ထိုင်းနိုင်ငံက မြန်မာနိုင်ငံသား (၁၂၀)ကျော်ကို မြန်မာနိုင်ငံ၊ကော့သောင်းမြို့သို့ ပြန်ပို့

ထိုင်းနိုင်ငံက မြန်မာနိုင်ငံသား (၁၂၀)ကျော်ကို မြန်မာနိုင်ငံ၊ကော့သောင်းမြို့သို့ ပြန်ပို့
ဓာတ်ပုံ - ထိုင်းနိုင်ငံလူဝင်မှု့ကြီးကြပ်ရေးနှင့်စစ်‌ဆေးရေးဌာန
ဓာတ်ပုံ - ထိုင်းနိုင်ငံလူဝင်မှု့ကြီးကြပ်ရေးနှင့်စစ်‌ဆေးရေးဌာန
Published 27 September 2024

ထိုင်းနိုင်ငံက မြန်မာနိုင်ငံသား (၁၂၀)ကျော်ကို မြန်မာနိုင်ငံ၊ကော့သောင်းမြို့သို့ စက်တင်ဘာ ၂၆ ရက်နေ့က ပြန်ပို့ခဲ့ကြောင်းသိရသည်။

ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံခဲ့ပြီးသည့် မြန်မာနိုင်ငံသား (၁၂၇)ဦးကို ယနေ့ စက်တင်ဘာ ၂၆ ရက် မွန်းလွဲပိုင်းအချိန်တွင် ထိုင်းနိုင်ငံ ရနောင်းမြို့မှတဆင့် မြန်မာနိုင်ငံ ကော့သောင်းမြို့ဘက်သို့ပြန်လည်ပို့ဆောင်ခဲ့ကြောင်း သိရသည်။

အဆိုပါ နေရပ်ပြန် မြန်မာနိုင်ငံသားများကို ကော့သောင်းမြို့ သက်ဆိုင်ရာတာဝန် ရှိသူများက ကိုဗစ်(၁၉)ရောဂါပိုး ရှိ/မရှိ စစ်ဆေးခြင်း၊ ကိုယ်ရေးအချက်အလက် စစ်ဆေးခြင်းနှင့် အသိပညာပေးမှုများလုပ်ဆောင်ခဲ့ကြပြီး၊ ကိုဗစ်ရောဂါ သံသယရှိသူများကို စောင့်ကြည့်ရေးစင်တာတွင် ယာယီထားရှိကာ စောင့်ကြည့်သွားမည်ဖြစ်ကြောင်း သိရသည်။

ကိုဗစ်သံသယ မရှိသူများကို ၎င်းတို့နေရပ်သို့ ပြန်လည်ရောက်ရှိရေး ကော့သောင်းမြို့တာဝန်ရှိသူများက စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဇော်မိုးဦး ( မြိတ်)

 

Most Read

Most Recent