စောင့်ကြည့်ရမယ့် အနာဂတ်နဲ့ အာမက်ဒီယာလို

စောင့်ကြည့်ရမယ့် အနာဂတ်နဲ့ အာမက်ဒီယာလို
Photos: X
Photos: X
Published 29 September 2024
Chan Myae

အသက် ၁၈ နှစ်အရွယ်သာ ရှိသေးတဲ့ ဒီယာလိုဟာ မန်ယူနိုက်တက်အသင်းရဲ့ ကာလရှည် စောင့်ကြည့်ခြင်းကိုခံခဲ့ရသူဖြစ်ပြီး၊ ယူ-၁၅ အဆင့် ပြိုင်ပွဲတွေမှာ အတ္တလန်တာအသင်းအတွက် ကစားခဲ့ချိန်ကတည်းက ယူနိုက်တက်ကင်းထောက်တွေရဲ့ စောင့်ကြည့်ခြင်းကိုခံခဲ့ရသူဖြစ်ပါတယ်။ ယူနိုက်တက် ကင်းထောက်တွေက သူ့ကို ၂ နှစ်ကြာ စောင့်ကြည့်ခဲ့ပြီး ၂၀၁၉ အောက်တိုဘာတုန်းက အတ္တလန်တာအသင်းကြီးအတွက် ပထမဆုံး ကစားခဲ့တဲ့ပွဲမှာလည်း ကွင်းထဲမှာ သွားရောက်စောင့်ကြည့်ခဲ့ပါတယ်။ ယူနိုက်တက် အသင်းရဲ့ အကယ်ဒမီ အင်အားဖြည့်တင်းရေးအဖွဲ့ခေါင်းဆောင်ဟာ ယူနိုက်တက်ရဲ့ကင်း ထောက်ချုပ်ကို ဒီယာလိုအတွက် စဉ်ဆက်မပြတ် ရီပို့ တင်ပေးခဲ့ရပြီးနောက် နောက်ဆုံးမှာ ခေါ်ယူခဲ့ခြင်းဖြစ်ပါတယ်။ အဲဒီအချိန်တွေတုန်းက ယူနိုက်တက်အသင်းရဲ့ နည်းပြဖြစ်တဲ့ ဆိုးလ်ရှားက ဒီယာလိုကို ခေါ်ယူနိုင်ခဲ့ခြင်းနဲ့ ပတ်သက်ပြီး "ဒီအားကစားနည်းရဲ့ စိတ်ဝင်စားစရာအကောင်းဆုံး လူငယ်ကစားသမားတွေထဲက တစ်ဦးကို ကျွန်တော်တို့ ခေါ်ယူနိုင်ခဲ့တာဖြစ်ပါတယ်"လို့ ဆိုခဲ့ပါတယ်။

 

Most Read

Most Recent