ဆူဒန်တွင် လူသားများကြောင့်ဖြစ်ပွားသည့် အငတ်ဘေးများကို ရပ်တန့်ရန် အကူအညီပေးရေးအဖွဲ့များက သတိပေး

ဆူဒန်တွင် လူသားများကြောင့်ဖြစ်ပွားသည့် အငတ်ဘေးများကို ရပ်တန့်ရန် အကူအညီပေးရေးအဖွဲ့များက သတိပေး
ဇွန် ၁၇ ရက်က တောင်ကော်ဒိုဖန်မြို့တွင် ပြည်တွင်းရွှေ့ပြောင်းနေထိုင်သူများစခန်း၌ အစားအစာအကူအညီရရှိရန် တန်းစီစာရင်းပေးနေသူများကို တွေ့ရစဉ်(Photo: AFP)
ဇွန် ၁၇ ရက်က တောင်ကော်ဒိုဖန်မြို့တွင် ပြည်တွင်းရွှေ့ပြောင်းနေထိုင်သူများစခန်း၌ အစားအစာအကူအညီရရှိရန် တန်းစီစာရင်းပေးနေသူများကို တွေ့ရစဉ်(Photo: AFP)
Published 29 June 2024

ဆူဒန်နိုင်ငံတွင် လူသားများကြောင့်ဖြစ်ပွားသည့် အငတ်ဘေးသည် စိုးရိမ်ရသည့်အခြေအနေထက် ပိုမိုဆိုးရွားနိုင်သည်ဟု အကူအညီပေးရေးအဖွဲ့များက သတိပေးထားပြီး စစ်မက်ဖြစ်ပွားနေသော စစ်ဗိုလ်ချုပ်များကို ကမ္ဘာတစ်ဝန်းက နောက်ထပ်ဖိအားပေးခြင်းမရှိလျှင် ကမ္ဘာပေါ်တွင်ဆယ်စုနှစ်များအတွင်း အဆိုးရွားဆုံး လူသေဆုံးမှုအများဆုံးအရေအတွက်အထိ ရောက်ရှိနိုင်သည်ဟု ထပ်မံပြောကြားခဲ့သည်။

ဇွန် ၂၇ ရက်က ထုတ်ပြန်ခဲ့သည့်ကုလသမဂ္ဂကျောထောက်နောက်ခံပြု သုတေသနလေ့လာချက်တစ်ရပ်တွင် ဆူဒန်နိုင်ငံ၌လူဦးရေ ၇၅၅,၀၀၀ သည် အစာငတ်မွတ်မှုအန္တရာယ် ကြုံတွေ့ရနိုင်ခြေရှိပြီး ကမ္ဘာကိုတုန်လှုပ် စေခဲ့သည့် အီသီယိုပီးယားငတ်မွတ်မှုဖြစ်ပွားချိန် ၁၉၈၀ ပြည့်ဝန်းကျင်နောက်ပိုင်းမကြုံဖူးသည့် သေဆုံးမှုဖြစ်လာနိုင်သည်ဟုဆိုသည်။

ပဋိပက္ခကြောင့် နိုင်ငံ၏စိုက်ပျိုးရေးနေရာများရှိ လယ်သမားများ ရွှေ့ပြောင်းနေထိုင်ခဲ့ရသောကြောင့် လာမည့် ရိတ်သိမ်းကာလအတွက် စိုးရိမ်မှုများမြင့်တက်နေချိန်တွင် လူသေဆုံးမှုအရေအတွက်သည် ခန့်မှန်း၍မရ နိုင်အောင်မြင့်တက်နိုင်သည်ဟု Mercy Corps အကူအညီပေးရေးအဖွဲ့၏ဆူဒန်နိုင်ငံဆိုင်ရာ ပရိုဂရမ်ညွှန်ကြားရေးမှူး ဘာရတ် အလက်ဇန်းဒါးက ပြောကြားခဲ့သည်။

“ပွင့်ပွင့်လင်းလင်းပြောရရင် ဒီကိန်းဂဏန်းအရေအတွက်ထက် နည်းနည်းလောက်များနေရင်တောင် ကျွန်တော်မအံ့သြတော့ပါဘူး”ဟု ပေါင်းစည်းထားသော စားနပ်ရိက္ခာဖူလုံမှုအဆင့် အမျိုးအစားခွဲခြားမှုပဏာမခြေလှမ်း(IPC)၏ ခန့်မှန်းချက်နှင့်ပတ်သက်၍ ၎င်းက ပြောကြားခဲ့သည်။

“ကျွန်တော်တို့ရဲ့ မျက်စိရှေ့မှာ အထူးသဖြင့် ပဋိပက္ခကြောင့် ဖြစ်ပွားတဲ့လူသားတွေက ပြုလုပ်တဲ့ အငတ်ဘေးတစ်ရပ်ကို မြင်တွေ့နေရပါတယ်”ဟု ပေါ့ဆူဒန်မြို့အခြေစိုက် အလက်ဇန်းဒါးက ၀ါရှင်တန်မြို့သို့ ရောက်ရှိနေချိန်တွင် ပြောကြားခဲ့သည်။

ဆူဒန်လူဦးရေ၏ ထက်ဝက်ဖြစ်သည့် လူ ၂၆ သန်းနီးပါးသည် ဆိုးရွားသောစားနပ်ရိက္ခာဖူလုံမှုမရှိသည့် အခြေအနေနှင့်ရင်ဆိုင်နေရကာ ခါတွန်မြို့တော်နှင့် ဒါဖာတစ်ဝိုက်အပါအဝင် လူ ၇၅၅,၀၀၀ သည် ဆိုးရွားသော အခြေအနေနှင့်ကြုံတွေ့နေရသည်ဟု IPC က ပြောကြားခဲ့သည်။

စစ်တပ်နှင့် အရန်တပ်ဖွဲ့ Rapid Support Forces တို့ကြား ၂၀၂၃ ခုနှစ် ဧပြီလတွင် တိုက်ပွဲစတင်ဖြစ်ပွားခဲ့ကာ နှစ်ဘက်ဗိုလ်ချုပ်များက နယ်မြေများကို သိမ်းပိုက်ခဲ့သည်။

နှစ်ဖက်စလုံးက အကူအညီပေးရေးလုပ်သားများ ခွင့်ပြုမိန့်လိုအပ်ချက်အပါအဝင် ရှုပ်ထွေးသည့် ဗျူရိုကရေစီအဆင့်များကိုချမှတ်ခဲ့သည်ဟု အလက်ဇန်းဒါးကပြောပြခဲ့သည်။

“ရှေ့တန်းကို ဖြတ်သန်းဖို့ဆိုတာမဖြစ် နိုင်လုနီးပါးပါပဲ”ဟု ၎င်းကဆိုသည်။

နိုင်ငံတကာကယ်ဆယ်ရေးကော်မတီအဖွဲ့၏ ဆူဒန်နိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး အီတီဇက်ယုဆက်ဖ်၏ ပြောပြချက်အရ တောင်ကော်ဒိုဖန်ပြည်နယ်တွင် မြက်များကို စားသုံးနေရသူအများအပြားရှိသည်ဟုဆို သည်။

“ကျိန်းသေတာကတော့ ဆူဒန်ရဲ့အခြား နေရာတွေမှာလည်း အစားအစာချို့တဲ့မှုကြောင့် မကြာမီလူသေဆုံးမှုဖြစ်စဉ်တွေကို မြင်တွေ့လာရနိုင်ပါတယ်”ဟု ၀ါရှင်တန်တွင် ရောက်ရှိနေသည့် ယုဆက်ဖ်ကဆိုသည်။

ရန်လိုနေသော လက်နက်ကိုင်များသည် အစားအစာဂိုထောင်များကို ဝင်ရောက်လုယက်ပြီး လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးလုပ်သားများကို အနှောင့်အယှက်ပြုခြင်း သို့မဟုတ် သတ်ဖြတ်ခြင်းများ ပြုလုပ်ခဲ့သည်ဟု ယုဆက်ဖ်ကဆိုသည်။

အမေရိကန်က စစ်မက်ဖြစ်ပွားနေသော နှစ်ဘက်အုပ်စုကို ဆွေးနွေးညှိနှိုင်းရေးအဆင့်သို့ ရောက်ရှိလာနိုင်စေရန် ကြိုးပမ်းနေသော်လည်း စိတ်ပါဝင်စားမှုအားနည်းနေသည်ကို တွေ့ရသည်။                                    

Ref: AFP

Most Read

Most Recent