ကော်စတာရီကာနှင့်ပွဲတွင် ဗင်နီစီယပ်စ်ကို လူစားလဲခဲ့ခြင်းနှင့်ပတ်သက်ပြီး ဘရာဇီးလ်နည်းပြ ဒေါ်ရီဗယ်ဂျူနီယာ ရှင်းလင်း

ကော်စတာရီကာနှင့်ပွဲတွင် ဗင်နီစီယပ်စ်ကို လူစားလဲခဲ့ခြင်းနှင့်ပတ်သက်ပြီး ဘရာဇီးလ်နည်းပြ ဒေါ်ရီဗယ်ဂျူနီယာ ရှင်းလင်း
Photo: AFP
Photo: AFP
Published 26 June 2024

 

ဘရာဇီးလ်အသင်းနည်းပြ ဒေါ်ရီဗယ်ဂျူနီယာသည် ပွဲချိန် ၇၁ မိနစ်တွင် ဗင်နီစီယပ်စ်ဂျူနီယာကို အန်းဒရစ်နှင့် လူစားလဲခဲ့ခြင်းအပေါ် ရှင်းလင်းပြောကြားခဲ့သည်။      

"ဗင်နီစီယပ်စ်ဂျူနီယာဟာ ကျွန်တော်တို့ရဲ့ Great ကစားသမားတွေထဲက တစ်ဦးပါပဲ။ တိုက်စစ်မှူး အကြီးမားဆုံးမျှော်လင့်ချက်လည်းဖြစ်တယ်။ အသင်းတိုက်စစ်က အခုပွဲမှာ နည်းလမ်းမရှာတွေ့ခဲ့ဘူး။ ဒါကြောင့် အဖြေရှာဖို့ ကျွန်တော်တို့ ကြိုးပမ်းခဲ့ပါတယ်။ ဒါက ကျွန်တော်တို့ ဘာကြောင့်လူစားလဲခဲ့သလဲ ဆိုတာပါပဲ"ဟု ဒေါ်ရီဗယ်ဂျူနီယာက ပြောကြားခဲ့သည်။ 

ထို့ပြင် ၎င်းက အသင်း တည်ဆောက်မှုနှင့် အခြားကဏ္ဍအများအပြားတွင် ကောင်းမွန်ခဲ့သော်လည်း ဂိုးသွင်းနိုင်စွမ်းမရှိခဲ့ကြောင်း ဝန်ခံခဲ့သည်။

နာမည်ကြီး ဘရာဇီးလ်အသင်းသည် ၂၀၂၄ ကိုပါအမေရိကပြိုင်ပွဲ အုပ်စု D အဖွင့်ပွဲစဉ်တွင် လူစုံနီးပါး ပွဲထုတ်ခဲ့သော်လည်း ကော်စတာရီကာအသင်းကို အံ့အားသင့်ဖွယ် ဂိုးမရှိ သရေကျခဲ့သည်။

Most Read

Most Recent