NUGGETS Viber Group က ဗဟိုဘဏ်အပေါ် မဟုတ်မမှန်သည့်သတင်းများထုတ်ပြန်ခဲ့သဖြင့် တည်ဆဲဥပဒေများနှင့်အညီ အရေးယူနိုင်ရန် တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းများနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိ

NUGGETS Viber Group က ဗဟိုဘဏ်အပေါ် မဟုတ်မမှန်သည့်သတင်းများထုတ်ပြန်ခဲ့သဖြင့် တည်ဆဲဥပဒေများနှင့်အညီ အရေးယူနိုင်ရန် တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းများနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိ
Published 11 August 2024

NUGGETS Viber Group က ဗဟိုဘဏ်အပေါ် မဟုတ်မမှတ်သည့်သတင်းများထုတ်ပြန်ခဲ့သဖြင့် တည်ဆဲဥပဒေများနှင့်အညီ အရေးယူနိုင်ရန် တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းများနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ဗဟိုဘဏ်က သတင်းထုတ်ပြန် ထား သည်။

နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ ငွေကြေးတည်ငြိမ်ရေးတို့ကို မလိုလားသည့် NUGGETS Viber Group အပါအဝင် အဖျက်သမားများသည် နိုင်ငံခြားငွေလဲလှယ်နှုန်း ကမောက်ကမ ဖြစ်စေလိုသည့် ရည်ရွယ်ချက်များ၊ ဈေးကစားလိုသည့်ရည်ရွယ်ချက်များ စသည်ဖြင့် ၎င်းတို့၏ အကျိုးစီးပွားအတွက် နိုင်ငံခြားငွေဈေးနှုန်းများသတ်မှတ်ခြင်း၊ တရားမဝင်ရောင်းဝယ်နေခြင်းများ ဆောင်ရွက်နေကြောင်း တွေ့ရှိရ၍ ဥပဒေနှင့်အညီ အရေးယူသွားမည်ဖြစ်ကြောင်းကို မြန်မာနိုင်ငံတော်ဗဟိုဘဏ် အနေဖြင့် (၉-၈-၂၀၂၄) ရက်နေ့ တွင် သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

ယင်းအခြေအနေတွင် NUGGETS Viber Group သည် မြန်မာနိုင်ငံတော်ဗဟိုဘဏ်အပေါ် သိက္ခာကျဆင်းစေလိုသော ရည်ရွယ်ချက်ဖြင့် မဟုတ်မမှတ်သည့်သတင်းများထုတ်ပြန်ပြီး တရားမဝင် နိုင်ငံခြားငွေ ရောင်းဝယ်ခြင်းကို ဝန်ဆောင်မှုပေးသွားမည်ဖြစ်ကြောင်း ၎င်းတို့၏ NUGGETS Viber Group မှ ထပ်မံကြေညာလာသည်ကို တွေ့ရှိရကြောင်း ဗဟိုဘဏ်ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

သို့ဖြစ်ပါ၍ ယင်း NUGGETS Viber Group အား တည်ဆဲဥပဒေများနှင့်အညီ အရေးယူနိုင်ရန် အတွက် တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းများနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ အများပြည်သူများအနေဖြင့်လည်း မလိုလားအပ်သည့် ဆုံးရှုံး နစ်နာမှုများ မဖြစ်ပေါ်စေရေးအတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ တရားဝင်ခွင့်ပြုချက် လိုင်စင်ရရှိထားသည့် ဘဏ်များနှင့် Money Changer များထံတွင်သာ နိုင်ငံခြားငွေများအား ရောင်းဝယ်လဲလှယ်ခြင်းကို ပြုလုပ်ကြရန် ဖြစ်ကြောင်း ထပ်မံအသိပေးအပ်ပါသည်။

Most Read

Most Recent