ဧရာဝတီမြစ်ရေသည် မန္တလေး၊ စစ်ကိုင်းအပါအဝင် မြို့ခြောက်မြို့နှင့် ချင်းတွင်းမြစ်ရေသည် မြို့ခြောက်မြို့တွင် စိုးရိမ်ရေမှတ်အထက်သို့ အသီးသီးကျော်လွန်ရောက်ရှိနေ

ဧရာဝတီမြစ်ရေသည် မန္တလေး၊ စစ်ကိုင်းအပါအဝင် မြို့ခြောက်မြို့နှင့် ချင်းတွင်းမြစ်ရေသည် မြို့ခြောက်မြို့တွင် စိုးရိမ်ရေမှတ်အထက်သို့ အသီးသီးကျော်လွန်ရောက်ရှိနေ
Published 10 July 2024

ဧရာဝတီမြစ်ရေသည် မန္တလေး၊ စစ်ကိုင်း အပါအဝင် မြို့ခြောက်မြို့နှင့် ချင်းတွင်းမြစ်ရေ သည် မြို့ခြောက်မြို့တွင် စိုးရိမ်ရေမှတ်အ ထက်သို့ အသီးသီးကျော်လွန်ရောက်ရှိနေ ကြောင်း ဇူလိုင် ၉ ရက်တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန် သည်။

ထုတ်ပြန်ချက်အရ ဇူလိုင် ၉ ရက် နံနက် ၈ နာရီခွဲ တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေ သည် ဗန်းမော်မြို့တွင် စိုးရိမ်ရေမှတ်အထက် သို့ နှစ်ပေခန့် ကျော်လွန်ရောက်ရှိနေပြီး အ ဆိုပါမြစ်ရေသည် လာမည့်နှစ်ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက်သို့ ပြန်လည် ကျဆင်းနိုင်ကြောင်း သိရသည်။

အလားတူ ဧရာဝတီမြစ်ရေသည် ရွှေကူ မြို့တွင် စိုးရိမ်ရေမှတ်အထက်သို့ နှစ်ပေခန့် ကျော်လွန်ရောက်ရှိနေပြီး အဆိုပါမြစ်ရေသည် လာမည့်တစ်ရက်အတွင်း တစ်ပေခန့် ကျဆင်း လာနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ကြောင်း၊ ကသာမြို့တွင် စိုးရိမ်ရေမှတ်အထက်သို့ နှစ်ပေခန့် ကျော်လွန် ရောက်ရှိနေပြီး အဆိုပါမြစ်ရေသည် လာမည့် တစ်ရက်အတွင်း ပေဝက်ခန့် ကျဆင်းလာနိုင် ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက် လက်တည်ရှိနိုင်ကြောင်း၊ သပိတ်ကျင်းမြို့တွင် စိုးရိမ်ရေမှတ်အထက်သို့ သုံးပေကျော်ခန့် ကျော်လွန်ရောက်ရှိနေပြီး အဆိုပါမြစ်ရေ သည် လာမည့်တစ်ရက်အတွင်း သုံးလက်မခန့် ကျဆင်းလာနိုင်ကာ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ကြောင်း သိရသည်။

ထို့အတူ ဧရာဝတီမြစ်ရေသည် မန္တလေး မြို့တွင် စိုးရိမ်ရေမှတ်အထက်သို့ ပေဝက်ခန့် ကျော်လွန်ရောက်ရှိနေပြီး အဆိုပါမြစ်ရေ သည် လာမည့်တစ်ရက်အတွင်း တစ်ပေခွဲခန့် မြင့်တက်လာနိုင်ကာ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ကြောင်း၊ စစ်ကိုင်းမြို့ တွင် စိုးရိမ်ရေမှတ်အထက်သို့ ပေဝက်ခန့် ကျော်လွန်ရောက်ရှိနေပြီး အဆိုပါမြစ်ရေသည် လာမည့်တစ်ရက်အတွင်း တစ်ပေခွဲခန့် မြင့် တက်လာနိုင်ကာ စိုးရိမ်ရေမှတ်အထက် ဆက် လက်တည်ရှိနိုင်ကြောင်း သိရသည်။

ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့တွင် စိုး ရိမ်ရေမှတ်အထက် ကိုးပေခန့် ကျော်လွန်နေ ပြီး အဆိုပါမြစ်ရေသည် လာမည့်တစ်ရက်အ တွင်း တစ်ပေခွဲခန့် ကျဆင်းလာနိုင်ကာ ယင်း မြို့၏ စိုးရိမ်ရေမှတ်အထက်လည်းကောင်း၊ ဟုမ္မလင်းမြို့တွင် စိုးရိမ်ရေမှတ်အထက်သို့ ခြောက်ပေခွဲခန့် ကျော်လွန်ရောက်ရှိနေပြီး အဆိုပါမြစ်ရေသည် လာမည့်တစ်ရက်အတွင်း သုံးလက်မခန့် ကျဆင်းလာနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်တွင် လည်းကောင်း၊ ဖောင်းပြင်မြို့တွင် စိုးရိမ်ရေမှတ်အထက် ရှစ် ပေခွဲခန့် ကျော်လွန်ရောက်ရှိနေပြီး အဆိုပါ မြစ်ရေသည် လာမည့်တစ်ရက်အတွင်း သုံး လက်မခန့် မြင့်တက်လာနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်တွင်လည်းကောင်း အသီးသီးဆက်လက်တည်ရှိနိုင်ကြောင်း သိရ သည်။

ဆက်လက်၍ ချင်းတွင်းမြစ်ရေသည် မော်လိုက်မြို့တွင် စိုးရိမ်ရေမှတ်အထက်သို့ ရှစ်ပေခွဲခန့် ကျော်လွန်ရောက်ရှိနေပြီး အဆို ပါမြစ်ရေသည် လာမည့်တစ်ရက်အတွင်း တစ် ပေခွဲခန့် မြင့်တက်လာနိုင်ကာ စိုးရိမ်ရေမှတ် အထက်တွင်လည်းကောင်း၊ ကလေးဝမြို့တွင် စိုးရိမ်ရေမှတ်အထက်သို့ ခြောက်ပေကျော်ခန့် ကျော်လွန်နေပြီး အဆိုပါမြစ်ရေသည် လာမည့် တစ်ရက်အတွင်း သုံးပေခန့် မြင့်တက်လာနိုင် ကာ စိုးရိမ်ရေမှတ်အထက်တွင် လည်းကောင်း၊ မုံရွာမြို့တွင် စိုးရိမ်ရေမှတ်အထက်သို့ တစ်ပေ ခွဲခန့် ကျော်လွန်နေပြီး အဆိုပါမြစ်ရေသည် လာမည့်တစ်ရက်အတွင်း တစ်ပေခန့် မြင့်တက် လာနိုင်ကာ စိုးရိမ်ရေမှတ်အထက်၌ ဆက်လက် တည်ရှိနိုင်ကြောင်း သိရသည်။

ဒုဋ္ဌဝတီမြစ်ရေသည် မြစ်ငယ်မြို့တွင် စိုးရိမ်ရေမှတ်အထက်သို့ ပေဝက်ခန့် ကျော် လွန်ရောက်ရှိနေပြီး အဆိုပါမြစ်ရေသည် လာ မည့်တစ်ရက်အတွင်း တစ်ပေခွဲခန့် မြင့်တက် လာနိုင်ကာ စိုးရိမ်ရေမှတ်အထက် ဆက်လက် တည်ရှိနိုင်ကြောင်း သိရသည်။

Most Read

Most Recent