တောင်တရုတ်ပင်လယ်တွင် အမေရိကန်၊ သြစတြေးလျနှင့် ဖိလစ်ပိုင်တို့၏ စစ်ရေးလေ့ကျင့်မှုအတွင်း သင်္ဘောတစ်စင်းကို ပစ်ခတ်နှစ်မြှုပ်ခဲ့

တောင်တရုတ်ပင်လယ်တွင် အမေရိကန်၊ သြစတြေးလျနှင့် ဖိလစ်ပိုင်တို့၏ စစ်ရေးလေ့ကျင့်မှုအတွင်း သင်္ဘောတစ်စင်းကို ပစ်ခတ်နှစ်မြှုပ်ခဲ့
မေ ၈ ရက်က ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်း အီလိုကို့စ် နော်တီပြည်နယ်၊ လာအိုအန်မြို့တွင်ပြုလုပ်သည့် ပူးတွဲစစ်ရေးလေ့ကျင့်မှုများအတွင်း ဖိလစ်ပိုင်စစ်သားများက ATMos ၁၅၀ မမ ဟောင်ဝဇ္ဇာများကို ပစ်ခတ်နေစဉ်(Photo:AP)
မေ ၈ ရက်က ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်း အီလိုကို့စ် နော်တီပြည်နယ်၊ လာအိုအန်မြို့တွင်ပြုလုပ်သည့် ပူးတွဲစစ်ရေးလေ့ကျင့်မှုများအတွင်း ဖိလစ်ပိုင်စစ်သားများက ATMos ၁၅၀ မမ ဟောင်ဝဇ္ဇာများကို ပစ်ခတ်နေစဉ်(Photo:AP)
Published 8 May 2024

နယ်နိမိတ်ပိုင်ဆိုင်မှု အငြင်းပွားနေသည့် တောင်တရုတ်ပင်လယ်တွင် အမေရိကန်၊ သြစတြေးလျနှင့် ဖိလစ်ပိုင်တို့၏ စစ်ရေး လေ့ကျင့်မှုများအတွင်း မေ ၈ ရက်က ပစ်မှတ်ကို တိကျစွာတိုက်ခိုင်နိုင်သည့် ဒုံးကျည်များ၊ လက်နက်ကြီးများနှင့် လေကြောင်းတိုက်ခိုက် မှုများဖြင့် သင်္ဘောတစ်စင်းကို ပစ်ခတ်နှစ်မြှုပ်ခဲ့သည်။

အဆိုပါစစ်ရေးလေ့ကျင့်မှုများကို နိုင်ငံအချို့မှ စစ်ဘက်ဆိုင်ရာ အရာရှိများ၊ သံတ မန်များနှင့် ဂျာနယ်လစ်များက ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ် ဂျူနီယာ၏ မွေးရပ်ပြည်နယ်ဖြစ်သည့် အီလိုကို့စ် နော်တီပြည်နယ်၊ လာအိုအန်မြို့ရှိ တောင်ကုန်းတစ်ခုပေါ်မှ တစ်ဆင့် ကြည့်ရှုခဲ့ကြသည်။

အမေရိကန်နှင့် ဖိလစ်ပိုင်နိုင်ငံများမှ စစ်မှုထမ်း ၁၆၀၀၀ ကျော်နှင့် ရာနှင့်ချီသည့် သြစတြေးလျစစ်သားများ၊ နိုင်ငံပေါင်း  ၁၄ နိုင်ငံမှ စစ်ရေးလေ့လာသူများသည် နှစ်စဉ် ကျင်းပနေကျဖြစ်သည့် Balikatan အမည်ရှိ စစ်ရေးလေ့ကျင့်မှုများအတွင်း ပါဝင်ခဲ့ကြသည်။

အဆိုပါစစ်ရေးလေ့ကျင့်မှုများကို ဧပြီ ၂၂ ရက်ကစတင်ခဲ့ပြီး မေ ၁၀ ရက်တွင် အဆုံးသတ်မည်ဖြစ်သည်။

ထိုစစ်ရေးလေ့ကျင့်မှုသည် အမေရိကန် နှင့် ဖိလစ်ပိုင်အကြား ၁၉၅၉ ပြည့်နှစ်ကာလများက စတင်ခဲ့သည့် ကာကွယ်ရေး မဟာမိတ် သဘောတူစာချုပ်ကို မြှင့်တင်နေသည့် အချက်ကို ပြသရာရောက်ခဲ့သည်။

တောင်တရုတ်ပင်လယ်တွင် တရုတ်၏ မြင့်တက်လာသည့် ရန်လိုသည့်လှုပ်ရှားမှုများ ကို အထူးစိုးရိမ်နေရချိန်တွင် ဖိလစ်ပိုင်သမ္မတ မားကို့စ်က ဆယ်စုနှစ်များစွာကြာ ကျင့်သုံးခဲ့သည့် ပြည်တွင်းသောင်းကျန်းသူ နှိမ်နင်းသည့် စစ်ဆင်ရေးမှ ပြည်ပကာကွယ်ရေးပူး ပေါင်းဆောင်ရွက်မှုကို ပြောင်းလဲအာရုံစိုက်ရန် စစ်တပ်ကို ညွှန်ကြားခဲ့သည်။

မားကို့စ်၏ ထိုမဟာဗျူဟာ အပြောင်းအလဲသည် အင်ဒို-ပစိဖိတ်ဒေသတွင် တရုတ်ကို တန်ပြန်ရန် မဟာမိတ်အင်အားစုကို ပိုမိုခိုင်မာစေရန် လုပ်ဆောင်နေသည့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် ၎င်း၏ အစိုးရအ ဖွဲ့၏ အားထုတ်ကြိုးပမ်းမှုများနှင့်လည်း အချိန်ကိုက် ဖြစ်ခဲ့သည်။

တရုတ်၏ ရေတပ်နှင့် ကမ်းခြေစောင့်တပ်ဖွဲ့သင်္ဘောများသည် ဖိလစ်ပိုင်နှင့်ပိုင်ဆိုင်မှု အငြင်းပွားနေသည့် တောင်တရုတ်ပင်လယ်အတွင်းရှိ သောင်ခုံများအနီးတွင် ဖိလစ်ပိုင်သင်္ဘောများကို အင်အားပြင်းသည့် မီးသတ်ပိုက်များ၊ စစ်ဘက်သုံးအဆင့် လေဆာရောင်ခြည်များအသုံးပြုခြင်း၊ သင်္ဘောလမ်းကြောင်းများကို ပိတ်ဆို့မှုများပြုလုပ်ခြင်းဖြင့် မကြာခဏနှောင့်ယှက်နေမှုကြောင့် ဖိလစ်ပိုင်ကို ဒေါသထွက်စေခဲ့သည်။

ထိုလုပ်ဆောင်မှုများကြောင့် ဖိလစ်ပိုင်ရေတပ်စစ်မှုထမ်း အချို့ဒဏ်ရာရခဲ့ကာ ထောက်ပို့သင်္ဘောများ ထိခိုက်ပျက်စီးခဲ့သည်။

“ကျွန်တော်တို့ ဖိအားပေးခံနေရပါတယ်။ တရုတ်ရဲ့ အဲဒီလို အနိုင်ကျင့်မှုတွေကို ပြန်လည်တွန်းလှန်ဖို့ ဘတ်ဂျက်မရှိပါဘူး။  ကျွန်တော်တို့ဟာ အမေရိကန်နဲ့ အမေရိကန်ကို ယုုံကြည်တဲ့နိုင်ငံတွေနဲ့ မဟာမိတ်ဖွဲ့ခဲ့ရပါတယ်”ဟု အမေရိကန်ဆိုင်ရာ ဖိလစ်ပိုင်သံအမတ် ဟိုဆေးရိုမြူယယ်ဒက်ဇ်က အေ ပီသတင်းဌာနကို ပြောကြားခဲ့သည်။

တရုတ်ကမူ ဖိလစ်ပိုင်သည် ၎င်းတို့က ရေပြင်နယ်နိမိတ်များအတွင်းသို့ ဝင်ရောက်ပြီး အငြင်းပွားဖွယ်ရေပြင်များတွင် ရန်လိုသည့် လှုပ်ရှားမှုများ လုပ်ဆောင်ခဲ့ကြောင်း စွပ်စွဲခဲ့သည်။          Ref:AP

Most Read

Most Recent