ဘင်ဖီကာလူငယ်ကွင်းလယ်ကစားသမား ဂျော်အိုနေးဗက်စ်ကို ကမ်းလှမ်းရန် မန်ယူအသင်း အသင့်ရှိနေ

ဘင်ဖီကာလူငယ်ကွင်းလယ်ကစားသမား ဂျော်အိုနေးဗက်စ်ကို ကမ်းလှမ်းရန် မန်ယူအသင်း အသင့်ရှိနေ
Photo : Getty Images
Photo : Getty Images
Published 4 April 2024

မန်ယူအသင်းသည် ဘင်ဖီကာအသင်းမှ ပေါ်တူဂီလူငယ်ကွင်းလယ်ကစားသမား ဂျော်အိုနေးဗက်စ်ကို ကမ်းလှမ်းရန် အသင့်ရှိနေကြောင်း သိရှိရသည်။

အသက် (၁၉)နှစ်အရွယ်ရှိ ဂျော်အိုနေးဗက်စ်သည် ယခုရာသီတွင် ဘင်ဖီကာအသင်းနှင့်အတူ တောက်ပလာသည့် ကြယ်ပွင့်ကစားသမားတစ်ဦးဖြစ်သည်။

ဂျော်အိုနေးဗက်စ်သည် ယခုရာသီတွင် ဘင်ဖီကာအသင်းအတွက် ပြိုင်ပွဲစုံ (၄၇) ပွဲအထိ ပါဝင်ကစားပေးထားပြီး ကိုယ်တိုင် (၃) ဂိုးသွင်းကာ ဂိုးဖန်တီးမှု (၂) ကြိမ် ပြုလုပ်ပေးထားသည်။

ယခုရာသီတွင် ဘင်ဖီကာအသင်းအတွက် ခြေစွမ်းပြနိုင်ခြင်းကြောင့် ဂျော်အိုနေးဗက်စ်ကို ခေါ်ယူရန် ဥရောပထိပ်တန်းအသင်းများစွာက စိတ်ဝင်စားနေကြကြောင်း သိရှိရသည်။

ဂျော်အိုနေးဗက်စ်သည် ဘင်ဖီကာအသင်းနှင့် ၂၀၂၈ ခုနှစ်အထိ စာချုပ်သက်တမ်း ရှိနေပြီး ၎င်း၏စာချုပ်လျော်ကြေးမှာ ယူရိုသန်း (၁၂၀) ဖြစ်ကြောင်း သိရှိရသည်။ သို့သော် မန်ယူအသင်းသည် ဂျော်အိုနေးဗက်စ်ကို ယူရိုသန်း (၁၀၀) ဖြင့် စတင်ကမ်းလှမ်းသွားရန် အသင့်ရှိနေကြောင်း ပေါ်တူဂီသတင်းစာ Record က ဖော်ပြခဲ့သည်။

မန်ယူအသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်က ဂျော်အိုနေးဗက်စ်သည် မန်ယူအသင်းတွင် ကစားရန်အသင့်ဖြစ်နေပြီဖြစ်ကြောင်း၊ ၎င်းနှင့် မန်ယူအသင်းတွင် တွဲဖက်ကစားလိုကြောင်း ထုတ်ဖော်ပြောကြားထားသည်။

Most Read

Most Recent