စင်ကာပူအလံတင်ထားသော ကုန်သင်္ဘောက မြစ်ကူးတံတားကို ဝင်တိုက်မိသဖြင့် အမေရိကန်နိုင်ငံ ဘာတီမိုးမြို့တွင် လူများ၊ ကားများ မြစ်ထဲထိုးကျကာ ကယ်ဆယ်ရေးဆောင်ရွက်နေ

စင်ကာပူအလံတင်ထားသော ကုန်သင်္ဘောက မြစ်ကူးတံတားကို ဝင်တိုက်မိသဖြင့် အမေရိကန်နိုင်ငံ ဘာတီမိုးမြို့တွင် လူများ၊ ကားများ မြစ်ထဲထိုးကျကာ ကယ်ဆယ်ရေးဆောင်ရွက်နေ
■Photo Credit: AFP
■Photo Credit: AFP
Published 26 March 2024

စင်ကာပူအလံတင်ထားသော ကုန်သင်္ဘောက ဝင်တိုက်ခဲ့ခြင်းကြောင့် မတ် ၂၆ ရက်တွင် အမေရိကန်မြို့ ဘာတီမိုးက မြစ်ကူးတံတား ကြီးတစ်စင်းပြိုကျခဲ့ရာတံတား အောက်သို့ကားများနှင့်လူ ၂၀ ထိုးကျသွားခဲ့သည်။

လက်ရှိအချိန်ထိ အသက်ရှင်သူနှစ်ဦးကို ကယ်တင်ထားရာတစ်ဦးမှာ အလွန်စိုးရိမ်ရသည်ဟု ကယ်ဆယ်ရေးသမားများက ပြောကြားသည်။

မယ်ရီလန်းပြည်နယ် ဘာတီမိုးမြို့ရှိ ဖရန်ဆစ်စကော့ကီးတံတားကို သင်္ဘောကဝင်တိုက်ခဲ့ပြီးနောက် တံတားခန်းဖွင့်များ မြစ်ထဲပြိုကျနေသည်ကို တွေ့ရသည်။

တံတားသည် ပုံပျက်ပန်းပျက် အပိုင်းလိုက် ပြုတ်ကျသွားစဉ် ကားများဆီမှမီးများကို ကားလမ်းပေါ်တွင် မြင်ရသည်။ ထို့အပြင်ကျယ်လောင်ခြင်းမရှိသော ပေါက်ကွဲသံများကိုလည်း ကြားရသည်ဟု ဆိုသည်။

“လူ ၂၀ ဟာ အခုချိန်မှာ ပါတက်စကို မြစ်ထဲကျသွားတဲ့အပြင် ကားတွေလဲမြစ်ထဲမှာပါ”ဟု ဘာတီမိုး မီးသတ်ဌာနက ကယ်ဗင်ကတ်ရိုက်က CNN ကို ပြောသည်။

“ဒါကြောင့် ကျွန်တော်တို့ဟာ ဌာနပေါင်းစုံပါဝင်တဲ့ ကယ်ဆယ်ရေးကိုလုပ်ဆောင်နေရပါတယ်”ဟု ၎င်းက ပြောသည်။

မတ် ၂၆ ရက် ဒေသစံတော်ချိန် နံနက် ၅ နာရီ ၃၀ မိနစ်ဝန်းကျင်တွင် ဖြစ်ပွားသည့် မတော်တဖြစ်ရပ်အတွက် ကြီးမားသည့် ကယ်ဆယ်ရေးကို လုပ်ဆောင်နေရပြီး ပထမဆုံးရောက်လာသည့် ကယ်ဆယ်ရေးကားများ  ကမ်းခြေတွင် ပြည့်နေသည်ဟု ဆိုသည်။

ရေငုပ်သမားများသည် အသက်ရှင်သူများကို ရေထဲတွင် ရှာဖွေလျက်ရှိသည်ဟု ကတ်ရိုက်က ပြောကြားသည်။

ရေ၏အပူချိန်သည် ၈ ဒသမ ၈ ဒီဂရီဆဲ လ်စီယပ်ဝန်းကျင်တွင်ရှိနေသောကြောင့် ရှာဖွေ၊ ကယ်ဆယ်ရေးလုပ်ငန်းများကို ရှုပ်ထွေးစေသည်ဟု CNN သတင်းဌာနက ဖော်ပြခဲ့ပြီး ရေထဲကျသွားသူများ၏ အသက်ရှင်ခွင့်သည် နည်းပါးနေသည်ဟုဆိုသည်။

သင်္ဘောသည် ဆိပ်ကမ်းမှ ထွက်ခွာလာပြီးနောက် သင်္ဘော၏တွန်းကန်မောင်းနှင် မှုစနစ်ပျက်သွားသည်ဟု လုံခြုံရေးအဆင့် သတ်မှတ်မထားသော အမေရိကန်ထောက်လှမ်းရေးသတင်းများကို ABC သတင်းဌာနက ကိုးကားဖော်ပြခဲ့သည်။

“သင်္ဘောကို ထိန်းလို့မရတဲ့အကြောင်းသူတို့က မယ်ရီလန်း သယ်ယူပို့ဆောင်ရေးဌာနကို သတင်းပို့ခဲ့ပါတယ်။ သင်္ဘောဟာ တံတားနဲ့တိုက်မိနိုင်တယ်လို့လည်း အကြောင်းကြားခဲ့ပါတယ်”ဟု ABC သတင်းဌာနက ဖော်ပြခဲ့သည်။

Ref: CAN,CNN

 

Most Read

Most Recent