ဆင်ပေါင်ဝဲမြို့နယ် သာစည်ကျေးရွာအနီးတွင် သုံးဘီးယာဉ်ပေါ်၌  လိုက်ပါလာသည့် အမျိုးသမီးတစ်ဦးကို PDF များက သေနတ်ဖြင့်ပစ်သတ်

ဆင်ပေါင်ဝဲမြို့နယ် သာစည်ကျေးရွာအနီးတွင် သုံးဘီးယာဉ်ပေါ်၌  လိုက်ပါလာသည့် အမျိုးသမီးတစ်ဦးကို PDF များက သေနတ်ဖြင့်ပစ်သတ်
Published 23 September 2024

ဆင်ပေါင်ဝဲမြို့နယ် သာစည်ကျေးရွာအ နီးတွင် သုံးဘီးယာဉ်ပေါ်၌ လိုက်ပါလာသည့် အမျိုးသမီးတစ်ဦးကို PDF များက သေနတ် ဖြင့်ပစ်သတ်ခဲ့ကြောင်း သိရသည်။

စက်တင်ဘာ ၂၀ ရက် ည ၇ နာရီ ၁၀ မိနစ်တွင် မကွေးတိုင်းဒေသကြီး ဆင်ပေါင်ဝဲမြို့နယ် သာစည်ကျေးရွာအနီး၌ သေနတ်ဖြင့်ပစ်ခတ်ခံရ၍ အမျိုးသမီးတစ်ဦး သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ဆင်ပေါင်ဝဲမြို့ နယ် ဓနုန်းမြောင်ကျေးရွာနေ ဒေါ်မာဌေး (၅၂ နှစ်)၊ မဖြူနှင်းေ၀ (၂၁ နှစ်) နှင့် ဒေါ်စန်းဝင်း (၄၁ နှစ်)တို့သည် ကိုဆန်းမင်းကျော် (၃၀ နှစ်) မောင်းနှင်သည့် သုံးဘီးယာဉ်ဖြင့် ကိုးပင်ကျေးရွာမှ ဓနုန်းမြောင်ကျေးရွာသို့ ထွက်ခွာလာစဉ် သာစည်ကျေးရွာအဝင်အရောက် PDF ခြောက်ဦးက သုံးဘီးယာဉ်အား ရပ်တန့်ခိုင်းကာ ယာဉ်ပေါ်ပါလာသူများအနက် ဒေါ်မာဌေးအား သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့သဖြင့် ၎င်းင်းတွင် ကျည်ထိမှန်ဒဏ်ရာများရရှိ ကာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Most Read

Most Recent