လာမည့်ရာသီတွင် မိမိ ပိုကောင်းလာမည်ဟု အာဆင်နယ်တိုက်စစ်မှူး ဂျေးဇူး ကတိပေး 

လာမည့်ရာသီတွင် မိမိ ပိုကောင်းလာမည်ဟု အာဆင်နယ်တိုက်စစ်မှူး ဂျေးဇူး ကတိပေး 
Photo: Getty Images
Photo: Getty Images
Published 4 May 2024

 

အာဆင်နယ်တိုက်စစ်မှူး ဂါဘရီရယ်လ်ဂျေးဇူးက မိမိအနေဖြင့် လာမည့် ၂၀၂၄-၂၅ ရာသီတွင် ပိုကောင်းလာမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

အသက် ၂၇ နှစ်အရွယ်ရှိ ဘရာဇီးလ်လက်ရွေးစင်တိုက်စစ်ကစားသမား ဂျေးဇူး သည် ၂၀၂၂ နွေရာသီအပြောင်းအရွှေ့ကာလတွင် မန်စီးတီးအသင်းမှ အာဆင်နယ်အသင်းထံသို့ ပေါင် ၄၅ သန်းဖြင့် ပြောင်းရွှေ့လာခဲ့သူဖြစ်သည်။ ၎င်းသည် အာဆင်နယ် အသင်းတွင် ဒဏ်ရာပြဿနာများနှင့် ရင်ဆိုင်နေရပြီး နှစ်ရာသီအတွင်း ပြိုင်ပွဲစုံ ၆၆ ပွဲသာ ကစားထားနိုင်သေးသည်။ 

ဂျေးဇူးသည် ယခုရာသီတွင် ဒဏ်ရာပြဿနာများနှင့် ရုန်းကန်ခဲ့ရပြီး အာဆင်နယ်အတွက် ပရီးမီးယားလိဂ် ၂၄ ပွဲသာ ကစားထားနိုင်သေးပြီး ၄ ဂိုးသာ သွင်းယူပေးထားနိုင်သေးသည်။ အာဆင်နယ် အသင်းတာဝန်ရှိသူများသည် ဒဏ်ရာမကြာခဏ ရနေသည့် ဂျေးဇူး၏ကြံ့ခိုင်မှုအခြေအနေကို စိတ်ပျက်နေပြီး လာမည့်နွေရာသီအပြောင်းအရွှေ့စျေးကွက်တွင် ၎င်းအတွက် ကမ်းလှမ်းမှုများရှိလာပါက လက်ခံစဉ်းစားသွားဖွယ်ရှိကြောင်း သတင်းများထွက်ပေါ်လျက်ရှိသည်။ 

ယခုအခါ ဂျေးဇူးက မိမိအနေဖြင့် လာမည့်ရာသီတွင် ပိုကောင်းလာမည်ဖြစ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ ဂျေးဇူးက "ဒီရာသီက ကျွန်တော့်အတွက် ခက်ခဲပါတယ်။ ကျွန်တော်ဟာ ဒဏ်ရာပြဿနာတွေကြောင့် အသင်းရဲ့ရာသီပြင်ဆင်မှုတွေကို လွဲချော်ခဲ့ပါတယ်။ ခွဲစိတ်ကုသမှုတွေ ခံယူခဲ့ရသလို ဒဏ်ရာတွေလည်း ထပ်ရခဲ့ပါတယ်။ အခုအချိန်မှာတော့ ကျွန်တော့်အနေနဲ့ အာဆင်နယ်အသင်းကို အကောင်းဆုံးကူညီနိုင်ဖို့အတွက် ကျွန်တော် ကြိုးစားနေပါတယ်။ ကျွန်တော့်အနေနဲ့ လာမယ့်ရာသီကြိုကို ကြံ့ခိုင်မှုအပြည့်နဲ့ဖြတ်သန်းနိုင်ဖို့ မျှော်လင့်ပြီး နောက်ရာသီမှာ ကျွန်တော် ပိုကောင်းလာမှာပါ"ဟု ပြောကြားခဲ့သည်။

Most Read

Most Recent