■ ပြင်သစ်ဖလား ဗိုလ်လုပွဲ ပွဲကြိုသုံးသပ်ချက် 

■ ပြင်သစ်ဖလား ဗိုလ်လုပွဲ ပွဲကြိုသုံးသပ်ချက် 
Photo: Getty Images
Photo: Getty Images
Published 24 May 2024

လိုင်ယွန် - PSG (မြန်မာစံတော်ချိန် မေလ ၂၆ ရက် နံနက် ၁:၃၀ နာရီ)



လိုင်ယွန်ရဲ့ ရာသီဝက်နောက်ပိုင်းခြေစွမ်းက အားရစရာကောင်းတယ်။ ရာသီအစပိုင်းမှာ ရလဒ်တွေဆိုးရွားခဲ့ပေမဲ့ ယူရိုပါလိဂ်ဝင်ခွင့်ရတဲ့အထိ သူတို့ရဲ့ ပုံစံကောင်းတစ်ခုကို ပြနိုင်ခဲ့တယ်။ လာကာဇက်ဦးဆောင်တဲ့ လိုင်ယွန်တိုက်စစ်က အတော်လေး အလုပ်ဖြစ်နေပြီး သူကိုယ်တိုင်လည်း အသင်းအတွက် အရေးပါတဲ့ ဂိုးတွေသွင်းပေးနေတယ်။ PSG ကလည်း ပြင်သစ်ရဲ့ အင်အားကြီးထိပ်သီးတစ်သင်းဖြစ်သလို၊ ဘယ်လိုပြိုင်ဘက်မျိုးကို မဆိုထိုးနှက်နိုင်တဲ့ လူစာရင်းကို ပိုင်ဆိုင်ထားတယ်။ ဒမ်ဘီလီ၊ ဘာကိုလာတို့လို တောင်ပံကစားသမားတွေရဲ့ ကြယ်ပွင့်ခြေစွမ်းက အားရစရာဖြစ်သလို၊ အမ်ဘာပေရဲ့ ကစားသမားဘဝ ပြင်သစ်မြေ နောက်ဆုံးပွဲဖြစ်နေတာကလည်း စောင့်ကြည့် ချင်စရာကောင်းပါတယ်။ ဒီရာသီတွေ့ကြုံမှုမှာ (၂)ကျော့စလုံး PSG က လိုင်ယွန်ကို (၄-၁)ဆိုတဲ့ ရလဒ်တွေနဲ့ အနိုင်ကစားခဲ့တာကိုလည်း တွေ့ရတယ်။ ဒီပွဲမှာလည်း PSG အသင်း မိနစ် (၉၀)အတွင်း အနိုင်ကစားပြီး ချန်ပီယံဖြစ်လိမ့်မယ်။ (၂-၀) လောက်ဖြစ်နိုင်တယ်။

 

Most Read

Most Recent