■ လာမည့်ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲ၌ VAR စနစ် ဆက်လက်ကျင့်သုံးရန် ကလပ်အသင်း(၁၉)သင်းက ထောက်ခံခဲ့ပြီး ဝုလ်ဗ်တစ်သင်းသာ ကန့်ကွက်ခဲ့      

■ လာမည့်ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲ၌ VAR စနစ် ဆက်လက်ကျင့်သုံးရန် ကလပ်အသင်း(၁၉)သင်းက ထောက်ခံခဲ့ပြီး ဝုလ်ဗ်တစ်သင်းသာ ကန့်ကွက်ခဲ့      
Photo: Getty Images
Photo: Getty Images
Published 7 June 2024

လာမည့်ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲ၌ VAR စနစ် ဆက်လက်ကျင့်သုံးရန် ဝုလ်ဗ်အသင်းတစ်သင်းသာ ကန့်ကွက်ခဲ့ပြီး ကျန် (၁၉) သင်းစလုံးက ထောက်ခံခဲ့ကြောင်း သိရသည်။ ကလပ်အသင်း အနည်းဆုံး(၁၄)သင်းက ကန့်ကွက်မှသာ VAR စနစ်ကို ဖျက်သိမ်းနိုင်မည်ဖြစ်သော ကြောင့် ဝုလ်ဗ်အသင်း၏ အဆိုပြုမှုမှာ မအောင်မြင်ခဲ့ကြောင်း သိရသည်။ 

    

၂၀၂၃-၂၀၂၄ ရာသီတွင် VAR စနစ်နှင့် ဒိုင်များ၏ စွမ်းဆောင်ရည်အပေါ် ဝေဖန်မှုများစွာ ထွက်ပေါ်ခဲ့ပြီး ဝုလ်ဗ်အသင်းက ၂၀၂၄-၂၀၂၅ ရာသီတွင် VAR စနစ် အသုံးပြုမှု ဖျက်သိမ်းရန် အဆိုပြုတင်ပြခဲ့သည်။ 

ဝုလ်ဗ်အသင်း၏တင်ပြချက်တွင် ဘောလုံးလောကအတွက် အ ကောင်းဆုံးဖြစ်နိုင်ခြေရလဒ်ကို မိမိတို့အားလုံး ရှာဖွေလျက်ရှိကြောင်း၊ ပရီးမီးယားလိဂ်တွင် VAR စနစ်ကို (၅) ရာသီကြာ အသုံးပြုပြီးနောက် ၎င်းင်း၏အနာဂတ်အတွက် အပြုသဘောဆောင်၍ ဝေဖန်ပိုင်းခြားမှုလုပ်ရန် အချိန်ကျရောက်ပြီဖြစ်ကြောင်း၊ အနည်းငယ်သာ တိုးတက်လာ သည့် တိကျမှုအတွက် မိမိတို့ပေးချေရသည့် ကုန်ကျမှုမှာ ဆန့်ကျင်ဘက်ဖြစ်နေကြောင်း၊ ရလဒ်အနေဖြင့် ၂၀၂၄-၂၀၂၅ ရာသီမှစ၍ VAR အသုံးပြုမှု ပယ်ဖျက်သင့်ကြောင်း ဖော်ပြထားသည်။

    

ဝုလ်ဗ်အသင်း၏ အဆိုပြုတင်ပြချက် အပေါ် ဇွန် (၆) ရက်က ပြုလုပ်သည့် ပရီးမီးယားလိဂ်ကလပ်အသင်းများ နှစ်ပတ်လည်အစည်းအဝေးတွင် ဆွေးနွေး၍ မဲခွဲဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ ယင်းအစည်းအဝေးမတိုင်မီ ပရီးမီးယားလိဂ်ပြိုင်ပွဲက ဇွန် (၅) ရက်တွင် ကလပ်အသင်းများထံပေးပို့ သည့် ရှင်းလင်းချက်စာတမ်း၌ VAR အသုံးပြုမှု၏ အားသာချက်များကို အချက်အလက်ဖြင့် ရှင်းလင်းဖော်ပြခဲ့သည်။

    

"VAR တိုးတက်မှုအစီအစဉ်" ဟု အမည်ပေးထား သည့် အဆိုပါရှင်းလင်းချက်ကို ပရီးမီးယားလိဂ်ပြိုင်ပွဲ၏ ဘောလုံးအရာရှိချုပ် တိုနီစခိုးလ်က ရေးသားထားပြီး VAR စနစ်မရှိလျှင် အရေးပါသည့် ပွဲစဉ်များတွင် ကွင်းတွင်း ဒိုင်လူကြီးများ၏ မှားယွင်းသည့် ဆုံးဖြတ်ချက်များကို ပြင် ဆင်ခွင့်ရတော့မည် မဟုတ်ကြောင်း၊ VAR အသုံးမပြုတော့ပါက ပွဲစဉ်များတွင် အနှောင့်အယှက်ဖြစ်မှုနှင့် နှောင့်နှေးကြန့်ကြာမှု လျော့နည်းသွားမည်ကို အသိအမှတ်ပြုသော်လည်း အဆုံးအဖြတ်ပွဲစဉ်များနှင့် အရေးပါသည့် ပွဲစဉ်များအပါအဝင် တစ်ရာသီအတွင်း အမှားအယွင်းဖြစ် နိုင်သည့်ဆုံးဖြတ်ချက် အကြိမ် (၁၀၀) ခန့် ပိုမို ကြုံတွေ့ရနိုင်ကြောင်း ဖော်ပြထားသည်။ 

ထို့ပြင် ၂၀၂၃-၂၀၂၄ ရာသီတွင် VAR ၏ ဆုံးဖြတ်ချက်မှန်ကန်မှု (၁၀၅) ကြိမ်နှင့် မှားယွင်းမှု (၅)ကြိမ်သာရှိပြီး ၂၀၂၂-၂၀၂၃ ရာသီတွင် ဆုံးဖြတ်ချက်မှန်ကန်မှု (၁၀၅) ကြိမ်နှင့် မှားယွင်းမှု (၁၁) ကြိမ်ရှိသောကြောင့် တိုးတက်မှုရှိလာကြောင်း သိရသည်။ VAR ဖြင့် စစ်ဆေးရန် အချိန်ကြာမြင့် မှုမှာမူ ယခင်ရာသီက တစ်ပွဲပျမ်းမျှ စက္ကန့် (၄၀) မှ ယခု ရာသီတွင် (၆၄)စက္ကန့်သို့ တိုးလာခဲ့သည်။

Most Read

Most Recent