ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာ နယ်မြေများကိုရယူ၍ နှစ်နိုင်ငံ ကြားတွင် အရှေ့တီမောကဲ့သို့ ခရစ်ယာန် နိုင်ငံတစ်ခု တည်ထောင်ရန် ကြံစည် ကြိုးပမ်းမှု ရှိနေသည်ဟု ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ ပြောကြား

ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာ နယ်မြေများကိုရယူ၍ နှစ်နိုင်ငံ ကြားတွင် အရှေ့တီမောကဲ့သို့ ခရစ်ယာန် နိုင်ငံတစ်ခု တည်ထောင်ရန် ကြံစည် ကြိုးပမ်းမှု ရှိနေသည်ဟု ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ ပြောကြား
Published 29 May 2024

ဘင်္ဂလားဒေ့ရှ်နှင့်မြန်မာတို့မှ နယ်မြေ များကိုရယူ၍ အရှေ့တီမောကဲ့သို့ ခရစ်ယာန် နိုင်ငံတည်ထောင်ရန် ကြံစည်ကြိုးစားနေ သည်ဟု ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ရှိတ်ဟာ ဆီနာက ပြောကြားခဲ့ကြောင်း The Daily Star က ဖော်ပြခဲ့သည်။

ထို့ပြင် ဘင်္ဂလားဒေ့ရှ်ပိုင်နက်တွင် လေတပ်အခြေစိုက်စခန်းတည်ဆောက်ရန် ပြည်ပ နိုင်ငံတစ်နိုင်ငံကို ခွင့်ပြုပေးမည်ဆို ပါ က ဇန်နဝါ ရီ ၇ ရက်ရွေးကောက်ပွဲတွင် ၎င်းသည် အငြင်း အခုံမရှိ ပြန်လည်ရွေးကောက်ခံရမည် ဟု ၎င်းအားကမ်းလှမ်းခဲ့သည်ဟုဆိုသည်။

သို့ရာတွင် လေတပ်အခြေစိုက်စခန်းတည် ဆောက်မည့် နိုင်ငံ၏အမည်ကို ၎င်းက ထုတ် ဖော်ပြောကြားခြင်းမပြုခဲ့ပေ။

အဝါမီလိဂ်ပါတီဥက္ကဋ္ဌလည်းဖြစ်သော ဟာဆီနာသည် ဂိုနိုဘာဘန် တွင် ကျင်းပသည့် ၁၄ ပါတီအစည်းအဝေး၌ အဖွင့်မိန့်ခွန်းပြော ကြားရာတွင် အထက်ပါအတိုင်းပြောကြားခဲ့ ခြင်းဖြစ်သည်။

“ဘင်္ဂလားပင်လယ်အော်မှာ စစ်အခြေစိုက်စခန်းဆောက်ပြီး ဘင်္ဂလားဒေ့ရှ် ရဲ့ (စစ်တကောင်း)နဲ့မြန်မာ့နယ်မြေတွေကို ယူကာ အရှေ့တီမောလို ခရစ်ယာန်နိုင်ငံကို ဖန်တီးဖို့ သူတို့က ကြိုးပမ်းနေပါတယ်” ဟု ဟာဆီ နာက ပြောကြားခဲ့သည်။

၎င်းသည် ပြည်တွင်းနှင့်ပြည်ပတို့တွင် စိန်ခေါ်မှုများကို ရင်ဆိုင်နေရသည်ဟု ဟာ ဆီနာကပြောကြားခဲ့ပြီး လျှို့ဝှက်အကြံအစည် သည် ရှိနေသည်ဟု UNB သတင်းဌာနက ဖော်ပြခဲ့သည်။

ဘင်္ဂလားပင်လယ်အော်နှင့်အိန္ဒိယ သမုဒ္ဒရာတို့တွင် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နေခြင်းသည် ရှေးပဝေသဏီက တည်းကရှိနေခဲ့သည်ဟု ၎င်းက ပြောကြားခဲ့ သည်။

“အတော်များများက ဒီနေရာကို စိတ် ဝင်စားနေကြပါတယ်။ ဒီနေရာမှာ အငြင်း ပွားစရာမရှိပါဘူး။ ပဋိပက္ခမရှိပါဘူး။ ကျွန်မ ကတော့ အဲဒါကို ဖြစ်ခွင့်မပေးပါဘူး။ ဒါဟာ(သူတို့ရဲ့ရှေ့မှောက်မှာ) ကျွန်မကျူး လွန်တဲ့ ရာဇဝတ်မှုတစ်ခုလည်းဖြစ်နေမှာပါ ” ဟု ဟာဆီနာက ဆက်လက်ပြောကြားခဲ့ သည်။

လေတပ်အခြေစိုက်စခန်းတည် ဆောက်ရန် လူဖြူတစ်ဦးက ကမ်းလှမ်းခဲ့ခြင်းဖြစ် သည်ဟု ဆိုသည်။  

“တစ်နိုင်ငံတည်းကိုပဲ ရည်ရွယ်ပုံရတယ် လို့ထင်ရပေမယ့် တကယ်က တစ်နိုင်ငံတည်း ကို ရည်ရွယ်တာမဟုတ်ပါဘူး။ သူတို့သွားဖို့ ရည်ရွယ်တဲ့အခြားနေရာတွေကိုလည်း ရည် ရွယ်တယ်ဆိုတာ ကျွန်မသိပါတယ်” ဟု ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

“ဘင်္ဂလားဒေ့ရှ်မှာလေတပ်အခြေစိုက် စခန်းဆောက်ဖို့ ခွင့်ပြုလိုက်မယ်ဆိုရင် ကျွန်မအတွက် ပြဿနာမရှိပါဘူး” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

Ref: AFP

Most Read

Most Recent