွင် လှုပ်ရှားခြင်းနှင့်တုန်ခါခြင်း စနစ်များပါဝင်ပြီး အသုံးပြုသူအနေဖြင့် လေအေးပေးစက်အား မိနစ်ပိုင်းအတွင်း လိုအပ်သလိုချိန် ညှိနိုင်သည်။သို့သော် ယင်းအိမ်သာသည် ဒေါ်လာ ၈၅၀၀ မှ ဒေါ်လာ၁၀၀၀၀ ဝန်းကျင်အတွင်းရှိပြီး သာမန်ဘိုထိုင် အိမ်သာတန်ဖိုးထက် ဒေါ်လာ ၅၀၀ ဝန်းကျင် ပိုမိုများပြားနေသည်။

ဂျပန်သို့ အလည်အပတ်သွားရောက်သော အမေရိကန်များသည် ၎င်းတို့၏အိမ်သာကို အဆင့်မြှင့်တင်ရန် စိတ်ကူးစိတ်သန်း ရယူလေ့ရှိသည်ဟု ဘာဗေလီဟေးရှိ Ardy’s မှ အရောင်းဝန်ထမ်းတစ်ဦးက ဆိုသည်။

ဘိုထိုင်အိမ်သာများသည် နေရာတိုင်းတွင် ရေပန်းစားနေသော်လည်း သီးသန့်အတွေ့အကြုံတစ်ခုအဖြစ်သာ ရှိနေသေးသည့်အတွက် အချို့ဖောက်သည်များအတွက် ယင်းအကြောင်း ပြောဆိုမှုသည်အထူးတ ဆန်းဖြစ်လျက်ရှိသည်ဟု ၎င်းကဆိုသည်။                                  Ref:AFP

Most Read

Most Recent