လာလီဂါ ပွဲစဉ် (၂၉) ပွဲကြိုသုံးသပ်ချက်

လာလီဂါ ပွဲစဉ် (၂၉) ပွဲကြိုသုံးသပ်ချက်
Photo: Getty Images
Photo: Getty Images
Published 16 March 2024

 

■ ဆီဗီလာ - ဆယ်လ်တာဗီဂို (မြန်မာစံတော်ချိန် ည ရး၃၀)

(၂)သင်းစလုံး တန်းဆင်းအန္တရာယ်ကလွတ်အောင် ရုန်းနေကြရသေးတယ်။ ဒါပေမဲ့ ဆယ်လ်တာရဲ့ အဝေးကွင်းခြေစွမ်းနဲ့ ဆီဗီလာကို ယှဉ်ဖို့ ခက်ပါတယ်။ ဆီဗီလာနဲ့ ဂိုးအနည်းကိုရွေးချင်တယ်။    

■ လက်စ်ပါမားစ် - အယ်မယ်ရီယာ (မြန်မာစံတော်ချိန် ည ၉း၄၅)

အယ်မယ်ရီယာနဲ့ပွဲဆို ရွေးချယ်ရတာ လွယ်သလိုတောင် ဖြစ်နေပြီ။ အခုလည်း အယ်မယ်ရီယာအနေနဲ့ အနိုင်ထက်သရေ ယူနိုင်မလားဆိုတာကိုပဲ စောင့်ကြည့်ရမယ်။ လက်စ်ပါမားစ်ကလည်း နောက်ဆုံး(၄)ပွဲဆက် နိုင်ပွဲပျောက်နေတယ်။ ဂိုးအနေနဲ့ သရေပွဲလို့ပဲ မှန်းထားချင်တယ်။

■ ဗီလာရီးယဲလ် - ဗလင်စီယာ (မြန်မာစံတော်ချိန် ည ၉း၄၅)

ဗီလာရီးယဲလ်အသင်းက နည်းပြ မာဆယ်လီနိုနဲ့အတူ လမ်းကြောင်းမှန်ပေါ် ပြန်ရောက်လာပါပြီ။ ဒီပွဲကလည်း ဗလင်စီယာဒါဘီပွဲဆိုတော့ ဗီလာရီးယဲလ်ဘက်က အရှိန်ပြန်လျော့သွားဖို့မရှိဘူး။ ဗလင်စီယာက အဝေးကွင်းဆိုရင် အားနည်းချက်တွေများပြီး ခြေစွမ်းတည်ငြိမ်ဖို့ ရုန်းကန်ရလေ့ရှိတဲ့ အသင်းပါ။ ဒီလိုပုံစံမျိုးနဲ့တော့ ဗီလာရီးယဲလ်ကွင်းက ဗလင်စီယာအတွက် ဘယ်လိုမှ လွယ်ကူမှာမဟုတ်ဘူး။ ဗီလာရီးယဲလ်နဲ့ ဂိုးအများကို ရွေးထားချင်တယ်။

■ ဗယ်လက်ကာနို - ဘက်တစ် (မြန်မာစံတော်ချိန် ည ၁၂းဝ၀)

ဗယ်လက်ကာနိုက တန်းဆင်းအန္တရာယ်နဲ့ နီးလာလို့ အ မှတ်ပြန်ရှာရမယ့်အချိန် ရောက်လာပါပြီ။ ကစားပုံအားနည်းနေပေမဲ့ အိမ်ကွင်းဆိုရင်တော့ သူတို့ရဲ့ အားထုတ်မှုက ကောင်းတတ်ပါတယ်။ ဘက်တစ်ကလည်း အဝေးကွင်းဆို ထိန်းကစားတတ်တဲ့ အသင်းဆိုတော့ သရေကျဖို့များတဲ့ပွဲလို့ ထင်မိတယ်။ ဂိုးနည်းနိုင်တယ်။

■ အက်သလက်တီကို - ဘာစီလိုနာ (မြန်မာစံတော်ချိန် နံနက် ၂း၃၀)

အက်သလက်တီကိုကွင်းမှာတော့ ဘာစီလိုနာအခက် ကြုံနိုင်တဲ့ ပွဲမျိုးဖြစ်နေတယ်။ အသင်းကလည်း ဒဏ်ရာပြဿနာတွေကြောင့် ကွင်းလယ်ပိုင်း  အားလျော့နေတဲ့အပြင် လူငယ်တွေကိုပဲ ဦးစားပေးပွဲထုတ်ဖို့ရှိနေလို့ အက်သလက်တီကိုရဲ့ အိမ်ကွင်းမှာကျောမှုနဲ့ ဖိအားအောက်မှာ ဘာစီလိုနာအသင်း ရုန်းကန်ရဖို့များနေတယ်။ (၂)သင်းစလုံး ချန်ပီယံလိဂ်အဆုံးအဖြတ်ပွဲတွေ ကစားထားရလို့ ပွဲပန်းနေနိုင်တာချင်းအတူတူ အက်သလက်တီကိုက အိမ်ရှင်အခွင့်အရေးရထားတဲ့အပြင် အိမ်ကွင်းဆိုရင် ကစားပုံငြိမ်ပြီး ဂိုးပါမြူးတတ်တာကြောင့် ဘာစီိလိုနာရဲ့ ခပ်လျော့လျော့ကွင်းလယ်နဲ့ ခံစစ်က ဒီပွဲမှာ အလုပ်များဦးမှာ သေချာပါတယ်။ ဘာစီလိုနာနိုင်ဖို့ မလွယ်တဲ့ပွဲမျိုးလို့ ထင်မိတယ်။ အက်သလက်တီကိုနဲ့ ဂိုးအများကို ရွေးချယ်ထားချင်တယ်။