အမေရိကန်နိုင်ငံသားများကို လက်ထပ်ထားသူများအား နိုင်ငံသားဖြစ်ခွင့်ပေးမည်ဟု ဂျိုးဘိုင်ဒင်ကြေညာ

အမေရိကန်နိုင်ငံသားများကို လက်ထပ်ထားသူများအား နိုင်ငံသားဖြစ်ခွင့်ပေးမည်ဟု ဂျိုးဘိုင်ဒင်ကြေညာ
Published 19 June 2024

သမ္မတဂျိုးဘိုင်ဒင်သည် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှုများကို မကြာသေးမီက ဖြိုခွင်းမှုများအား ဟန်ချက်ညီအောင်လုပ်သည့်အနေဖြင့် အမေရိကန်နိုင်ငံသားများကို အိမ်ထောင်ပြုထားသော ရွှေ့ပြောင်းသန်း တစ်ဝက်အတွက် နိုင်ငံသားဖြစ် ရေးလမ်းကြောင်းကို ကြေညာလိုက်ခြင်းဖြင့်  နိုင်ငံရေးအရ အန္တရာယ်များသော လုပ် ဆောင်ချက်တစ်ခုကို ဇွန် ၁၈ ရက်တွင် လုပ်ဆောင်ခဲ့သည်။

ဘိုင်ဒင်အစိုးရသည် လူဝင်မှုကြီးကြပ်ရေးပြဿနာကို ကိုင်တွယ်ဖြေရှင်းရန် အခက်အခဲများရှိနေခဲ့သည်။ အထူးသ ဖြင့် ထိုပြဿနာသည် နိုဝင်ဘာသမ္မတရွေးကောက်ပွဲမတိုင်မီ အမေရိကန်ပြည်သူအများ အပြားအတွက် ကြီးကြီးမားမား သဘောထားကွဲစေသော ပြဿနာဖြစ်သည်။

“ကျွန်တော်တို့ဟာ နယ်စပ်ကို လုံခြုံအောင်လုပ်နိုင်တယ်။ နိုင်ငံသားဖြစ်ရေးအတွက် တရားဝင်လမ်း ကြောင်းကိုလည်း ပံ့ပိုးပေးနိုင်ပါတယ်။ ဒါပေမဲ့ အမေရိကန်ပြည်သူတွေရဲ့စိတ်ထားကောင်းတဲ့သည်းခံမှုကို နယ်စပ်မှာ သူတို့တွေရဲ့အကြောက်တရားတွေက စမ်းသပ်ခဲ့တယ်ဆိုတာ ကျွန်တော်တို့ အသိအမှတ်ပြုပါ တယ်“ဟု သမ္မတဂျိုးဘိုင်ဒင်က အိမ်ဖြူတော်တွင် ပြောကြားခဲ့သည်။

ဘိုင်ဒင်က ယခုကဲ့သို့ လုပ်ဆောင်ခြင်းသည် ရွေးကောက်ပွဲမတိုင်မီ နိုင်ငံရေးကစားကွက်ဖြစ်သည်။ ပြိုင်ဘက် ဒေါ်နယ်ထရန့်ကမူ ရွှေ့ပြောင်းကျူးကျော်မှုဟုဆိုကာ တရားမဝင်များကို နှင်ထုတ်ရန် ကြိုးစားနေသည်။

 

Ref:AFP