ထိုင်ဝမ်ကျွန်းအနီးတွင် ၂၄ နာရီအတွင်း တရုတ်စစ်လေယာဉ် ၆၆ စင်းကို စံချိန်တင် ထောက်လှမ်းတွေ့ရှိခဲ့ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာန ပြောကြား

ထိုင်ဝမ်ကျွန်းအနီးတွင် ၂၄ နာရီအတွင်း တရုတ်စစ်လေယာဉ် ၆၆ စင်းကို စံချိန်တင် ထောက်လှမ်းတွေ့ရှိခဲ့ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာန ပြောကြား
ဇူလိုင် ၉ ရက်က ပစိဖိတ်သမုဒ္ဒရာအတွင်း တရုတ်၏ ရှန်တုံလေယာဉ်တင်သင်္ဘောနှင့် လေယာဉ်တစ်စင်းကို တွေ့ရစဉ်(Photo: AFP)
ဇူလိုင် ၉ ရက်က ပစိဖိတ်သမုဒ္ဒရာအတွင်း တရုတ်၏ ရှန်တုံလေယာဉ်တင်သင်္ဘောနှင့် လေယာဉ်တစ်စင်းကို တွေ့ရစဉ်(Photo: AFP)
Published 11 July 2024

ထိုင်ဝမ်ကျွန်းအနီးတွင် ပြီးခဲ့သည့် ၂၄ နာရီအတွင်း တရုတ်၏ စစ်လေယာဉ် ၆၆ စင်းကို ထောက်လှမ်းတွေ့ရှိခဲ့ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ဇူလိုင် ၁၁ ရက်က ပြောကြားခဲ့ပြီး ယင်းသည့် ယခုနှစ်အတွင်း ထိုင်ဝမ်ကျွန်းအနီး တရုတ်လေယာဉ်အစင်းရေအများဆုံး တွေ့ရှိမှုဖြစ်ခဲ့သည်။

တရုတ်သည် ထိုင်ဝမ်ကျွန်းအနီးရှိ ရေပြင်များတွင် စစ်ရေးလေ့ကျင့်မှုများပြုလုပ်နေကြောင်း ထိုင်ဝမ်က ပြောကြားခဲ့ပြီးနောက် တစ်ရက်အကြာတွင် ထိုလေယာဉ်များကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ထိုင်ဝမ်ကျွန်းအနီးတွင် တရုတ်လေယာဉ် ၃၇ စင်းကို ဇူလိုင် ၁၀ ရက်က ထောက်လှမ်းတွေ့ရှိခဲ့ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့ပြီး ထိုလေယာဉ်များသည် ပစိဖိတ်သမုဒ္ဒရာအနောက်ပိုင်းရှိ လေယာဉ်တင်သင်္ဘောနှင့်အတူ လေ့ကျင့်ခန်းများ ပြုလုပ်ရန် ဦးတည်ပျံသန်းခဲ့ခြင်းဖြစ် ကြောင်းထုတ်ပြန်ခဲ့ပြီးနောက် ဇူလိုင် ၁၁ ရက်တွင် တရုတ်လေယာဉ်များကို စံချိန်တင်တွေ့ ရှိခဲ့ခြင်းလည်းဖြစ်သည်။

ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)၏ လေယာဉ် ၆၆ စင်းနှင့် PLA  သင်္ဘောခုနစ်စင်းတို့ကို ယနေ့နံနက် ၆ နာရီ အထိတွေ့ရှိခဲ့ကြောင်း ထိုင်ဝမ်ကာကွယ်ရေး ဝန်ကြီးဌာနက ဇူလိုင် ၁၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ထိုလေယာဉ်များအနက် လေယာဉ် ၅၆ စင်းသည် တရုတ်နှင့် ထိုင်ဝမ်ကို ပိုင်းခြားထားသည့် ထိုင်ဝမ်ရေလက်ကြား၏ အလယ်စည်းကို ဖြတ်သန်းခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

မိမိတို့အနေဖြင့် အခြေအနေကို စောင့်ကြည့်ခဲ့ပြီး သင့်လျှော်သလို တုံ့ပြန်သွားမည် ဖြစ်ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ယခုနှစ်အတွင်း ထိုင်ဝမ်အနီးတွင် တရုတ်စစ်လေယာဉ်အများဆုံးတွေ့ရသည့် ယခင်စံချိန်သည် မေလကဖြစ်ပြီး ထိုအချိန်က ထိုင်ဝမ်ကျွန်းအနီးတွင် တရုတ်စစ်လေယာဉ် ၆၂ စင်းနှင့် ရေတပ်သင်္ဘော ၂၇ စင်းကို ထောက်လှမ်းတွေ့ရှိခဲ့ခြင်းဖြစ်သည်။

ထိုအချိန်က ထိုင်ဝမ်တွင် သမ္မတလိုင်ချင်တယ် ကျမ်းသစ္စာကျိန်ဆိုပွဲအပြီး ရက်ပိုင်းအကြာတွင် တရုတ်က စစ်ရေးလေ့ကျင့်မှုများပြုလုပ်ခဲ့ပြီး လေယာဉ်များနှင့် စစ်သင်္ဘောများကို စေလွှတ်ခဲ့ခြင်းဖြစ်သည်။

တရုတ်သည် ထိုင်ဝမ်ကို ၎င်း၏နယ်နိမိတ်အဖြစ် ကြေညာထားပြီး လိုအပ်လာပါက အင်အားသုံးသိမ်းယူသွားမည်ဟု ပြောကြားခဲ့သည်။

ထို့ပြင် တရုတ်က ထိုင်ဝမ်သမ္မတသစ်လိုင်ကို အန္တရာယ်များသည့် ခွဲထွက်ဝါဒီတစ်ဦးအဖြစ် သတ်မှတ်ထားသည်။

မကြာသေးမီက အမေရိကန်၏ ထိပ်သီးအရာရှိတစ်ဦးနှင့် ထိုင်ဝမ်အကြားတွေ့ဆုံမှုနှင့် ထိုင်ဝမ်အပေါ် ထောက်ခံကြောင်းပြောကြားမှုများအပါအဝင် နိုင်ငံရေးဖြစ်စဉ်များကို တုံ့ပြန်သည့်အနေဖြင့် တရုတ်က စစ်အင် အားပြသခြင်းဖြစ်သည်ဟု စစ်ရေးကျွမ်းကျင်သူ ဆုဇူးယွမ်က ပြောကြားခဲ့သည်။

တရုတ်သည် ထိုင်ဝမ်အပေါ် အမေရိကန်၏ ထောက်ခံမှုကိုမကျေနပ်ကြောင်းဖော်ပြရန်အတွက် ထိုင်ဝမ်ကို ဖိအားများတိုးမြှင့်နေကြောင်း ထိုင်ဝမ်၏အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးသုတေသနအင်စတီကျုမှ ကျွမ်းကျင်သူ ဆုက ပြောကြားခဲ့သည်။

ထိုင်ဝမ်သည် တရုတ်၏ တောင်ပိုင်းကမ်းရိုးတန်းမှ ၁၈၀ ကီလိုနီတာ(မိုင် ၁၁၀)အကွာတွင် တည်ရှိသည်။

Ref: AFP

Most Read

Most Recent