သူရဦးတင်ဦး ကွယ်လွန်ခြင်းအတွက် ဝမ်းနည်းအမှတ်တရ စကားသံများ

သူရဦးတင်ဦး ကွယ်လွန်ခြင်းအတွက် ဝမ်းနည်းအမှတ်တရ စကားသံများ
Published 1 June 2024

ရခိုင့်ဦးဆောင်ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်

ကျွန်တော်လည်း ကြားပါတယ်။ ဗိုလ်ချုပ်ကြီး တင်ဦး ကွယ်လွန်သွားပြီဆိုတဲ့ သတင်း။ စိတ်မကောင်းဖြစ်ရပါတယ်။ ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်ဦးနဲ့ ပတ်သက်လို့ပေါ့လေ။ ကျွန်တော်တို့ ရခိုင်အရေးမှာလည်း ရှေ့တန်းကနေ လာရောက်ပြီးတော့ အားပေးချီးမြှင့်ဖူး ပါတယ်။ အစည်းအဝေး လုပ်တိုင်းလေ။ ကျန်း မာတဲ့ ကာလတုန်းကပါ။ နောက်ပိုင်းလည်း NLD အာဏာရှိစဉ်တုန်းကလည်း လိုအပ်ရင် လိုအပ်သလို ဆွေးနွေးကြဖူးတာ ရှိပါတယ်။ တိုင်းရင်းသားတွေနဲ့ မိတ်ဖက်တပ်မတော် ခေါင်းဆောင်ကြီးတစ်ဦးလို့ နားလည်ပါတယ်။ အဲဒီလိုလည်း လက်ခံပါတယ်။ အလွန်တရာ ကြီးမားတဲ့ ဆုံးရှုံးမှုကြီးပါ။ ကျွန်တော်တို့ အားလုံးအတွက်ပါ။ ကျွန်တော်တို့ မြင်ချင်တဲ့ အ ခင်းအကျင်းအသစ်ကို သူ မမြင်သွားနိုင်ခဲ့ဘူး လို့ပဲ သတ်မှတ်ပါတယ်။ အားလုံးနဲ့ထပ်တူ  NLD ပါတီ၊ စစ်မှုထမ်းပေါ့၊ တပ်မတော် ခေါင်းဆောင်ကြီးတစ်ဦး ဆုံးရှုံးသွားတယ်။ အရင်တုန်းကဆိုလည်း တပ်မှူးဟောင်းများ ခေါင်းဆောင်အနေနဲ့ရောပေါ့ဗျာ။ အလွန်တ ရာမှ ဆုံးရှုံးမှုတစ်ခုပါ။

ပြည်သူ့ပါတီခေါင်းဆောင် ဦးကိုကိုကြီး

ပြောရရင်တော့ ကျွန်တော်တို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဘဝမှာလည်း တော်တော်လေး လူချစ်လူခင်များတဲ့ ပုဂ္ဂိုလ် တစ်ယောက်ဖြစ်ပါတယ်။ တာဝန်အရ လုပ်ခဲ့ ကိုင်ခဲ့ရတာတွေ တချို့အပေါ်မှာ တချို့က ဝေဖန်တာတွေ ရှိပေမဲ့ လူပုဂ္ဂိုလ်အားဖြင့် တကယ်ရိုးသားတဲ့ စစ်သားကောင်းကြီး တစ် ယောက်ပါ။ အဲဒီတော့ ဒီမိုကရေစီ လှုပ်ရှားမှု မှာလည်း  စစ်တပ်ဘက်က ပါလာတဲ့အခါကျ တော့ ကျွန်တော်တို့ ၈၈ မျိုးဆက်တွေ ကိုယ် တိုင်က တပ်မတော်ခေါင်းဆောင်တစ်ယောက် အနေနဲ့ ကျွန်တော်တို့ သူ့အပေါ်မှာ အများကြီး ပဲ အားကိုးမျှော်လင့်ခဲ့ကြတာတွေ ပါပါတယ်။ ဒါကြောင့်မို့လို့ သူကွယ်လွန်သွားတယ်ဆိုတဲ့ ကိစ္စက ကျွန်တော်တို့ နိုင်ငံရေးရှေ့မီ၊ နောက် မီ၊ အရပ်ဘက်-စစ်ဘက် နားလည်တဲ့ပုဂ္ဂိုလ် အင်မတန်ရှားရှားပါးပါးကာလမှာ ဒါ ဆုံးရှုံးမှု တစ်ခုလို့ မြင်ပါတယ်။

တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ ဒုတိယ ဥက္ကဋ္ဌ ဦးသိန်းထွန်း

ကျွန်တော်တို့ကလည်း ဝမ်းနည်းပါ တယ်။ ဘာဖြစ်လို့လဲဆိုတော့ သူလည်းပဲလွတ် လပ်ရေးကြိုးပမ်းမှုမှာလည်းပါဝင်ကြိုးပမ်း ဆောင်ရွက်ခဲ့တဲ့ပုဂ္ဂိုလ်၊ တပ်မတော်မှာလည်းပဲ ကာကွယ်ရေးဦးစီးချုပ် တာဝန်ထမ်းဆောင်  ခဲ့တဲ့ပုဂ္ဂိုလ်၊ နောက်တော်လှန် ရေးကောင်စီ၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီမှာလည်း ဗဟိုအလုပ်အမှုဆောင်ကော်မတီတာဝန် ထမ်းဆောင်ပြီးတော့ ကျွန်တော်တို့အတူ တကွတာဝန်ထမ်းဆောင်ခဲ့ဖူးပါတယ်။ နောက်ပိုင်းကျတော့မှလည်း သူ့အခြေ အနေ နဲ့သူပေါ့။ အဲဒီတော့တာဝန်ပြောင်းလဲပြီး တော့ NLD မှာ တာဝန်ထမ်းဆောင်တာ။ NLD မှာ နာယကတာဝန်ထမ်း ဆောင်စဉ်မှာ လည်း ကျွန်တော်တို့တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီရဲ့ ပါတီနှစ် ပတ်လည်နေ့တို့၊ ပြည်ထောင်စုနေ့တို့မှာဖိတ်ကြားရင် အမြဲ တမ်း ရင်းနှီးစွာနဲ့လာရောက်ပြီးတော့ တက် ရောက်ချီးမြှင့်ပါတယ်။ အဲဒီတော့အခုလို ကျွန်တော်တို့ရဲ့အရင်တုန်းက အတူတူတာ ဝန်ယူလုပ်ခဲ့တဲ့ ပုဂ္ဂိုလ်ကြီးတစ်ယောက် အ နေနဲ့ ဝမ်း နည်းပါတယ်။ ရင်းနှီးလေးစားစွာနဲ့  တာဝန်ထမ်းဆောင်ခဲ့တဲ့ ပုဂ္ဂိုလ်ဖြစ်ပါတယ်။  အခုလို ကွယ်လွန်သွားတဲ့အတွက် အထူးကြွေ ကွဲဝမ်းနည်းပါတယ်။ ကောင်းရာသုဂတိ ရောက်ပါစေလို့ ဆုတောင်းပါတယ်။

လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးကျော်ဇေယျ

ကျွန်တော်က နောက်ဆုံးရောက်တဲ့ အချိန်မှာ သူ ကျွန်တော့်ကို ကြည့်ပြီး မျက်ရည် တွေ ကျနေတာနဲ့ကို ကျွန်တော် နောက်တစ် ခေါက် မရောက်ဖြစ်တော့ဘူး။ မရောက်တာ တစ်နှစ်ကျော် နှစ်နှစ်နီးပါးရှိသွားပြီ။ ပြောရ ရင်တော့ ကျွန်တော် ဒဂုံမြို့နယ်ကစပြီးတော့ ပါတီဝင်ဖြစ်တာလည်း သူ့ရဲ့ တိုက်တွန်းမှုတွေ အများကြီး ပါပါတယ်။ ကျွန်တော်ဗိုလ်လောင်း ဘဝမှာ သူက နားသွားတယ်။ နားသွားပေမဲ့ ဗိုလ်ချုပ်ကြီး တင်ဦးရဲ့ ဇနီးနဲ့ ကျွန်တော့်ဇနီး နဲ့က အရင်ကတုန်းကတည်းက သိခဲ့တာပေါ့။ သီတင်းကျွတ်ဆိုရင် ကျွန်တော်တို့ အမြဲတမ်း ကန်တော့ပါတယ်။ ဒီလို တပ်မတော်ကာကွယ် ရေးဦးစီးချုပ်တစ်ယောက်ဟာ သူတပ်ချုပ်ရာ ထူး လွှဲပြောင်းရချိန်မှာ ကျွန်တော်တို့ တပ်မ တော်ရဲ့ အနေအထားက ကျွန်တော် ဗိုလ်  လောင်းအဆင့်ပဲရှိသေးတယ်။ ဒါပေမဲ့ ဗိုလ် လောင်းဆိုပေမဲ့ ကျန်တဲ့ ဆရာကြီးတွေ၊ နည်း ပြကြီးတွေက တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်အပေါ် ဘယ်လောက်ချစ်တယ်ဆိုတဲ့ အ တိုင်းအတာကို ကျွန်တော်တို့ မျက်ဝါးထင် ထင် တွေ့လိုက်ရတယ်။ ဘယ်နေရာမှာ တွေ့ လိုက်ရသလဲဆိုတော့ ကျွန်တော်တို့ တပ်မ တော်ကာကွယ်ရေးဦးစီးချုပ် အပြောင်းအလဲ ဖြစ်တဲ့အတွက် တပ်ထဲမှာ ပြဿနာမဖြစ် အောင် တပ်တွင်းဆူပူမှုမဖြစ်အောင်ထိန်းသိမ်းပြီးတော့ပြောတဲ့နေရာမှာကို အဲကဆရာ ကြီးတွေက နားထောင်ရင်းနဲ့ကို ပူညံပူညံ ဖြစ်လို့ ပွင့်ပွင့်လင်းလင်းပြောရရင် အရေးယူ ခံလိုက်ရတဲ့ ဆရာကြီးတွေအများကြီးပေါ့။ အဲကတည်းက ကျွန်တော်က စိတ်ဝင်စား တယ်။ စိတ်ဝင်စားတော့ ဒီတပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်ဟာ ရဲဘော်တွေက တော် တော်ချစ်ပါလား။ ဂေါက်လည်း မရိုက်ဘူး။ ခြင်းပဲခတ်တယ်။ ကျွန်တော် အဲဒီကတည်းက စိတ်ဝင်စားခဲ့တာပေါ့။ နောက် ကျွန်တော် NLD ပါတီရောက်တော့လည်း သီတင်းကျွတ် တိုင်း ကန်တော့တယ်။ သွားတယ်။ သူ ကျွန် တော့်ကို ဆုံးမတယ်။ အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးကောင်းအောင် မင်းလုပ်ပါ။ စာ တမ်းတွေပြုစုပြီး အကြံÓဏ်တွေပေးပါ။ ဦးဉာဏ်ဝင်းဆီ ပို့ပါဆိုလို့ ကျွန်တော် စာတမ်း သုံးစောင်လောက် ပို့တာပေါ့နော်။ ကျွန်တော် ဝမ်းနည်းတာက NLD အာဏာရချိန်မှာ ဗိုလ် ချုပ်ကြီး တင်ဦးရဲ့ နေရာမှာ ပွင့်ပွင့်လင်းလင်း ပြောရလို့ရှိရင် ဗိုလ်ချုပ်ကြီး တင်ဦးကို ပြုစုတဲ့ သူနာပြုဆရာမလေးက ရန်ကုန်မှာ နေစရာ မရှိလို့ ကိုဖြိုးမင်းသိန်းဆီကို တင်ပြတဲ့အခါမှာ ဖြိုးမင်းသိန်းက အင်းအဲလုပ်နေလို့ ကျွန်တော် တို့ ဒဂုံမြို့နယ်က ပါတီရုံးခန်းရဲ့ အပေါ်ထပ် မှာ တောက်လျှောက်ကြီး ထားခဲ့ရတာ ကျွန် တော်အလွန်ပဲ ဝမ်းနည်းရပါတယ်။

Most Read

Most Recent