ပရီးမီးယားလိဂ်၊ စီးရီးအေနှင့် လာလီဂါပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

ပရီးမီးယားလိဂ်၊ စီးရီးအေနှင့် လာလီဂါပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Photo: afcstuff
Photo: afcstuff
Published 4 March 2024

ရှက်ဖီးယူနိုက်တက် နှင့် အာဆင်နယ် (မြန်မာစံတော်ချိန် အင်္ဂါနံနက် ၂း၃၀ နာရီ)

ချန်ပီယံပြေးလမ်းပေါ်က ပြိုင်ဘက်တွေဖြစ်တဲ့ လီဗာပူးလ်နဲ့ မန်စီးတီးတို့ နိုင်ပွဲကိုယ်စီ ရရှိခဲ့တာကြောင့် အာဆင်နယ်အသင်း ကပ်လိုက်နိုင်အောင် ကြိုးစားရမယ့်ပွဲပါ။  ဒါပမေဲ့ အာဆင်နယ်အတွက် ရှက်ဖီးယူနိုက်တက်က ရှည်ရှည်ဝေးဝေး စဉ်းစားစရာမရှိပဲ ၃ မှတ်ယူမှာ သေချာနေပါတယ်။ လက်ရှိပြသနေတဲ့ တိုက်စစ်အားကလည်း ကြောက်စရာဖြစ်ပြီး ပွဲတိုင်း ဂိုးမြူးနေတာလည်း တွေ့ရတယ်။ ဒီပွဲလည်း ဂိုးပြတ်သွင်းဦးမှာပဲ။

အင်တာမီလန် နှင့် ဂျီနိုအာ (မြန်မာစံတော်ချိန် အင်္ဂါနံနက် ၂း၁၅ နာရီ)

လက်ရှိ စီးရီးအေမှာ အင်တာမီလန်ကို ဖြိုလှဲနိုင်မယ့်အသင်း မရှိတော့ဘူးလားလို့တောင် ဆိုရမလိုပါပဲ။ အင်တာမီလန်ရဲ့ ကွင်းတွင်းခြေစွမ်းက အားရစရာအရမ်းကောင်းတယ်။ ရှေ့၊ လယ်၊ နောက် ဘယ်နေရာကိုမှ အပြစ်ပြောစရာမရှိဘူးလို့ဆိုရမယ်။ ဂျီနိုအာက ဥရောပဝင်ခွင့်မျှော်လင့်ချက် သိပ်မရှိသလို၊ တန်းဆင်းဇုန်နဲ့ ခပ်ဝေးဝေးမှာ ရှိနေတဲ့အသင်းပါပဲ။ အင်တာမီလန်အနိုင်သေချာပြီး ဂိုးပြတ်၊ မပြတ်တော့ စောင့်ကြည့်ရမယ်။

အိုဆာဆူနာ နှင့် အလာဗတ်စ် (မြန်မာစံတော်ချိန် အင်္ဂါနံနက် ၂း၃၀ နာရီ)

အိုဆာဆူနာ ကစားပုံ ပြန်တက်လာတယ်။ နောက်ဆုံး (၃) ပွဲဆက် ရှုံးပွဲမရှိကစားထားတယ်။ အလာဗတ်စ်ကလည်း အဝေးကွင်းအားနည်းပြီး ခံစစ်ကိုပဲ သတိထားကစားတတ်တဲ့ အသင်းဆိုတော့ အိမ်ရှင် အိုဆာဆူနာအတွက် အခွင့်အရေးသာနေတာတော့ သေချာတယ်။ အိုဆာဆူနာကို ကြိုက်တယ်။ (၂)သင်းပေါင်း သွင်းဂိုးနည်းနိုင်တယ်။

Most Read

Most Recent