အိန္ဒိယတွင် သုံးရက်အတွင်း ပူပြင်းလွန်းသည့်ဒဏ်ကြောင့် လူ ၅၀ ကျော်သေဆုံး

အိန္ဒိယတွင် သုံးရက်အတွင်း ပူပြင်းလွန်းသည့်ဒဏ်ကြောင့် လူ ၅၀ ကျော်သေဆုံး
Published 3 June 2024

အိန္ဒိယနိုင်ငံတွင် ပြီးခဲ့သည့်သုံးရက်အတွင်း ပူပြင်းလွန်းသည့် ရာသီဥတုကြောင့် လူ ၅၀ ကျော်သေ ဆုံးထားသည်။

မြောက်ပိုင်းပြည်နယ် အူတာပရာဒက်ရှ်ပြည်နယ်တွင် အပူဒဏ်ကြောင့် ပြီးခဲ့သည့်သီတင်းပတ်ကုန်အတွင်း  ၃၃ ဦး သေဆုံးခဲ့ပြီး သြရိသပြည်နယ်တွင်မူ  အပူလျှပ်မှုကြောင့် လူ ၂၀ ခန့် သေဆုံးခဲ့ကြောင်း အိန္ဒိယအာဏာပိုင် တစ်ဦးက  ANI သတင်းဌာနသို့ ပြောသည်။

အထွေထွေရွေးကောက်ပွဲ နောက်ဆုံးအဆင့်အတွက် နိုင်ငံတဝန်း မဲပေးမှုများပြုလုပ်နေချိန်ကာလဖြစ်ပြီး သေဆုံးမှုအများစုက ဇွန် ၁ ရက်တွင်  ဖြစ်ပွားခဲ့သည်။ အိန္ဒိယနိုင်ငံတွင် ငါးနှစ်တစ်ကြိမ် အထွေထွေရွေး ကောက်ပွဲကျင်းပလေ့ရှိပြီး နွေကာလဖြစ်သည့် ဧပြီနှင့်မေတွင် ပြုလုပ်ကာ၊ ယခုပြီးစီးသွားသည့် ရွေးကောက်ပွဲ ရလာဒ်များကို ဇွန် ၄ ရက်တွင် ထုတ်ပြန်ကြေညာသွားမည်။

ဗဟိုကျန်းမာရေးဝန်ကြီးဌာန အဆိုအရ  မတ် ၁ ရက်မှ မေ ၃၀ ရက်အထိ အပူလျှပ်သေဆုံးသူ ၅၆ ဦးရှိပြီး အပူလျှပ်သူ  ၂၄၈၄၉ ဦး ရှိခဲ့သည်။

 အူတာပရာဒက်ရှ်ပြည်နယ်တွင် ပြီးခဲ့သည့်သီတင်းပတ်ကုန်အတွင်း သေဆုံးသူများထဲ ဗော်လန်တီယာ ရဲဝန်ထမ်းများ၊ မဲရုံဝန်ထမ်းများ၊ လုံခြုံရေးဝန်ထမ်းများပါဝင်ခဲ့သည်။ပြည်နယ်ရွေးကောက်ပွဲအရာရှိ တစ်ဦးက သေဆုံးသူဝန်ထမ်းတစ်ဦးစီအတွက်  ထောက်ပံံ့ကြေးရူပီးတစ်သန်းခွဲပေးမည်ဟု ကြေညာထားသည်။

နိုင်ငံ၏အချို့နေရာများတွင် အပူချိန် ၄၅-၄၆ ဒီဂရီဆဲလ်စီးယပ်အထိရှိခဲ့ပြီး အချို့နေရာတွင်မူ ၅၀ ဒီဂရီဆဲလ်စီးယပ်ကျော်အထိ ပူပြင်းခဲ့သည်။                                      

Ref:BBC

Most Read

Most Recent