■ ဘိုင်ယန်မြူးနစ်နည်းပြအဖြစ် တူဟယ်လ် ဆက်ရှိနိုင်

■ ဘိုင်ယန်မြူးနစ်နည်းပြအဖြစ် တူဟယ်လ် ဆက်ရှိနိုင်
Photo: Getty Images
Photo: Getty Images
Published 17 May 2024

ဘိုင်ယန်မြူးနစ်အသင်း၏ နည်းပြ သောမတ်စ်တူဟယ်လ်သည် ရာသီကုန်တွင် လမ်းခွဲမည်ဟု အတည်ပြုကြေညာထားခဲ့သော်လည်း ယခုအခါ အသင်းနှင့် ဆက်လက်လက်တွဲသွားဖွယ်ရှိနေကြောင်း သိရသည်။ 

ဘိုင်ယန်မြူးနစ်အသင်း တာဝန်ရှိသူများသည် ၎င်းတို့ အလိုရှိသည့် နည်းပြများကို ခန့်အပ်နိုင်ခြင်းမရှိသောကြောင့် တူဟယ်လ်ကိုပင် ဆက်လက်တာဝန်ပေးသွားရန် ဆွေးနွေးမှုများပြုလုပ်နေကြောင်း သိရသည်။ 

ဘိုင်ယန်မြူးနစ်အသင်းသည် တူဟယ်လ်လက်ထက် ရုန်းကန်နေရသော်လည်း ၎င်းကို အသင်းနည်းပြအဖြစ် ခန့်ထားရန် စီစဉ်နေခြင်းဖြစ်သည်။ 

ဘိုင်ယန်မြူးနစ်အသင်းသည် တူဟယ်လ်ကို ၂၀၂၆ ခုနှစ်အထိ စာချုပ်ချုပ်ဆိုဖွယ်ရှိကြောင်း ဂျာမန်မီဒီယာများက ဖော်ပြနေကြသည်။ 

ဘိုင်ယန်မြူးနစ်အသင်းသည် ယခုရာသီတွင် (၁၁) နှစ်ဆက်တိုက် ဗိုလ်စွဲခဲ့သည့် ဘွန်ဒစ်လီဂါချန်ပီယံဆုကိုပင် လက်လွှတ်ခဲ့ရသည်။

Most Read

Most Recent