အပြာရောင်လန်ဒန်မြေမှာ အောင်မြင်မှုတွေ ရှာဖွေမယ့် ရီနာတိုဗီဂါ

အပြာရောင်လန်ဒန်မြေမှာ အောင်မြင်မှုတွေ ရှာဖွေမယ့် ရီနာတိုဗီဂါ
Photo : X
Photo : X
Published 15 July 2024
Linn Oo Eain

ပြီးခဲ့တဲ့ရက်ပိုင်းက ပရီးမီးယားလိဂ်ကလပ် ချယ်လ်ဆီးအသင်းဟာ ဘေဆယ်လ်အသင်းရဲ့ ပေါ်တူဂီလူငယ်ကြယ်ပွင့် ရီနာတိုဗီဂါကို ခေါ်ယူကြောင်း အတည်ပြုကြေညာခဲ့တယ်။ အခုအပြောင်းအရွှေ့ကာလအတွင်း ချယ်လ်ဆီးအသင်းရဲ့ (၅)ယောက်မြောက် ခေါ်ယူမှုဖြစ်ပြီး ဗီဂါအတွက် ယူရို(၁၄)သန်း အသုံးပြုခဲ့ကာ (၇)နှစ်စာချုပ်ချုပ်ဆိုခဲ့တယ်။ "ကျွန်တော် အရမ်းစိတ်လှုပ်ရှားနေတယ်။ ချယ်လ်ဆီးအသင်းဟာ ပရီးမီးယားလိဂ်ထိပ်သီးကလပ်တစ်သင်းဖြစ်ပါတယ်။ ဒီလိုခမ်းနားတဲ့ အသင်းကို ပြောင်းရွှေ့ခွင့်ရခဲ့တာကြောင့်လည်း ကျွန်တော့်အနေနဲ့ ရင်ခုန်စိတ်လှုပ်ရှားမိတာပါ"လို့ ဗီဂါက ချယ်လ်ဆီး အသင်းနဲ့ စာချုပ်ချုပ်ဆိုအပြီး ဖွင့်ဟခဲ့တယ်။

 

Most Read

Most Recent