တောင်ကိုရီးယားတွင် လူ ၂၃ ဦးသေဆုံးခဲ့သည့် ဘက်ထရီစက်ရုံ မီးလောင်မှုအတွက် ကုမ္ပဏီအမှုဆောင်ချုပ် တောင်းပန်

တောင်ကိုရီးယားတွင် လူ ၂၃ ဦးသေဆုံးခဲ့သည့် ဘက်ထရီစက်ရုံ မီးလောင်မှုအတွက် ကုမ္ပဏီအမှုဆောင်ချုပ် တောင်းပန်
Photo: AFP
Photo: AFP
Published 25 June 2024

ဇွန် ၂၄ ရက်က တောင်ကိုရီးယားရှိ လီသီယမ် ဘက်ထရီစက်ရုံတွင် အကြီးစားမီးလောင်မှု ဖြစ်ပွားခဲ့ခြင်းကြောင့် စက်ရုံဝန်ထမ်း ၂၃ ဦး သေဆုံးခဲ့သည့်အတွက် ကုမ္ပဏီအမှုဆောင်ချုပ်ဖြစ်သူက ဇွန် ၂၅ ရက်တွင် ပြန် လည်တောင်းပန်ခဲ့သော်လည်း ကုမ္ပဏီအနေဖြင့် သတ်မှတ်ထားသော ဘေးကင်းလုံခြုံမှုဆိုင်ရာ သတိပေးချက်များနှင့်လျော်ညီစွာလည်ပတ်နေခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဘက်ထရီအလုံးရေ ၃၅,၀၀၀ ခန့် သိုလှောင်ထားသော အဆိုပါစက်ရုံ၏ ဒုတိယထပ်တွင် မီးစတင်လောင် ကျွမ်းခဲ့ပြီး မီးခိုးများထူထပ်စွာအုပ်ဆိုင်းလာပြီးနောက် ဒုတိယထပ်တွင် အလုပ်လုပ်နေသည့် ဝန်ထမ်းများသည် စက္ကန့်ပိုင်းအတွင်း သတိလစ်ခြင်းနှင့် သေဆုံးခြင်းတို့ ဖြစ်ပွားခဲ့ဖွယ်ရှိကြောင်း မီးသတ်ဌာန တာဝန်ရှိသူများက ဆိုသည်။ လီသီယမ်ဘက်ထရီများသည် မီးကူးစက်လောင်ကျွမ်းမှု မြန်ဆန်ပြီး မီးလောင်မှုကို သမားရိုးကျ မီးငြှိမ်းသတ်သည့်နည်းဖြင့် ထိန်းချုပ်နိုင်ရန်ခဲယဉ်းသည်။

ဇွန် ၂၅ ရက်က ဟွာဆုန်မြို့ရှိ မီးလောင်မှုဖြစ်ပွားခဲ့သော အဆိုပါစက်ရုံတွင် မီးသတ်ဝန်ထမ်းများက အနံ့ခံခွေးများနှင့် အတူ ရှာဖွေမှုများပြုလုပ်ခဲ့ရာ ပျောက်ဆုံးသူတစ်ဦး၏ ရုပ်အလောင်းကို ရှာတွေ့ခဲ့သည့် အတွက်သေဆုံးသူ ၂၃ ဦးရှိလာခဲ့သည်။ သေဆုံးသူများအနက် တရုတ်နိုင်ငံသား ၁၈ ဦးနှင့် လာအိုနိုင်ငံသားတစ်ဦးပါဝင်ကြောင်း  သိရသည်။           

Ref: AFP

Most Read

Most Recent