နိုင်ငံတော် ဓာတ်အားစနစ်သို့ ပို့လွှတ်နေသည့် မြင်းခြံရှိ လျှပ်စစ်ဓာတ်အားပေးစက်ရုံ နှစ်ရုံ၏ စက်များ အရေးပေါ်ရပ်တန့်ခဲ့သဖြင့် မဂ္ဂါဝပ် ၄၉၂၀ လျော့နည်းနေဟု ရန်ကုန်လျှပ်စစ် ထုတ်ပြန်

နိုင်ငံတော် ဓာတ်အားစနစ်သို့ ပို့လွှတ်နေသည့် မြင်းခြံရှိ လျှပ်စစ်ဓာတ်အားပေးစက်ရုံ နှစ်ရုံ၏ စက်များ အရေးပေါ်ရပ်တန့်ခဲ့သဖြင့် မဂ္ဂါဝပ် ၄၉၂၀ လျော့နည်းနေဟု ရန်ကုန်လျှပ်စစ် ထုတ်ပြန်
Published 13 August 2024

နိုင်ငံတော်ဓာတ်အားစနစ်သို့ ပို့လွှတ် နေသည့် မြင်းခြံရှိ လျှပ်စစ်ဓာတ်အားပေးစက် ရုံနှစ်ရုံ၏ စက်များ အရေးပေါ်ရပ်တန့်ခဲ့သ ဖြင့် မဂ္ဂါဝပ် ၄၉၂၀ လျော့နည်းနေသည်ဟု ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပို ရေးရှင်းက ထုတ်ပြန်သည်။

နိုင်ငံတော်ဓာတ်အားစနစ်အတွင်း လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပို့လွှတ်နေသော v power သဘာဝ ဓာတ်ငွေ့သုံးစက်ရုံ (မြင်းခြံ)နှင့် sembcorp သဘာဝ ဓာတ်အားသုံးစက်ရုံ (မြင်းခြံ) တို့သည်  သြဂုတ် ၁၂ ရက် နံနက် ၁၁ နာရီကျော်တွင် စက်များ အရေးပေါ်ရပ်တန့်ခဲ့ သဖြင့် အဆိုပါဓာတ်အားပေးစက်များမှ ဓာတ်အားစနစ်သို့ ထုတ်လုပ်ပို့လွှတ်မှု ၄၉၂၀ မဂ္ဂါဝပ် နာရီခန့်လျော့နည်းလျက်ရှိသည်ဟု ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေးကော်ပို ရေးရှင်းက ထုတ်ပြန်သည်။

အဆိုပါဓာတ်အားပေးစက်များမှ ဓာတ်အားစနစ်သို့ ထုတ်လုပ်နိုင်မှု မရှိချိန်ကာလအတွင်း ဓာတ်အားစနစ် တည်ငြိမ်မှုရှိစေရန် အတွက် ရေအားလျှပ်စစ်စက်ရုံများမှ ဓာတ် အားဖြည့်တင်းခြင်း၊ အရေးပေါ်ဝန်အားထိန်း ညှိ‌မှုများဆောင်ရွက်ခြင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့တွင် သုံးစွဲဝန်အား ထက် လျှော့ချ၍ ဓာတ်အားဖြန့်ဖြူးပေးခြင်း နှင့်  စက်မှုဇုန်များကို ညပိုင်းတွင် လျှော့ချ၍ ဓာတ်အားဖြန့်ဖြူးပေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်းနှင့် ယာယီဓာတ်အားပြတ်တောက်မှုများ ရှိနိုင်မည်ဖြစ်ကြောင်း ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း က သတင်းထုတ်ပြန်သည်။

ထိုင်းအခြေစိုက် ဘန်ကောက်ပို့စ်သတင်း တွင် ဖော်ပြထားချက်အရ နယ်မြေမတည်ငြိမ် မှုများကြောင့် ှနာဘခသမစ ကုမ္ပဏီပိုင် မြင်းခြံ ရှိ မဂ္ဂါဝပ် ၂၂၅ ထွက်ရှိသည့် လျှပ်စစ်ဓာတ် အားပေးစက်ရုံကို ယာယီရပ်ဆိုင်းထားသည် ဟု ရေးသားဖော်ပြထားသည်။

စင်ကာပူအခြေစိုက်  sembcorp ကုမ္ပဏီက လုပ်ကိုင်နေသည့် မြင်းခြံ ၂၂၅ မဂ္ဂါဝပ် လျှပ်စစ်ဓာတ်အားပေးစက်ရုံကို ၂၀၁၉ ခုနှစ် မတ် ၁၆ ရက်က စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ် သည်။ ယခင်အစိုးရလက်ထက် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်းမှ မြင်းခြံဒေသ၊ အမှတ် (၁)သံမဏိစက်ရုံအနီး၌  IPP/BOT  စနစ်ဖြင့် ၂၂၅ မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့နှင့် စွန့်ပစ် အပူသုံး ဓာတ်အားပေးစက်ရုံ စီမံကိန်းများကို ဆောင်ရွက်ခဲ့သည်။

လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ် ငန်းမှ လျှပ်စစ်ဓာတ်အားတိုးတက်ထုတ်လုပ် နိုင်ရန် မြင်းခြံအမှတ် (၁) သံမဏိစက်ရုံအနီး တွင် IPP  ၉၀ မဂ္ဂါဝပ် ဓာတ်ငွေ့အင်ဂျင်သုံး ဓာတ်အားပေးစက်ရုံကို V Power Holdings Ltd

နှင့် ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၇ ရက်က စာ ချုပ်ချုပ်ဆိုခဲ့ပြီး ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်က စီးပွားဖြစ် စတင်ဓာတ်အားထုတ်လုပ် နိုင်ခဲ့ကာ ၂၀၁၉ ခုနှစ် မတ် ၃ ရက်၌ ဖွင့်လှစ် ခဲ့ကြောင်း၊ အဆိုပါဓာတ်အားပေးစက်ရုံမှ ဓာတ်အား ၉၀ မဂ္ဂါဝပ်ကို ဓာတ်အားစနစ်သို့ ချိတ်ဆက်ပို့လွှတ်လျက်ရှိကြောင်း သိရသည်။

ထို့ပြင် မြင်းခြံဒေသ၊ အမှတ် (၁)သံမဏိ စက်ရုံအနီး၌  IPP/BOT

စနစ်ဖြင့် ၂၂၅ မဂ္ဂါ ဝပ် သဘာဝဓာတ်ငွေ့နှင့် စွန့်ပစ်အပူသုံး ဓာတ်အားပေးစက်ရုံစီမံကိန်းကို Sebmcorp Myingyan Power Company

နှင့် ၂၀၁၆ ခုနှစ် မတ် ၂၉ ရက်က စာချုပ်ချုပ်ဆိုခဲ့ပြီး ၂၀၁၈ ခုနှစ် မေ ၇ ရက်တွင် ပထမအဆင့်အ နေဖြင့်လည်းကောင်း၊ ၂၀၁၈ ခုနှစ် အောက် တိုဘာ ၂ ရက်တွင် ဒုတိယအဆင့်အနေဖြင့် လည်းကောင်း စီးပွားဖြစ် စတင်ဓာတ်အား ထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။

Most Read

Most Recent