မြောက်ကိုရီးယားစစ်သားများ နယ်စပ်ကို ခေတ္တဖြတ်ကျော်လာသည့်အတွက် သတိပေးပစ်ခတ်မှုများ

မြောက်ကိုရီးယားစစ်သားများ နယ်စပ်ကို ခေတ္တဖြတ်ကျော်လာသည့်အတွက် သတိပေးပစ်ခတ်မှုများ
Published 11 June 2024

ယခုသီတင်းပတ်အတွင်း မြောက်ကိုရီးယား စစ်သားများက နယ်စပ်ကို ခေတ္တဖြတ်ကျော်ခဲ့ပြီးနောက် တောင်ကိုရီးယားဘက်က သတိပေးပစ်ခတ်မှုများ ပြုလုပ်ခဲ့သည်ဟု တောင်ကိုရီးယားစစ်တပ်က ဇွန် ၁၁ ရက်တွင် ပြောကြားခဲ့သည်။

မြောက်ကိုရီးယားက နယ်စပ်ကိုဖြတ်၍ အမှိုက်များထည့်ထားသည့် မိုးပျံပူဖောင်း အများအပြား ပစ်လွှတ်ခဲ့ခြင်းကို လက်တုံ့ပြန်သည့်အနေဖြင့် တောင်ကိုရီးယားက နယ်စပ် ၌ ၀ါဒဖြန့်ရာတွင် အသုံးပြုသည့် အသံချဲ့စက် များ တပ်ဆင်ခဲ့ခြင်းကြောင့် နှစ်နိုင်ငံအကြား တင်းမာမှုများ မြင့်တက်လျက်ရှိသည်။

၁၉၅၀-၁၉၅၃ ခုနှစ် ကိုရီးယားစစ်ပွဲကို ငြိမ်းချမ်းရေးသဘောတူညီချက်ဖြင့် မဟုတ် ဘဲ စစ်ဆိုင်းစာချုပ်ဖြင့်သာ ပြေငြိမ်းခဲ့သည့် အတွက် သဘောတရားပိုင်းအရ စစ်ဖြစ်နေဆဲ အခြေအနေ၌ ပင် ရှိနေသေးသည့် ကိုရီးယား နှစ်နိုင်ငံ ဆက်ဆံရေးသည် နှစ်အတန်ကြာအ တွင်း အနိမ့်ဆုံးအဆင့်သို့ ရောက်ရှိခဲ့သည်။

“နှစ်နိုင်ငံနယ်စပ် စစ်မဲ့ဇုန်ထဲမှာ တာဝန် ထမ်းဆောင်နေတဲ့ မြောက်ကိုရီးယားစစ်သား တချို့ဟာ စစ်ဘက်ဆိုင်ရာ နယ်သတ်မျဉ်းကို ခေတ္တဖြတ်ကျော်ဝင်ရောက်ခဲ့တယ်”  ဟု တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ JCS က ကြေညာချက်ထုတ်ပြန်ခဲ့သည်။

“တောင်ကိုရီးယားစစ်တပ်က သတိပေး  မှုတွေ ပြုလုပ်ပြီး ခြောက်လှန့်ပစ်ခတ်မှုတွေ ပြုလုပ်ခဲ့တာကြောင့် သူတို့ မြောက်ဘက်ကို ပြန်ဆုတ်ခွာသွားတယ်” ဟု ကြေညာချက် တွင် ဖော်ပြထားပြီး မူမမှန်သည့် လှုပ်ရှားမှု များ မတွေ့ရှိခဲ့ရကြောင်းလည်း JCS က ဆို သည်။

မြောက်ကိုရီးယားစစ်သား ၂၀ ခန့် သည် နယ်စပ်ကို ဖြတ်ကျော်ခဲ့ခြင်းဖြစ်သည်ဟု  JCS ၏ အဆိုအရ သိရသည်။ ယင်းသည် မ တော်တဆ ဖြတ်ကျော်မိခြင်း ဖြစ်နိုင်သည်ဟု လည်း JCS ပြောခွင့်ရ လီဆွန်ဂျွန်းက ဇွန် ၁၁ ရက်တွင် သတင်းထောက်များကို ပြောကြားခဲ့ သည်။

“အဲဒီတုန်းက စစ်မဲ့ဇုန်တစ်လျှောက်မှာ သစ်ပင်တွေ အုပ်ဆိုင်းနေပြီး နယ်သတ်မျဉ်း အမှတ်အသားကို ထင်ထင်ရှားရှား မမြင်ရ တာကြောင့်ဖြစ်တယ်” ဟု ၎င်းက ဆိုသည်။

မကြာသေးမီ သီတင်းပတ်များအတွင်း မြောက်ကိုရီးယားက စီးကရက်တိုနှင့် သန့်စင် ခန်းသုံးစက္ကူ အပါအဝင် အမှိုက်များအပြည့် ထည့်ထားသည့် ထောင်နှင့်ချီသည့် မိုးပျံပူ ဖောင်းများကို တောင်ကိုရီးယားဘက်သို့လွှတ် တင်ခဲ့သည်။

ယင်းကိုလက်တုံ့ပြန်သည့်အနေဖြင့် တောင်ကိုရီးယား တက်<ကလှုပ်ရှားသူများက မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန် ကို ဝေဖန်သည့် လက်ကမ်းစာစောင်များနှင့် ကေပေါ့ပ်သီချင်းများ ပါဝင်သော မိုးပျံပူ ဖောင်းများကို မြောက်ကိုရီးယားဘက်သို့ ပြန် လည်လွှတ်တင်ခဲ့သည်။

တောင်ကိုရီးယား အစိုးရကလည်း နှစ် နိုင်ငံ စစ်ရေးသဘောတူညီချက်ကို ရပ်ဆိုင်း ကာ နယ်စပ်တစ်လျှောက်တွင် အသံချဲ့စက် များဖြင့် ၀ါဒဖြန့်ထုတ်လွှင့်မှုများ ပြန်လည်လုပ် ဆောင်ခဲ့သည့်အတွက် မြောက်ကိုရီးယားကို အကြီးအကျယ် အမျက်ဒေါသထွက်စေခဲ့ သည်။  တောင်ကိုရီးယားသည် ဘေးကျပ်နံ ကျပ် အခြေအနေတစ်ခုကို ဖန်တီးနေသည် ဟုလည်း မြောက်ကိုရီးယားက သတိပေးခဲ့ သည်။ နှစ်နိုင်ငံတင်းမာမှုများကို လျှော့ချရန် ၂၀၁၈ ခုနှစ် စက်တင်ဘာ ၁၉ ရက်က ကိုရီး ယားနှစ်နိုင်ငံ စစ်ရေးသဘောတူညီချက်ကို ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။  

Ref: AFP

Photo: AFP

Most Read

Most Recent