ဘာစီလိုနာအသင်းမှ စပိန်တောင်ပံကစားသမား ယမားလ်ကို ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး ယူရိုသန်း(၂၅၀)ဖြင့် ကမ်းလှမ်းရန် PSG စီစဉ်

ဘာစီလိုနာအသင်းမှ စပိန်တောင်ပံကစားသမား ယမားလ်ကို ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး ယူရိုသန်း(၂၅၀)ဖြင့် ကမ်းလှမ်းရန် PSG စီစဉ်
Photo: X
Photo: X
Published 1 July 2024

ပြင်သစ်ထိပ်သီးကလပ် PSG အသင်းသည် ဘာစီလိုနာအသင်းမှ စပိန်တောင်ပံကစားသမား ယမားလ်ကို ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ယူရိုသန်း(၂၅၀)ဖြင့် ခေါ်ယူရန် စီစဉ်နေကြောင်း သိရသည်။

ယမားလ်သည် ဇူလိုင်(၁၃)ရက်နေ့မှ အသက်(၁၇)နှစ်ပြည့်မည့် ဆယ်ကျော်သက်ကစားသမားဖြစ်သော်လည်း ပြီးခဲ့သည့်ရာသီက ဘာစီလိုနာအသင်းတွင် ပြိုင်ပွဲစုံ ပွဲ(၅၀)အထိကစားကာ ခြေစွမ်းပြနိုင်ခဲ့သလို၊ လက်ရှိအချိန်တွင်လည်း စပိန်လက်ရွေးစင်အသင်းနှင့်အတူ ယူ ရို-၂၀၂၄ ပြိုင်ပွဲတွင် ခြေစွမ်းပြနေသည်။

ယမားလ်သည်  ယူရိုပြိုင်ပွဲ၏ အသက်အငယ်ဆုံးကစားသမားအဖြစ် စံချိန်တင်ထားသည့်အပြင် စပိန်လက်ရွေးစင်အသင်း၏ အဓိကကစားသမားတစ်ဦးအဖြစ် ရပ်တည်နေသည့်အတွက် PSG အသင်းက ယခုနွေရာသီတွင်ပင် ၎င်းကို အ ရခေါ်ယူသွားရန် ပစ်မှတ်ထားနေကြောင်း သိရသည်။

PSG အသင်းသည် ၎င်းတို့၏ အားအထားရဆုံး ကြယ်ပွင့်ကစားသမားဖြစ်သည့် ပြင်သစ်တိုုက်စစ်မှူး ဘာပေကို ဆုံးရှုံးခဲ့ရသည့်အတွက် အနာဂတ်အလားအလာကောင်းများရှိနေသော စပိန်ဆယ်ကျော်သက် ယမားလ်ကို ပြန်လည်ခေါ်ယူရန် စီစဉ်နေခြင်းဖြစ်ပြီး ယခုနှစ်အစောပိုင်းတွင် ယူရိုသန်း(၂၀၀)ဖြင့် ကမ်းလှမ်းခဲ့ဖူးသည်။

သို့သော် ဘာစီလိုနာအသင်းက ငြင်းဆန်ပယ်ချခဲ့သည့်အတွက် နောက်ဆုတ်ခဲ့ရပြီး ယခုအခါ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး အသုံးပြု၍ ထပ်မံကမ်းလှမ်းရန် စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။

PSG အသင်းသည် ဘာစီလိုနာအသင်းမှ ကစားသမားပင်ဖြစ်သည့် ဘရာဇီးလ်တိုက်စစ်ကစားသမား နေမာ ကို ၂၀၁၇ ခုနှစ်တွင် ယူရို(၂၂၂)သန်းဖြင့် ခေါ်ယူခဲ့ဖူးပြီး အဆိုပါပြောင်းရွှေ့ကြေးပမာဏမှာ လက်ရှိအချိန်အထိ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးအဖြစ် ရပ်တည်နေသည်။

ယခုအခါ PSG အသင်းက ယမားလ်ကို ခေါ်ယူရန်အတွက် အဆိုပါစံချိန်ကို ချိုးဖျက်မည့် ယူရိုသန်း(၂၅၀)အထိ အသုံးပြုသွားရန် စီစဉ်နေခြင်းဖြစ်သည်။

ဘာစီလိုနာအသင်းသည် ၎င်းတို့၏ ကြယ်ပွင့်ကစားသမားကို ရောင်းထုတ်လိုခြင်းမရှိသော်လည်း ဘဏ္ဍာရေးအခက်အခဲ ရင်ဆိုင်နေရသည့်အသင်းအတွက် ယူရိုသန်း(၂၅၀)မှာ မက်မောဖွယ် ဖြစ်နေကြောင်း ဥရောပမီဒီယာအချို့က သုံးသပ်ခဲ့သည်။

ဘာစီလိုနာအသင်းသည် ယမားလ်ကို အလွယ်တကူ မဆုံးရှုံးရစေရန်အတွက် ယူရို(၁)ဘီလီယံတန် လျော်ကြေးစာချုပ်ချုပ်ဆိုထားပြီး အသက်(၁၈)နှစ်ပြည့်မည့် ၂၀၂၅ ခုနှစ်၌ နှစ်ရှည်သက်တမ်းတိုးစာချုပ်သစ် ပြင်ဆင်ချုပ်ဆိုသွားရန် ရည်ရွယ်ထားကြောင်း သိရသည်။ 

Most Read

Most Recent