ကွန်းဖရန့်လိဂ် (၁၆)သင်းအဆင့်ဒုတိယအကျော့ ပွဲကြိုသုံးသပ်ချက်

ကွန်းဖရန့်လိဂ် (၁၆)သင်းအဆင့်ဒုတိယအကျော့ ပွဲကြိုသုံးသပ်ချက်
Photo: Getty Images
Photo: Getty Images
Published 14 March 2024

ဖီနာဘာချီ နှင့် ဆန်လွိုက်ဆီ (မြန်မာစံတော်ချိန် ကြာသပတေးည ၁၂း၁၅ နာရီ)

ဖီနာဘာချီအသင်းရဲ့လူစာရင်းက ဒီရာသီမှာ အတော်လေးတောင့်တင်းနေတယ်။ ဖရက်ဒ်၊ တာဒစ်၊ ဂျက်ကို၊ ဘတ်ရှူအာယီ၊ အွန်ဒါ၊ ဆိုယွန်ဂျူတို့ရှိနေတဲ့ လူစာရင်းက ကွန်းဖရန့်လိဂ်ချန်ပီယံဆုကို မျှော်မှန်းနိုင်လောက်တဲ့ အင်အားပါပဲ။ ပထမအကျော့မှာလည်း (၃)ဂိုးပြတ် အနိုင်ရထားလို့ ဖီနာဘာချီအတွက် ဖိအားလုံးဝမရှိတော့ဘူး။ ဒါပေမဲ့ အိမ်ကွင်းမှာတော့ ဖီနာဘာချီ အနိုင်ထပ်ယူလိမ့်မယ်။

ဖီအိုရင်တီးနား နှင့် မက္ကာဘီဟိုင်ဖာ (မြန်မာစံတော်ချိန် ကြာသပတေးည ၁၂း၁၅ နာရီ)

ကြားကွင်းမှာကစားခဲ့တဲ့ ပထမအကျော့မှာ ဖီအိုရင်တီးနားအသင်း ကစားသမားတစ်ယောက် အသာရမှ အနိုင်ဂိုးသွင်းနိုင်ခဲ့တာဖြစ်တယ်။ ရိုးမား၊ အတ္တလန်တာအသင်းတို့နဲ့ စီးရီးအေ ပွဲကျပ်တွေကြားမှာ ကစားရတာဖြစ်လို့ ဖီအိုရင်တီးနားအသင်း ပွဲထွက်လူစာရင်းက အပြောင်းအလဲတချို့တော့ ရှိလာနိုင်တယ်။ ပထမပွဲတုန်းက မက္ကာဘီဟိုင်ဖာအသင်းရဲ့ခြေစွမ်းကတော့ အသိအမှတ်ပြုရပါလိမ့်မယ်။ မက္ကာဘီဟိုင်ဖာအသင်း ဖောင်ဖျက်ကစားမှာဖြစ်ပေမဲ့ ဖီအိုရင်တီးနားက ထိန်းထိန်းသိမ်းသိမ်း ကစားနိုင်စွမ်းရှိပါတယ်။ ဖီအိုရင်တီးနား နိုင်ပွဲထပ်ယူနိုင်ရင်တောင် ဂိုးမပြတ်ဘူး။

အက်စတွန်ဗီလာ နှင့် အေဂျက်စ် (မြန်မာစံတော်ချိန် သောကြာနံနက် ၂း၃၀ နာရီ)

နယ်သာလန်မြေမှာကစားတဲ့ ပထမအကျော့မှာတော့ နှစ်သင်းအကြား ခြားနာချက်မရှိခဲ့ဘူး။ ဗီလာနည်းပြ အူနိုင်းအမ်မရီကတော့ သူ့ရဲ့အသင်း ကောင်းကောင်းမကစားနိုင်ခဲ့ပေမဲ့ ပွဲရလဒ်ကို ကျေနပ်တယ်လို့ ဝန်ခံခဲ့တယ်။ ဒီပွဲရော အမ်မ ရီ ဘယ်လိုပြင်ဆင်လာမလဲ စိတ်ဝင်စားစရာတော့ ကောင်းပါတယ်။ နောက်ဆုံးပွဲမှာ စပါးအသင်းကို အရေးနိမ့်ခဲ့တာက ဗီလာအဖို့ ဒီပွဲအပေါ် သက်ရောက်မှုရှိနိုင်ပေမဲ့ အမ်မရီက ဒီအခြေအနေကို ပြောင်းလဲနိုင်စွမ်း ရှိပါတယ်။ ဗီလာအသင်းအနိုင်ကစားဖို့များပေမဲ့ ဂိုးပြတ်ဖို့တော့ ရာခိုင်နှုန်းနည်းလို့ အေဂျက်စ်နဲ့ စွန့်စားချင်တယ်။

ကလပ်ဘရုဂေး နှင့် မိုလ်ဒီ (မြန်မာစံတော်ချိန် သောကြာနံနက် ၂း၃၀ နာရီ)

ပထမအကျော့ (၂-၁)ဂိုးရလဒ်က မိုလ်ဒီအသင်းရဲ့ကွာတားတက်ခွင့်အတွက် အာမခံချက်မရှိပါဘူး။ ကလပ်ဘရုဂေးက မိုလ်ဒီထက် အစဉ်အလာသာပေမဲ့ ဂိုးပြတ်ဖို့ခက်လို့ မိုလ်ဒီကို ကြိုက်တယ်။

လိုင်လီ နှင့် စတမ်းဂရက်ဇ် (မြန်မာစံတော်ချိန် သောကြာနံနက် ၂း၃၀ နာရီ)

လိုင်လီအသင်း ပထမအကျော့ အဝေးကွင်းမှာ (၃-၀)ဂိုး နဲ့ အနိုင်ရထားတဲ့ရလဒ်က ကွာတားတစ်နေရာအတွက် သေချာသွားခဲ့ပါပြီ။ စတမ်းဂရက်ဇ်အနေနဲ့ ပထမပွဲရလဒ်ကို ပြန်ပြောင်းနိုင်စွမ်း မရှိချိန်မှာ အခုပွဲကို အားထည့်ကစားဖို့လည်း မရှိတော့ဘူးထင်တယ်။ လိုင်လီအသင်း အိမ်ကွင်းမှာလည်း ဂိုးပြတ်ထပ်အနိုင်ယူဖို့များတယ်။

Most Read

Most Recent