■ ရုရှားတွင် IS အကျဉ်းသားများက အကျဉ်းထောင်အရာရှိနှစ်ဦးကို ပြန်ပေးဆွဲ

■ ရုရှားတွင် IS အကျဉ်းသားများက အကျဉ်းထောင်အရာရှိနှစ်ဦးကို ပြန်ပေးဆွဲ
Published 16 June 2024

ရုရှားနိုင်ငံတောင်ပိုင်း ရော့စ်တော့ဗ်မြို့ရှိ အကျဉ်းထောင်တစ်ခုတွင် IS အကျဉ်းသားများက အကျဉ်းထောင်အရာရှိနှစ်ဦးကိုပြန်ပေးဆွဲခဲ့သည်ဟု အကျဉ်းထောင်ဌာနကဇွန် ၁၆ ရက်တွင် ပြောကြားခဲ့သည်။

“နံပါတ်တစ် အကျဉ်းစခန်းမှာဒီအကျဉ်းသားတွေက အ ကျဉ်းထောင်အရာရှိနှစ်ဦးကို ဓားစာခံအဖြစ်  ခေါ်ထားပါတယ်” ဟုဆိုသည်။

“ဓားစာခံတွေ ပြန်လွတ်ရေးအတွက် ညှိနှိုင်းဆွေးနွေးတာ တွေကို လုပ်ဆောင်နေပါတယ်”ဟုဆိုသည်။

နိုင်ငံပိုင်သတင်းဌာန TASS က ရဲတပ်ဖွဲ့ သတင်းအရင်းအမြစ်တစ်ဦးကို အင်တာဗျူး မေးမြန်းမှုတွင်အကြမ်းဖက်စွဲချက်များဖြင့် ရုံးထုတ်စစ်ဆေးခံရ ဖွယ်ရှိသော IS အဖွဲ့ဝင် များက ဓားစာခံပြန်ပေးဆွဲသူများတွင် အပါ အဝင်ဖြစ်သည်ဟုဆိုသည်။

ရုရှားသည် ISအ ဖွဲ့က ၎င်းတို့လက်ချက်ဖြစ်သည်ဟု အခိုင်အမာပြောကြားထားသော တိုက်ခိုက်မှုအများအ ပြားဖြင့် ပစ်မှတ်ထားခံနေရသည်။

 မတ် ၂၂ ရက်က နှစ်ပေါင်း ၂၀ အတွင်း ရုရှားမြေပေါ် တွင် သေဆုံးမှုဖြစ်ပွားစေသော တိုက်ခိုက်မှု တစ်ခုအဖြစ်မော်စကိုမြို့တော်အနီး ဖျော်ဖြေ ရေးခန်းမတစ်ခု၌ သေနတ်သမားများက ပစ် ခတ်မှုဖြစ်ပွားပြီးလူ ၁၄၄ ဦးထက်မနည်းသေ ဆုံးခဲ့ကာ လူပေါင်း ရာချီဒဏ်ရာရရှိခဲ့သည်။ 

ယင်းနောက်ပိုင်းလူ ၂၀ ကျော်ကို ဖမ်းဆီးခဲ့ပြီး ၎င်းတို့ထဲတွင်သံသယဖြစ်ဖွယ် တိုက်ခိုက်ခဲ့ သူ လေးဦးပါဝင်ကာ ၎င်းတို့အားလုံးသည် တာဂျစ်ကစ္စတန်နိုင်ငံမှ ဖြစ်ပြီး IS အဖွဲ့က ယင်းတိုက်ခိုက်မှုကို၎င်းတို့ လက်ချက်ဖြစ် ကြောင်းထုတ်ပြန်ခဲ့သည်။     

■ Ref: AFP

■ Photo: AFP

 

Most Read

Most Recent