အလုံမြို့နယ်တွင် ယာဉ်တစ်စီးက အရှိန်လွန်ကာ YBS မှတ်တိုင်တွင် ရပ်နေသည့် လူခုနစ်ဦးကို ဝင်တိုက်

အလုံမြို့နယ်တွင် ယာဉ်တစ်စီးက အရှိန်လွန်ကာ YBS မှတ်တိုင်တွင် ရပ်နေသည့် လူခုနစ်ဦးကို ဝင်တိုက်
Published 13 August 2024

အလုံမြို့နယ်တွင် ယာဉ်တစ်စီးမှ အရှိန်လွန်ကာ မှတ်တိုင်ရှိ YBS ယာဉ်စောင့်နေသည့် လူခုနှစ်ဦးအား တိုက်မိမှု  ဖြစ်ပွားခဲ့ကြောင်း သိရသည်။

သြဂုတ် ၁၃ ရက် နံနက် ၆ နာရီကျော်ခန့်တွင် Caldina အမျိုးအစား အိမ်စီးယာဉ်တစ်စီးမှ မောင်းနှင်လာစဉ် အလုံမြို့နယ် ဆင်မင်းစျေးမှတ်တိုင်အရောက်တွင် အရှိန်လွန်ပြီး မှတ်တိုင်တွင် ဘက်စ်ကားရပ်စောင့်နေသူများအား တိုက်မိခဲ့ကြောင်း သိရသည်။

“မနက်အစောပိုင်းက ဆင်မင်းစျေမှတ်တိုင်နားမှာ ဖြစ်တာပါ။ မှတ်တိုင်မှာ ကားစောင့်နေတဲ့ လူခုနှစ်ဦး ဒဏ်ရာရပါတယ်” ဟု အခင်းဖြစ်နေရာသို့ ရောက်ရှိခဲ့သည့် ကြီးလေးကြီးလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယာဉ်တိုက်မှုကြောင့် မှတ်တိုင်ရှိ လူခုနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နှစ်ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း သိရသည်။

အိမ်စီးယာဉ်မှာ မှတ်တိုင်တွင် စောင့်ဆိုင်းနေသူများအား တိုက်မိပြီးနောက်တွင် လမ်းဘေး၌ ရပ်ထားသည့် Bongo အမျိုးအစားယာဉ်အား ထပ်မံတိုက်မိခဲ့ကြောင်း သိရသည်။

ယင်းသို့တိုက်မိသဖြင့် Bongo အမျိုးအစားယာဉ်မှာ တိမ်းမှောက်သွားခဲ့ကြောင်း သိရသည်။

ထိခိုက်ဒဏ်ရာရရှိသူများအား ကြီးလေးကြီးလူမှုကူညီရေးအသင်းနှင့် သံဝေဂလူမှုကူညီရေးအသင်းမှ ယာဉ်များဖြင့် ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent