ထိုင်းနိုင်ငံတွင် တရားမဝင် အလုပ်သမား ဖမ်းဆီးရေး ရက်ပေါင်း ၁၂၀ စီမံချက်၏ ၃၆ ရက်အတွင်း မြန်မာလုပ်သားရှစ်သောင်းကျော် အပါအဝင် နိုင်ငံခြားသားအလုပ်သမား တစ်သိန်းကျော် ဖမ်းဆီးခံရ

ထိုင်းနိုင်ငံတွင် တရားမဝင် အလုပ်သမား ဖမ်းဆီးရေး ရက်ပေါင်း ၁၂၀ စီမံချက်၏ ၃၆ ရက်အတွင်း မြန်မာလုပ်သားရှစ်သောင်းကျော် အပါအဝင် နိုင်ငံခြားသားအလုပ်သမား တစ်သိန်းကျော် ဖမ်းဆီးခံရ
ဖမ်းဆီးခံရသည့် ရွှေ့ပြောင်းလုပ်သားများကို တွေ့ရစဉ် (ဓာတ်ပုံ- Thai News)
ဖမ်းဆီးခံရသည့် ရွှေ့ပြောင်းလုပ်သားများကို တွေ့ရစဉ် (ဓာတ်ပုံ- Thai News)
Published 14 July 2024
ကိုရွှေသိိန်း (မြဝတီ)

ထိုင်းနိုင်ငံအတွင်း တရားမဝင်အလုပ်သမားဖမ်းဆီးရေး ရက်ပေါင်း ၁၂၀ စီမံချက်၏ ၃၆ ရက်အတွင်း မြန်မာအပါအဝင် နိုင်ငံခြား သားအလုပ်သမား ၁၀၀၀၀၀ ကျော် ဖမ်းဆီးရ မိခဲ့ကြောင်း  ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီး ဌာန၏သတင်းထုတ်ပြန်ထားချက်အရ သိရ သည်။

တရားမဝင်အလုပ်သမား ဖမ်းဆီးရေးအ တွက် ရက်ပေါင်း ၁၂၀ စီမံချက်အဖြစ် ဇွန်   ၅ ရက်မှ ဇူလိုင် ၁၁ ရက်အထိ ၃၆ ရက်အတွင်း အလုပ်ရုံ၊ စက်ရုံ၊ လုပ်ငန်းဆိုက်အသီးသီးရှိ တရားမဝင်အလုပ်သမားများကို လိုက်လံစစ် ဆေးမှုပြုလုပ်ရာတွင် အထောက်အထားမဲ့ လုပ်သားစုစုပေါင်း ၁၀၈၈၇၅ ဦး ဖမ်းဆီးရမိ ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ထိုင်းအလုပ်အကိုင်ဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးဌာန၊ ရဲဌာနအပါဝင် ဌာနဆိုင် ရာအဖွဲ့များသည်  ဘန်ကောက်မြို့ ဟွေ့ခွာဝေး၊ ဖာစီကျလိန်တွင် စျေးဆိုင်များ၊ ဘန်ခယ်မြို့ နယ်ရှိ စက်ရုံများနှင့် ရတ်ချ်ဘူရီနယ်မြေတွင် အုန်းသီးစက်ရုံ၊ ဥဒွန်ထာနီရှိ စားသောက်ဆိုင် များနှင့် ချတ်ချင်စောင်တွင်  ဆောက်လုပ်ရေး အပါအဝင် နေရာပေါင်းများစွာတို့မှ တရားမ ဝင်ရွှေ့ပြောင်းလုပ်သား စုစုပေါင်း ၁၀၈၈၇၅ ဦး ဖမ်းဆီးရမိခဲကြောင်း ထုတ်ပြန်ထားသည်။

ပူးပေါင်းစစ်ဆေးရေးအဖွဲ့က ဖမ်းဆီးရ မိသူများအနက် မြန်မာနိုင်ငံသား အလုပ်သ မား ၈၀၉၁၃ ဦး၊ ကမ္ဘောဒီးယားအလုပ်သမား ၁၆၅၀၇ ဦး၊ လာအိုအလုပ်သမား ၇၈၀၄ ဦး၊ ဗီယက်နမ်အလုပ်သမား ၁၀၄ ဦးနှင့် အခြား နိုင်ငံသားအလုပ်သမား ၃၅၄၇ ဦးဖြစ်ကြောင်း သိရသည်။

ထိုင်းအာဏာပိုင်များသည်  မြန်မာအ လုပ်သမား ၄၇၃ ဦး၊ လာအိုအလုပ်သမား ၁၀၁ ဦး၊ ကမ္ဘောဒီးယားအလုပ်သမား ၇၄ ဦး၊ ဗီ ယက်နမ်အလုပ်သမား ၁၄ ဦး၊ အခြားနိုင်ငံ သားလုပ်သား ၆၄ ဦးတို့ကို အရေးယူဆောင် ရွက်သွားမည်ဟု သိရသည်။

နိုင်ငံခြားသား အလုပ်သမားများအနက် အထောက်အထားမဲ့ အလုပ်လုပ်ကိုင်ခွင့် Work Permit မရှိသည့် အလုပ်သမားနှင့် လုပ်ကိုင်ခွင့်မရှိသည့် အလုပ်အမျိုးအစားကို

လုပ်ကိုင်သည့်အလုပ်သမားကို တွေ့ရှိပါက ဒဏ်ငွေ ဘတ် ၅၀၀၀ မှ ၅၀၀၀၀ အထိ အလုပ် သမားက ဒဏ်ငွေပေးဆောင်ရမည်ဖြစ်ပြီး နေရပ်သို့ ပြန်ပို့ခံရခြင်းနှင့်အတူ အလုပ်လုပ် ကိုင်ခွင့်နှစ်နှစ် ပိတ်ခံရမည်ဖြစ်ကြောင်း သိရ သည်။

အလုပ်လုပ်ကိုင်ခွင့်မရှိသည့် အလုပ်သ မားများအား လက်ခံသည့်အလုပ်ရှင်ကို တွေ့ ရှိပါက အလုပ်သမားတစ်ဦးလျှင် ဘတ် ၁၀၀၀၀ မှ ၁၀၀၀၀၀ အထိ ဒဏ်ငွေပေးဆောင်ရမည် ဖြစ်ပြီး ထပ်မံကျူးလွန်မှုတွေ့ရှိပါက ထောင် ဒဏ်အများဆုံး တစ်နှစ်နှင့် ဘတ်ငွေ ၅၀၀၀၀ မှ ၂၀၀၀၀၀ အထိ ပေးဆောင်ရမည်ဖြစ်သလို ရွှေ့ပြောင်းအလုပ်သမားငှားရမ်းခွင့် သုံးနှစ် ပိတ်ခံရမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံ အလုပ်သ မားဦးစီးဌာနက ထုတ်ပြန်ထားကြောင်း ထိုင်းငံဘက်မှလာသောသတင်းများအရ သိရ သည်။

Most Read

Most Recent